What's New




Sunday, 12 November 2023 00:07

တောင်ကိုရီးယား ကြမ်းပိုးနှိမ်နင်းရေး ၄ ပတ်ကြာ ဆင်နွှဲမည်

တောင်ကိုရီးယား ကြမ်းပိုးနှိမ်နင်းရေး ၄ ပတ်ကြာ ဆင်နွှဲမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တောင်ကိုရီးယားသည် နိုင်ငံတွင်း ကြမ်းပိုး ကူးစက်ပျံ့နှံ့မှုအား တိုက်ဖျက်ရန်  တနိုင်ငံလုံးအနှံ့ ၄ ပတ်ကြာ စီမံချက် ဆောင်ရွက်မည်။

နိုင်ငံတစ်ဝှမ်း ကြမ်းပိုးများ ပျံ့နှံ့ပျံ့နှံ့လာမည်ကို ပြည်သူများ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် တောင်ကိုရီးယား အစိုးရက ကြမ်းပိုး ကူးစက်ပျံ့ပွားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို လေးပတ်ကြာ လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

အစီအစဉ်အရ အစိုးရက နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ကြမ်းပိုးများ ရှိနေနိုင်သည့်နေရာများကို စစ်ဆေးမည်။

 ၎င်းနေရာများစာရင်းတွင် ရေချိုးခန်းများ၊ အဆောင်များနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတို့ ပါဝင်သည်။

ကြမ်းပိုးများတွေ့ရှိပါက ချက်ချင်းပိုးသတ်ပေးမည်။

 

စက်တင်ဘာလမှ စ၍ တနိုင်ငံလုံးအနှံ့ ကြမ်းပိုး တွေ့ရှိကြောင်း အတည်ပြုခြင်း၊ သံသယရှိခြင်း အကြိမ် ၃၀ ခန့် ကြုံခဲ့ရပြီးနောက် အစိုးရက ကြမ်းပိုးနှိမ်နင်းရေး စီမံချက် စတင်ခြင်း ဖြစ်သည်။

 

ပထမဆုံး ကြုံရသည်မှာ ဒေဂူးမြို့မှ Keimyung University ၏ အဆောင်တွင် နေထိုင်သည့် ကျောင်းသားများ ကြမ်းပိုးများကိုက်ခံခဲ့ကြရခြင်း ဖြစ်သည်။ 

 

၂၀၁၄ ခုနှစ်မှ စတင်၍ ၁၀ နှစ်တာကာလအတွင်း ကျန်းမာရေးအာဏာပိုင်များထံ ကြမ်းပိုးတွေ့ရှိကြောင်း သတင်းပို့ခဲ့ခြင်း ကိုးကြိမ်သာ ရှိခဲ့သည်။ ယခုအခါ ကြမ်းပိုးများ ခပ်စိတ်စိတ်တွေ့ရှိလာသဖြင့် အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်။ 

Source: cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 12 November 2023 00:09
Rate this item
(0 votes)