What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 August 2022 15:51

ရေကျောက်ရောဂါ၏ လက္ခဏာရပ်များ

ရေကျောက်ဆိုသည်မှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါး တို့တွင် အဖုအပိန့်ထွက်၍ varicella zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်ပါတယ်။

ရေကျောက်ဟာ မပေါက်ဘူးသူနှင့် ရေကျောက် ကာကွယ်ဆေး မထိုးထားသူတွေတို့တွင် ပို၍ကူးစက်တတ်ပါတယ်။ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက်ဖြစ်စေတတ်သလို လူကြီးများတွင် ရေယုန်ဟူ၍ဖြစ်စေတတ်သေးပါတယ်။ လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်တွေက အလွန်နာကျင်တတ်ပြီး ဆိုးရွားသော နောက်ဆက်တွဲတွေဖြစ် စေပါသည်။


ရေကျောက်ဟာ အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်သောရောဂါဖြစ်ပြီး ၁၅ နှစ်အောက်အရွယ်များတွင် ပို၍ဖြစ်တတ်ပါတယ်။ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများတွင် အဖြစ်များတတ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး ရေကျောက်ရောဂါကို ကာကွယ်နိုင်သလို၊ ရေကျောက်၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါ ကြိုတင်ကာကွယ်နိုင်ပါတယ်။

ရေကျောက်ဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၇ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပေါ်တတ်တယ်။ ကိုယ်ပူမယ်၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ ခံတွင်းပျက်ခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်ပေါ်ပြီး ၁ ရက် ၂ ရက်နှင့် အရည်ကြည်ဖုပေါ်တယ်၊ ၆ ရက်အထိ အခြားသူများကို ကူးစက်စေပါတယ်။

 

မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် အနီစက်များဖြစ်ပေါ်ခြင်း၊အနီစက်များပိုးဝင်၍ ပူစပ်နာကျင် လာခြင်း၊ခေါင်းမူးခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ ခြေလက်များတုန်ရီခြင်း၊ မူးမေ့ခြင်း၊ ချောင်းတအားဆိုးခြင်း၊ အန်ခြင်း၊ ဇက်ကြောတတ်ခြင်း၊ အဖျားကြီးခြင်း၊ ခြောက်လအောက်ကလေးများနှင့် ကိုယ်ခံအား နည်းသူများတွင် ဖြစ်ခြင်း၊ စသည်တို့ခံစားရပြီဆိုရင် နီးစပ်ရာဆရာဝန်ထံ သွားရောက်သင့်တဲ့ အခြေအနေဖြစ်နေပါပြီ။

 

ရေကျောက်သည် varicella zoster ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး တစ်ဦးကို တစ်ဦး အသက်ရှုလမ်းကြောင်းမှ တဆင့်သော်လည်းကောင်း၊ အသားချင်းထိမိ၍သော်လည်းကောင်း ကူးစက်စေနိုင်ပါသည်။

 

ရေကျောက်ပေါက်ပါက အရည်များများသောက်ပါ။ အနားယူခြင်းတို့လိုအပ်ပါတယ်။ အခြားသူများကို ရေကျောက်မကူးစေရန်အတွက် အရည်ကြည်ဖုများသက်သာသည် အထိ သီးခြားခွဲနေဖို့လိုအပ်ပါတယ်။ ဗိုင်းရပ်စ်ပျောက်ဆေးများကို ရောဂါအခြေအနေဆိုးဝါးသူ၊ ခုခံအားကျဆင်းနေသူ ( ဥပမာ- ကင်ဆာရောဂါသည်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသခံထားရသူများ) တွင်သာ အသုံးပြုသင့်သည်။

 

မိမိတွင် ရေကျောက်ပေါက်ခဲ့သည်ရှိသော် လက်ကို အချိန်မှန်မှန်သေချာစွာ ဆေးပါ။ အိပ်ယာခင်းများဝတ်ထားသော အဝတ်များကို ရေနွေး၊ဆပ်ပြာများဖြင့် လျှော်ပါ။ လက်သည်းညှပ်ပါ။ အရည်ကြည်ဖုများကုပ်မိခြင်း မှ ကာကွယ်နိုင်ပြီး ပိုးမဝင်အောင်တားဆီးပေးနိုင်တယ်။ ယားယံခြင်းသက်သာအောင် ဆေးတိုက်ခြင်း၊ ရေပတ်တိုက်ခြင်းများ ပြုလုပ်ပေးနိုင်သည်။ အဖျားကြီးခြင်း၊ နုံးခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းကြည့်လျှင် မျက်လုံးစူးခြင်း၊ အန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မူးမေ့ခြင်း စသည်တို့ဖြစ်ပြီဆိုလျှင် ဆရာဝန်နှင့် အမြန်ဆုံး ကုသသင့်ပါတယ်။

Hello Health Group

#Myanmar Health Products Guide

Read times
Rate this item
(0 votes)