What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 October 2022 11:41

လာအိုတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂၆၀၀၀ ကျော်ရှိပြီး ၂၁ ဦးသေဆုံး

လာအိုတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၂၆၀၀၀ ကျော်ရှိပြီး ၂၁ ဦးသေဆုံး Max Lab

လာအိုနိုင်ငံ၌ ယခုနှစ် နှစ်စပိုင်းမှ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေး ရောဂါကူးစက်ခံရသူ ၂၆၈၆၇ ဦးရှိပြီး အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သည့် တစ်ရက်အတွင်း အက်တာပူ ပြည်နယ်၌ သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၄၁ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်နှင့် ပညာပေးရေး စင်တာက အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှု အများဆုံးဖြစ်ပွားသည့်ဒေသမှာ မြို့တော် ဗီယင်ကျန်းဖြစ်၍ ၁၃၅၄၄ ဦး ကူးစက်ခံခဲ့ရပြီး လောင်နမ်သာပြည်နယ်၌ ၃၈၅၅ ဦးနှင့် အက်တာပူ ပြည်နယ်၌ ၁၅၀၀ ဖြစ်ကြောင်း သိရသည်။

 

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၁ ဦးထဲတွင် အက်တာပူမှ ခြောက်ဦး၊ ဗီယင်ကျန်းမှ ငါးဦး၊ လောင်နမ်သာနှင့် ဆာရာဗန်တို့မှ သုံးဦးစီ သေဆုံးခဲ့ကြောင်း လာအို နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

MDN

Myanmar Health Prouducts Guide

Read times
Rate this item
(1 Vote)