What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 May 2019 17:19

သွေးဆုံးကိုင်ခြင်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း

ပြောင်းလဲမှုတစ်ခုကြောင့် မိမိတစ်ဦးတည်းသာ ရင်ဆိုင်နေရတယ်လို စိတ်ထဲမှာခံစားနေရတတ်ပြီး သွေးဆုံးကိုင်ခြင်းကို ရင်ဆိုင်ကြုံတွေ့ရသော အမျိုးသမီးများက အထီးကျန်အဖော်မဲ့နေခြင်းနှင့် မည်သူမှာ မိမိဘက်မှာမရှိဘူးလို့ခံစားနေ ရတယ်လို့တွေ့ရတတ်ပါတယ်။

သွေးဆုံးခြင်းကာလကို အမျိုးသမီးတိုင် တွေ့ကြုံရတက်ပြီး ပြောင်းလဲမရသော သဘာဝဖြစ်စဉ်တခုလို့လည်း ပြောလို့ရပါတယ်။ သွေးဆုံးကာလသည်တစ်ဦး နှင့် တစ်ဦးမတူနိုင်ပါဘူး။ အမျိုးသမီးထုအများစုသည် အသက်(၅၀) အရွယ်တွင် သွေးဆုံးကိုင်ခြင်းကိုကြုံတွေ့ရတတ်ပြီး သိသာထင်ရှားတဲ့ သွေးဆုံးကိုင်ခြင်း လက္ခဏာ တစ်ရပ်ကတော့ တစ်နှစ်ပတ်လုံး ဓမ္မတာပျောက်ဆုံးခြင်းဖြစ်ပဲ ဖြစ်ပါတယ်။

 

အမျိုးသမီးများတစ်ဦးချင်းစီ၌ ဟော်မုန်းမညီမျှခြင်းများ ဖြစ်သော လက္ခဏာများတွင်မူ ကွဲပြားခြားနားတတ်ကြပါတယ်။ အချို့အမျိုးသမီးတွေမှာ ဝေဒနာလက္ခဏာများစွာ ခံစားရခြင်းမျိုးမရှိဘဲ ၊ အချို့အမျိုးသမီးတွေမှာ အလွန် ခက်ခဲသော အချိန်ကာလနှင့် ကြုံတွေ့ရတတ်ပါတယ်။ မိမိတို့ သွေးဆုံးမည့် အချိန်၏ ပြောင်းလဲမှုကာလတစ်ခုကို ဖြတ်ကျော်ရမှာကို မှတ်သား အသိအမှတ်ပြုဖို့ လိုပါတယ်။ အမျိုးသမီးများ သွေးဆုံးကုန်သွားသည့်ကာလတွင် ရင်ဆိုင်ရသည့် လက္ခဏာများမှာလည်း ကွာခြားတတ်ကြပါတယ်။

 

ဒါတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်းနှင့် နှုံးချိခြင်း ၊ ညဖက်တွင် ပူလိုက်အေးလိုက်ဖြစ်ခြင်းမျိုးကို လနှင့်ချီ (သို့မဟုတ်) နှစ်ချီကြာဖြစ်ခြင်း ၊ နှလုံးခုန်နှုန်းမြန်ခြင်း ၊ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်း ၊ ဆံပင်ပါးခြင်း ၊ အရေပြား ခြောက်ကပ်ခြင်းနှင့် ယားယံခြင်း ၊ ပုံမှန်ထက်ချွေးထွက်ခြင်း ၊ အိပ်စက်ခြင်းဆိုင်ရာ အခက်ခဲရှိခြင်း ၊ ကိုယ်ခန္ဓာအလေးချိန်တက်လာခြင်း ၊ မိန်းကကိုယ် ခြောက်သွေ့ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုနည်းတွင် လိင်ဆက်ဆံရာ၌ နာကျင်ခြင်း ၊ မှတ်ဉာဏ်သတိလစ်ဟင်းမှုကြုံခြင်း ၊ စိတ်အပြောင်းအလဲမြန်၍ စိတ်ဓာတ်ကျခြင်း ၊ ကြွက်သားများနာကျင်ခြင်း ၊ အစာအိမ်ပြဿနာများနှင့် ဆီးအိမ်ပြဿနာဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ အထက်တွင် မဖော်ပြထားသောရောဂါလက္ခဏာများဖြစ်ပေါ်ပါက သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

