What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 November 2022 14:01

ခေါင်းတစ်ခြမ်းကိုက်ခြင်း လက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်း လက္ခဏာများ Google

နားထင်ရှိ အကြောတင်းပြီးဖောင်းလာတာ ၊ မျက်လုံး နဲ့ ဦးခေါင်း နီပြီး ပူထူလာတာ ၊ ဆူညံသံ ၊ စူးရှသော အလင်းများအပေါ် အာရုံခံမှု မြင့်မားလာတာ၊ ခေါင်းစ်ခြမ်း မနေနိုင်အောင်နာကျင်တာ၊ ပျို့အန်လာတာ၊ အမြင်အာရုံဝေဝါးလာတာ၊ မောပန်းလာတာ၊ ‌ဒေါသထွက်လွယ်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဘာကြောင့်ဖြစ်ပေါ်လာရတယ်ဆိုတာ ပြောဖို့တော့ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ဓာတ်မတည့်သော ဓာတ်တုပစ္စည်းများ ရှူချမိတာ၊ ဆေးလိပ်၊ အရက် အလွန်သောက်သုံးတာ၊ နေပူချိန်မြင့်သောနေရာများတွင် သွားလာလှုပ်ရှားတာ၊ ဓာတ်မတည့်သော အစားအစာများ စားတာ၊ အအီအစိမ့်များစားတာ၊ ရာသီဥတုကြောင့်ဖြစ်တာ၊ စိတ်ဖိစီမှုများတာ ၊ ခန္ဓာကိုယ်တွင်းအပူအေး မမျှတာ၊ သွေးကြောများ ချို့ယွင်းတာ၊ အာရုံကြောများ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။ 

 

 

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကုသနည်း

ခေါင်းတစ်ကိုက်ခြင်းက လုံးဝပျောက်ကွယ်သွားတဲ့ ဝေဒနာတစ်ခုတော့မဟုတ်ပါ ခဏတာ ပျောက်ကင်းပြီး ပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။ ကိုက်တစ်ခြမ်းကိုက်ခြင်းကို နှိပ်နယ်ပေးတာ ၊ အကိုက်ခဲပျောက်ဆေးသောက်တာ ၊ လိမ်းဆေးများလိမ်းတာ ၊ သံပုရာရည်ဖျော်ရည် သောက်သုံးတာ၊ အရိပ်အောက်တွင်နေထိုင်ပြီး အနားယူတာ များပြုလုပ်ခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ ကိုသက်သာစေနိုင်ပါတယ် ။ လိုအပ်ရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

 

Written By Health Products Directory

Read times Last modified on Wednesday, 23 November 2022 14:17
Rate this item
(0 votes)