What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 January 2018 15:31

ဝဲရောဂါ အကြောင်းသိကောင်းစရာ

ဝဲရောဂါ အကြောင်းသိကောင်းစရာ google.com

ဝဲရောဂါဆိုတာဟာ Sarcoptes scabiei  လို့ခေါ်တဲ့ ပိုးတစ်မျိုး ကူးစက်ဝင်ရောက်လို့ ဖြစ်တဲ့အရေပြားရော ဂါတစ်ခုပါ။

ဘယ်လိုနည်းတွေနဲ့ ကူးစက်ဝင်ရောက်လည်းဆိုရင် ဝဲရောဂါရှိသူနှင့် အချိန်ကြာမြင့်စွာ အတူတကွ နီးကပ်စွာ နေထိုင်ခြင်း၊ ဝဲရောဂါရှိသူနှင့် လိင်ဆက်ဆံခြင်းစတဲ့ အချိန်ကြာမြင့်စွာ အရေပြားချင်း ထိတွေ့ပါက ကူးစက်ပါတယ်။

ဒါကြောင့် အတူနေ မိသားစုထဲမှာ ဝဲရောဂါဖြစ်ပြီဆိုရင် တစ်အိမ်သားလုံး ကူးစက်ခံရနိုင်ပါတယ်။ ဒီအတွက် ဝဲ ရောဂါကို ကုသမယ်ဆိုရင် အတူနေမိသားစုကိုပါ ရောဂါလက္ခဏာရှိရှိ၊ မရှိရှိ တစ်ပြိုင်တည်းကုသပေးရပါမယ်။ ဝဲရောဂါသည် ဆင်းရဲချမ်းသာ လူတန်းစားမရွေး၊ ရာသီမရွေးဖြစ်ပွားနိုင်ပါတယ်။

ဝဲရောဂါလက္ခဏာတွေ အနေနဲ့ကတော့ အနီဖုသေးသေးလေးတွေ၊ (သို့) အနီဖုလေးတွေစုပြီး အနီပြင်တွေ (သို့) အရည်ကြည်ဖုသေးသေးလေးတွေကို အဓိကအာဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားမှာ တွေ့ရနိုင် ပါတယ်။ လက်ကောက်ဝတ်အတွင်းဖတ်၊ တံတောင်ဆစ်၊ ချိုင်းကြား၊ ရင်သားပတ်လည်၊ အမျိုးသားလိင်တံ၊ ကယ်ပယ်အိတ်၊ ပေါင်၊ တင်ပါးနဲ့ ခြေဖဝါးတွေမှာလည်း တွေ့နိုင်ပါတယ်။

ဝဲဆိုကတည်းက ယားမယ်ဆိုတာ လူတိုင်းနီးပါးသိပြီးသားဖြစ်မှာပါ။ မျက်နာကလွဲပြီး တစ်ကိုယ်လုံးအနှံ့ ဘယ်နေရာမဆို ဖြစ်ပွားနိုင်ပြီး ပြင်းထန်စွာယားယံပါတယ်။ အနီဖု၊ အနီပြင်၊ အရည်ကြည်ဖုရှိတဲ့ နေရာရော၊ မရှိတဲ့နေရာတွေပါ ယားနိုင်ပါတယ်။ လူကြားသူကြားမရှောင် ကုတ်ရလောက်အောင်ကို အင်မတန်ယားမယ်။ အထူးသဖြင့် ညဘက်တွေမှာ ယားယံခြင်းကပိုပြီး ပြင်းထန်ပါတယ်။ အရေပြားပေါ်တွင် ၂ cm မှ ၁၀ cm အရှည် ရှိအစင်းများကိုလည်း တွေ့ရနိုင်ပါတယ်။

ပိုးဝင်ရောက်ပြီး ၂ပတ်၊ နဲ့ ၆ ပတ်လောက်မှ ရောဂါလက္ခဏာပြပါတယ်။ ဝဲရောဂါကိုကုသမယ်ဆိုရင် လက်ရှိ ဖြစ်နေတဲ့သူကော၊ ထိုသူနဲ့အတူနေတဲ့ သူကောတခါတည်းတချိန်တည်း ကုသဖို့လိုပါတယ်။

5% Permethrin, Malathion, Benzyl benzoate စတဲ့ လိမ်းဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ လည်ပင်းအောက်ခြေကနေစပြီး နေရာလပ်မကျန်အောင် လိမ်းပေးကမှာပါ။ ရောဂါသက်သာသည့်အထိ အဲ့နည်းအတိုင်းလိမ်းပေးကမှာပါ။

လိမ်းဆေးလိမ်းထားစဉ်မှာ ယားတာသက်သာအောင် ဘာမီတွန်တို့ ၊ စီထရီစင်းတို့စတဲ့ ဆေးများသောက် နိင်ပါတယ်။ ကုတ်ရာကနေတဆင့် ဘက်တီးရီးယားပိုးဝင်ခဲ့ရင်တော့ ပိုးသတ်ဆေး (Antibiotics) သောက်ထား ဖို့လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဝဲရောဂါသည် နေတဲ့အိမ် (သို့) အဆောင်မှာရှိတဲ့ ခြင်ထောင်၊ စောင်၊ မျက်နာ သုတ်ပဝါ၊ အိပ်ရာခင်း၊ အဝတ်အစားစတာတွေ အားလုံးကိုလည်း ၆၀ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိတဲ့ရေနဲ့ ပြုတ်လျှော်တာတွေပါ လုပ်သင့်ပါတယ်။

Source: ondoctor

Read: အိမ်တွင်းပစ္စည်းလေးများနဲ့ ညှင်းပျောက်နည်း (၆) နည်း

Read times Last modified on Monday, 15 January 2018 16:46
Rate this item
(0 votes)