 

မိမိတွင်သွေးဆုံးပြီလို့ စတင်သတိထားမိပြီးနောက် အချို့သောအမျိုးသမီးများသည် ၎င်းတို့၏သွေးဆုံးခြင်းလက္ခဏာများသည် ဆရာဝန်နှင့်တွေ့ဆုံနိုင်လောက်သည်အထိ အခြေအနေမျိုးမရှိခြင်း နှင့် ၎င်းအခြေအနေပျောက်ကင်းစေရန် ကူညီနိုင်မှုရှိမရှိသံသယဝင်တတ်ကြပါတယ်။ အထူးသဖြင့် အသက် ၅၀ ရောက်လာလျှင် နှစ်စဉ်ကျန်းမာရေး စစ်သွားသင့်ဖို့ လိုအပ်ပါတယ်။ ဓမ္မတာကုန်ဆုံးချိန်သို့ရောက်လာလျှင် နှလုံးရောဂါ ၊ ဇီဝဖြစ်စဉ်မမှန်ခြင်း ပြဿနာနှင့် အရိုးပွေရောဂါ စတဲ့ရောဂါများ ပိုမိုမြင့်မား ဖြစ်ပွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

 

အပြောင်းအလဲတစ်ခုဆီသို့ သွားနေခြင်းနှင့် အပြောင်းအလဲများမှ လာသော စိုးရိမ်ခြင်းများမှာ မိမိကိုယ်ကို ခြောက်လှန့် စေနိုင်ပါတယ်။ သို့သော် ထိုအပြောင်းအလဲတစ်ခုခြင်းစီကို ကျော်လွှားနေစဉ်တွင် မိမိကိုယ်ကို အားပေးနိုင်မှသာလျှင် မိမိသည် တဆင့်ပြီးတဆင့် ကျော်လွှားနိုင်မည်လို့ စိတ်အားတင်းထားဖို့လည်း လိုပါတယ်။

 

အစာပုံမှန်စားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ စားသုံးခြင်းသည် အရေးကြီးဆုံးနှင့် အချိန်မှန်စွာ စားသောက်ရန် အရေးကြီးလှပါတယ်။ သွေးဆုံးသည့် လက္ခဏာတွင် မိမိကိုယ်ခန္ခာ၌ ပူခြင်းအေးခြင်း ဖြစ်ပွားနေတာကြောင့် အပူနှင့်အစပ်တို့ကို ရှောင်ရှာပြီး စားသုံးသင့်ပါတယ်။ အဆင်သင့်ပြုလုပ်ထားသော အစာများကို ရှောင်ကျဉ်ပြီး အစေ့အဆန်၊ အသီးနှင့် ဟင်းသီးဟင်းရွက်များ စားသုံးသင့်ပါတယ်။

 

မိမိ၏ခန္ဓာကိုယ်ကို အေးအောင်ထားခြင်းအားဖြင့် အပူဝေဒနာခံစားချက်ကို လျော့စေနိုင်ပါတယ်။ ပေါ့ပါးသော အင်္ကျီများကိုသာ ဝတ်ဆင်ပြီး အခန်းကို ညဖက်တွင် အေးနေအောင်ထားထားရပါမည်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်း လုပ်သွားခြင်းဖြင့် မိမိခန္ဓာကိုယ်ကို သက်လုံကောင်းစေနိုင်ပါတယ်။ ဆရာဝန်နှင့် တွေ့ဆုံပြီးလျှင် မည်သည့်လေ့ကျင့်ခန်းသည် ပိုသင့်တော်ကြောင်း အကြံဉာဏ်ရယူသင့်ပါတယ်။

 

စိတ်ဖိစီးခြင်းများကို အလွယ်တကူ ဖြစ်စေနိုင်တာကြောင့် အပန်းဖြေခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း (သို့မဟုတ်) ဝါဒနာ (သို့ မဟုတ်) ငြိမ်းချမ်းမှုပေးနိုင်သော အရာတစ်ခုကို စတင်မွေးရမည်။ မိမိကိုယ်ကို အလုပ်ပို၍ ပိအောင် မလုပ်ဆောင်မိရန် ဂရုစိုက်ပြီး အနားယူခြင်းတို့ ပြုလုပ်ပေးပါ။ ညအိပ် ယာဝင်ခါနီးအချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်၍ အိပ်ယာဝင်ချိန် မှန်ဖို့ လိုပါတယ်။

