What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 November 2022 15:25

DCVAX-L စမ်းသပ်ဆဲဆေးတစ်မျိုးက ဦးနှောက်ကင်ဆာလူနာများ၏ သက်တမ်းကိုမြှင့်တင်နိုင်

DCVAX-L စမ်းသပ်ဆဲဆေးတစ်မျိုးက ဦးနှောက်ကင်ဆာလူနာများ၏ သက်တမ်းကိုမြှင့်တင်နိုင် Google

ဗြိတိန်နိုင်ငံ လန်ဒန်ဘုရင့်ကောလိပ်ဆေးရုံနှင့် အခြားကမ္ဘာတစ်၀န်းဆေးရုံများ၌ စမ်းသပ်နေသော DCVAX-L ကာကွယ်ဆေးသည် ပြင်းထန်သည့်ဦးနှောက်ကင်ဆာရောဂါတစ်မျိုး ခံစားနေရသူများ၏ အသက်ရှင်ခွင့် အလားအလာကို မြှင့်တင်ပေးနိုင်ဖွယ်ရှိကြောင်း MSN သတင်း၀က်ဘ်ဆိုက်က နိုင်၀င်ဘာ ၁၉ရက်က ရေးသားတင်ပြထားသည်။

စမ်းသပ်မှုမှ ထွက်ပေါ်လာသည့်ရလဒ်များအရ Recurrent Glioblastomo ခေါ် ဦးနှောက်ကင်ဆာလူနာများ အသက်ဆက်ရှင်နိုင်မည့်ကာလကို လအတန်ကြာ သို့မဟုတ် နှစ်နှင့်ချီ၍ ဆန့်ထုတ်ပေးနိုင်ကြောင်း သိရသည်။


DCVAX-L ဆေးစမ်းသပ်မှုတွင် လူနာ ၃၀၀ ကျော် ပါဝင်ခဲ့ပြီး ရှစ်နှစ်ကြာ အချိန်ယူပြုလုပ်နေသော စမ်းသပ်မှုဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုမှ ထွက်ပေါ်လာသည့်ရလဒ်များအရ Recurrent Glioblastomo ဦးနှောက်ကင်ဆာလူနာများအတွက် အားတတ်ဖွယ် ရလဒ်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Recurrent Glioblastomo ဦးနှောက်ကင်ဆာရောဂါသည် အရွယ်ရောက်သူများ၌ ဖြစ်ပွားတတ်သည့် အပြင်းထန်ဆုံး ဦးနှောက်ကင်ဆာဖြစ်ကြောင်း သိရသည်။

 

 

 

Source: myawady

Read times Last modified on Monday, 21 November 2022 15:52
Rate this item
(0 votes)