What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 November 2022 15:08

အသည်းခြောက်ရောဂါရဲ့လက္ခဏာများ

အသည်းက ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အသည်းက ခန္ဓာကိုယ်တွင်းရှိကြီးမားသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး အစာချေစနစ်မှ ထုတ်လုပ်သော အာဟာရများကို စုပ်ယူသိုလှောင်တာ၊ ခန္ဓာကိုယ်အတွင်းရှိ အဆီများကို ချေဖျက်တာ ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို စစ်ထုတ်ပြီး ဆီးဝမ်းမှတစ်ဆင့်စွန့်ပစ်ခြင်း လုပ်ငန်းကိုလုပ်ဆောင်ရပါတယ်။

 

အသည်းခြောက်ရောဂါဆိုတာ ခန္ဓာကိုယ်အတွင်း ခုခံမှုစနစ်က အသည်းဆဲလ်များကို မှားယွင်းတိုက်ခိုက်ခြင်းကြောင့် အသည်းလုပ်ဆောင်ချက်များကို နှောက်နှေး ပျက်စီးစေခြင်းမှ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။အသည်းခြောက်ရောဂါက အသည်းတစ်ခုလုံးခြောက်သွေ့သွားတာမဟုတ်ဘဲ အသည်းတစ်စိတ်တစ်ပိုင်း (သို့) အသည်းတစ်ခြမ်းသာ ခြောက်သွေ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အသည်းခြောက်ရောဂါကို ပေါ့ဆစွာနေထိုင်ခြင်းကြောင့် အသည်းတစ်ခြမ်းခြောက်သွေ့ခြင်းမှ အသည်းတစ်ခုလုံးသို့ပြန့်နှံ ခြောက်သွေ့သွားစေနိုင်ပါတယ်။

 

ဒါကြောင့်အသည်းကျန်းမာစေဖို့ အစားအစာများကို ဂရုစိုက်ဖို့လိုသလို အသည်းပျက်စီးခြင်းကြောင့် အစာအိမ်ရောဂါ ၊ သတိမေ့ရောဂါ ၊ လိပ်ခေါင်းရောဂါစတဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်စေပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အသည်းခြောက်ရောဂါကြောင့် ကိုယ်လေးချိန်လျော့ချလာတာ ၊ အစားအသောက်ပျက်လာတာ ၊ ဆံပင်ကျွတ်လာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ ပျို့အန်တာ ၊ ကိုယ်ခံအားနည်းလာတာ၊ ခြေ လက်ဖဝါးများ သာမာထက်နီရဲလာတာ ၊ အသားရေ ဝါဖျော့ဖျော့ အရောင်ဖြစ်ပေါ်လာတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

 

Ref: YadanarPon

Read times Last modified on Thursday, 24 November 2022 15:37
Rate this item
(0 votes)