 

သွေးဆုံးကာလတွင် ကော်ဖီ၊ အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ရပါမည်။ ဤကဲ့သို့သော ပြဿနာများ၌ တစ်ဦးတည်းမနေသင့်ရန် မိမိနှင့်ပြဿနာ ခြင်းတူသော သူငယ်ချင်းများဆီသို့ သွားရောက်ခြင်း ၊ မိမိ၏ချစ်ခင်မြတ်နိုးရသူထံသို့ သွားရောက် သင့်ပါတယ်။

Dr.Mayuree Thongpan, M.D

 

(Zawgyi)

----------

ေသြးဆံုးကိုင္ျခင္း ျပႆနာကို ကိုင္တြယ္ေျဖရွင္းျခင္း

 

ေျပာင္းလဲမႈတစ္ခုေၾကာင့္ မိမိတစ္ဦးတည္းသာ ရင္ဆိုင္ေနရတယ္လို စိတ္ထဲမွာခံစားေနရတတ္ျပီး ေသြးဆုံးကိုင္ျခင္းကို ရင္ဆိုင္ၾကဳံေတြ႕ရေသာ အမ်ိဳးသမီးမ်ားက အထီးက်န္အေဖာ္မဲ့ေနျခင္းႏွင့္ မည္သူမွာ မိမိဘက္မွာမရွိဘူးလို႔ခံစားေန ရတယ္လို႔ေတြ႕ရတတ္ပါတယ္။ ေသြးဆံုးျခငး္ကာလကို အမ်ိဳးသမီးတိုင္ ေတြ႕ၾကံဳရတက္ျပီး ေျပာင္းလဲမရေသာ သဘာဝျဖစ္စဥ္တခုလို႔လည္း ေျပာလို႔ရပါတယ္။ ေသြးဆံုးကာလသည္တစ္ဦး ႏွင့္ တစ္ဦးမတူႏိုင္ပါဘူး။ အမ်ိဳးသမီးထုအမ်ားစုသည္ အသက္(၅၀) အရြယ္တြင္ ေသြးဆုံးကိုင္ျခင္းကိုၾကဳံေတြ႕ရတတ္ၿပီး သိသာထင္ရွားတဲ့ ေသြးဆုံးကိုင္ျခင္း လကၡဏာ တစ္ရပ္ကေတာ့ တစ္ႏွစ္ပတ္လုံး ဓမၼတာေပ်ာက္ဆုံးျခင္းျဖစ္ပဲ ျဖစ္ပါတယ္။

 

အမ်ိဳးသမီးမ်ားတစ္ဦးခ်င္းစီ၌ ေဟာ္မုန္းမညီမၽွျခင္းမ်ား ျဖစ္ေသာ လကၡဏာမ်ားတြင္မူ ကြဲျပားျခားနားတတ္ၾကပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေဝဒနာလကၡဏာမ်ားစြာ ခံစားရျခင္းမ်ိဳးမရွိဘဲ ၊ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ အလြန္ ခက္ခဲေသာ အခ်ိန္ကာလႏွင့္ ၾကဳံေတြ႕ရတတ္ပါတယ္။ မိမိတို႔ ေသြးဆုံးမည့္ အခ်ိန္၏ ေျပာင္းလဲမႈကာလတစ္ခုကို ျဖတ္ေက်ာ္ရမွာကို မွတ္သား အသိအမွတ္ျပဳဖို႔ လိုပါတယ္။ အမ်ိဳးသမီးမ်ား ေသြးဆုံးကုန္သြားသည့္ကာလတြင္ ရင္ဆိုင္ရသည့္ လကၡဏာမ်ားမွာလည္း ကြာျခားတတ္ၾကပါတယ္။

 

ဒါေတြကေတာ့ ပင္ပန္းႏြမ္းနယ္ျခင္းႏွင့္ ႏႈံးခ်ိျခင္း ၊ ညဖက္တြင္ ပူလိုက္ေအးလိုက္ျဖစ္ျခင္းမ်ိဳးကို လႏွင့္ခ်ီ (သို႔မဟုတ္) ႏွစ္ခ်ီၾကာျဖစ္ျခင္း ၊ ႏွလုံးခုန္ႏႈန္းျမန္ျခင္း ၊ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္ပူပန္ျခင္း ၊ ဆံပင္ပါးျခင္း ၊ အေရျပား ေျခာက္ကပ္ျခင္းႏွင့္ ယားယံျခင္း ၊ ပုံမွန္ထက္ေခၽြးထြက္ျခင္း ၊ အိပ္စက္ျခင္းဆိုင္ရာ အခက္ခဲရွိျခင္း ၊ ကိုယ္ခႏၶာအေလးခ်ိန္တက္လာျခင္း ၊ မိန္းကကိုယ္ ေျခာက္ေသြ႕ျခင္းႏွင့္ လိင္ပိုင္းဆိုင္ရာ စိတ္ဝင္စားမႈနည္းတြင္ လိင္ဆက္ဆံရာ၌ နာက်င္ျခင္း ၊ မွတ္ဥာဏ္သတိလစ္ဟင္းမႈၾကဳံျခင္း ၊ စိတ္အေျပာင္းအလဲျမန္၍ စိတ္ဓာတ္က်ျခင္း ၊ ႂကြက္သားမ်ားနာက်င္ျခင္း ၊ အစာအိမ္ျပႆနာမ်ားႏွင့္ ဆီးအိမ္ျပႆနာျဖစ္ျခင္းတို႔ ျဖစ္ပါတယ္။ အထက္တြင္ မေဖာ္ျပထားေသာေရာဂါလကၡဏာမ်ားျဖစ္ေပၚပါက သင္၏ဆရာဝန္ႏွင့္တိုင္ပင္ေဆြးေႏြးပါ။

 

မိမိတြင္ေသြးဆုံးၿပီလို႔ စတင္သတိထားမိၿပီးေနာက္ အခ်ိဳ႕ေသာအမ်ိဳးသမီးမ်ားသည္ ၎တို႔၏ေသြးဆုံးျခင္းလကၡဏာမ်ားသည္ ဆရာဝန္ႏွင့္ေတြ႕ဆုံနိုင္ေလာက္သည္အထိ အေျခအေနမ်ိဳးမရွိျခင္း ႏွင့္ ၎အေျခအေနေပ်ာက္ကင္းေစရန္ ကူညီနိုင္မႈရွိမရွိသံသယဝင္တတ္ၾကပါတယ္။ အထူးသျဖင့္ အသက္ ၅၀ ေရာက္လာလၽွင္ ႏွစ္စဥ္က်န္းမာေရး စစ္သြားသင့္ဖို႔ လိုအပ္ပါတယ္။ ဓမၼတာကုန္ဆုံးခ်ိန္သို႔ေရာက္လာလၽွင္ ႏွလုံးေရာဂါ ၊ ဇီဝျဖစ္စဥ္မမွန္ျခင္း ျပႆနာႏွင့္ အရိုးေပြေရာဂါ စတဲ့ေရာဂါမ်ား ပိုမိုျမင့္မား ျဖစ္ပြားႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

 

Read More : အိပ္ေရးပ်က္ျခင္းေၾကာင့္ ႏွလံုး ႏွင့္ ေသြးလည္မႈမ်ားကို ထိခိုက္ေစႏိုင္

အိပ္ေရးပ်က္ျခင္းေၾကာင့္ ႏွလံုး ႏွင့္ ေသြးလည္မႈမ်ားကို ထိခိုက္ေစႏိုင္

 

အေျပာင္းအလဲတစ္ခုဆီသို႔ သြားေနျခင္းႏွင့္ အေျပာင္းအလဲမ်ားမွ လာေသာ စိုးရိမ္ျခင္းမ်ားမွာ မိမိကိုယ္ကို ေျခာက္လွန္႔ ေစႏိုင္ပါတယ္။ သို႔ေသာ္ ထိုအေျပာင္းအလဲတစ္ခုျခင္းစီကို ေက်ာ္လႊားေနစဥ္တြင္ မိမိကိုယ္ကို အားေပးနိုင္မွသာလွ်င္ မိမိသည္ တဆင့္ၿပီးတဆင့္ ေက်ာ္လႊားနိုင္မည္လို႔ စိတ္အားတင္းထားဖို႔လည္း လိုပါတယ္။

 

အစာပုံမွန္စားျခင္း၊ က်န္းမာေရးႏွင့္ ညီညြတ္ေသာ အစားအစာ စားသုံးျခင္းသည္ အေရးႀကီးဆုံးႏွင့္ အခ်ိန္မွန္စြာ စားေသာက္ရန္ အေရးႀကီးလွပါတယ္။ ေသြးဆုံးသည့္ လကၡဏာတြင္ မိမိကိုယ္ခႏၡာ၌ ပူျခင္းေအးျခင္း ျဖစ္ပြားေနတာေၾကာင့္ အပူႏွင့္အစပ္တို႔ကို ေရွာင္ရွာျပီး စားသံုးသင့္ပါတယ္။ အဆင္သင့္ျပဳလုပ္ထားေသာ အစာမ်ားကို ေရွာင္က်ဥ္ျပီး အေစ့အဆန္၊ အသီးႏွင့္ ဟင္းသီးဟင္းရြက္မ်ား စားသံုးသင့္ပါတယ္။

 

မိမိ၏ခႏၶာကိုယ္ကို ေအးေအာင္ထားျခင္းအားျဖင့္ အပူေဝဒနာခံစားခ်က္ကို ေလ်ာ့ေစနိုင္ပါတယ္။ ေပါ့ပါးေသာ အကၤ်ီမ်ားကိုသာ ဝတ္ဆင္ၿပီး အခန္းကို ညဖက္တြင္ ေအးေနေအာင္ထားထားရပါမည္။ ဒါ့အျပင္ ပုံမွန္ေလ့က်င့္ခန္း လုပ္သြားျခင္းျဖင့္ မိမိခႏၶာကိုယ္ကို သက္လုံေကာင္းေစႏိုင္ပါတယ္။ ဆရာဝန္ႏွင့္ ေတြ႕ဆုံၿပီးလၽွင္ မည္သည့္ေလ့က်င့္ခန္းသည္ ပိုသင့္ေတာ္ေၾကာင္း အႀကံဥာဏ္ရယူသင့္ပါတယ္။

 

စိတ္ဖိစီးျခင္းမ်ားကို အလြယ္တကူ ျဖစ္ေစႏိုင္တာေၾကာင့္ အပန္းေျဖျခင္းတို႔ကို ျပဳလုပ္သင့္ပါတယ္။ ေလ့က်င့္ခန္း (သို႔မဟုတ္) ဝါဒနာ (သို႔ မဟုတ္) ၿငိမ္းခ်မ္းမႈေပးနိုင္ေသာ အရာတစ္ခုကို စတင္ေမြးရမည္။ မိမိကိုယ္ကို အလုပ္ပို၍ ပိေအာင္ မလုပ္ေဆာင္မိရန္ ဂ႐ုစိုက္ျပီး အနားယူျခင္းတို႔ ျပဳလုပ္ေပးပါ။ ညအိပ္ ယာဝင္ခါနီးအခ်ိန္တြင္ ေလ့က်င့္ခန္းလုပ္ျခင္းကို ေရွာင္ၾကဥ္၍ အိပ္ယာဝင္ခ်ိန္ မွန္ဖို႔ လုိပါတယ္။

 

ေသြးဆံုးကာလတြင္ ေကာ္ဖီ၊ အရက္ႏွင့္ ေဆးလိပ္ေသာက္သုံးျခင္းကို ေရွာင္ရပါမည္။ ဤကဲ့သို႔ေသာ ျပႆနာမ်ား၌ တစ္ဦးတည္းမေနသင့္ရန္ မိမိႏွင့္ျပႆနာ ျခင္းတူေသာ သူငယ္ခ်င္းမ်ားဆီသို႔ သြားေရာက္ျခင္း ၊ မိမိ၏ခ်စ္ခင္ျမတ္နိုးရသူထံသို႔ သြားေရာက္ သင့္ပါတယ္။

 

Dr.Mayuree Thongpan, M.D

Read times Last modified on Saturday, 01 February 2020 16:11
Rate this item
(1 Vote)