What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 January 2018 15:35

ျဖစ္တတ္ေသာအပူေလာင္နာမ်ားနွင့္ ကုသနည္းမ်ား

ျဖစ္တတ္ေသာအပူေလာင္နာမ်ားနွင့္ ကုသနည္းမ်ား google.com

အပူေလာင္နာ အမ်ားစုဟာ မိမိတို႔ေနထိုင္ရာ အိမ္နဲ႔ အလုပ္လုပ္ရာ လုပ္ငန္းခြင္မွာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။

ေရပူေလာင္တာ ၊ ဆီပူစင္တာ ၊ မီးပူ ကိုင္မိ ထိမိၿပီး အပူေလာင္နာ အေသးစားေလးေတြ အျဖစ္မ်ားပါတယ္။ အပူေလာင္နာ အမ်ိဳးအစား အမ်ားႀကီး ရွိပါတယ္။

၁။ အပူေလာင္နာ

ျဖစ္ေစတဲ့အေၾကာင္းအရင္းမ်ား -မီး ၊ေရေႏြးေငြ႕ ၊ပူေနေသာ အရာမ်ား ၊ပူေနေသာ အရည္မ်ား၊ ေရေႏြးပူေလာင္နာသည္ ကေလးအ႐ြယ္ေတြနဲ႔ အသက္ႀကီးတဲ့ လူႀကီးေတြမွာ အျဖစ္မ်ားပါတယ္။

၂။ အေအးေလာင္နာ

ျဖစ္ေစတဲ့အေၾကာင္းအရင္းမ်ား -ေအးလြန္းတဲ့ ရာသီဥတု ၊ေအးလြန္းတဲ့အရာမ်ား

၃။ လွ်ပ္စစ္ေလာင္နာ

ျဖစ္ေစတဲ့အေၾကာင္းမ်ား – လွ်ပ္စစ္နဲ႔ဆက္စပ္တဲ့ အရာမ်ားထိမိျခင္း ၊လွ်ပ္စီးမိုးႀကိဳး အပစ္ခံရျခင္း

၄။ ဓာတုပစၥည္းမ်ားေၾကာင့္ ျဖစ္တဲ့ အပူေလာင္နာ

ျဖစ္ေစတဲ့အေၾကာင္းမ်ား -အိမ္သုံး ၊စက္႐ုံသုံး ဓာတုပစၥည္မ်ားနဲ႔ ထိေတြ႕မိျခင္း

၅။ ဓာတ္ေရာင္ျခည္မ်ားေၾကာင့္ ျဖစ္တဲ့ အပူေလာင္နာ

ျဖစ္ေစတဲ့အေၾကာင္းမ်ား -ေနေရာင္ ၊ကင္ဆာကုထုံးျဖစ္တဲ့ ဓာတ္ေရာင္ျခည္ကုထုံး ဓာတ္မွန္ေရာင္ျခည္

ဘယ္အေျခအေနေတြက အေရးေပၚအေျခအေနေတြလဲဆိုေတာ့

-လွ်ပ္စီးမိုးႀကိဳး အပစ္ခံရရင္

-ဓာတ္လိုက္ခံ ရရင္

-သတိလစ္ ၊အသက္ရွဴ နဲ႔ ႏွလုံးခုန္ရပ္ရင္

-အပူေလာင္နာဆိုးရင္ (ခႏၶာကိုယ္ရဲ႕ ၄ပုံ ၁ပုံျဖစ္ရင္ ၊ေျခလက္ လုံးပတ္တစ္ခုလုံးျဖစ္ရင္)

-အပူေလာင္နာသည္ မဲတူးခ်ိတ္ရင္ ၊ ျဖဴေဖ်ာ့လြန္းရင္

ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ ျပသမလဲ

အထက္ပါအေျခအေနမ်ား အျပင္---

-အသက္ ၅ႏွစ္ေအာက္ကေလးမ်ား ၊အသက္ႀကီးတဲ့သူမ်ား

-နာတာရွည္ေရာဂါရွိသူေတြ

-ကိုယ္ခံအားနည္းေနသူေတြ

-အပူေလာင္နာက အရမ္းနာျခင္း၊

-ဒဏ္ရာက ၄၈နာရီအထိ မသက္သာ ပိုဆိုးလာျခင္း

-၂ပတ္ေလာက္အထိ အနာမက်က္ျခင္း

-မ်က္ႏွာတစ္ဝိုက္ ၊ေျခဖဝါး နဲ႔ လက္ဖဝါး ၊လိင္အဂၤါတစ္ဝိုက္ ၊ အ႐ိုးအဆစ္တစ္ဝိုက္ အပူေလာင္နာျဖစ္ျခင္း

-အရည္ၾကည္ဖုတြင္ ပိုးဝင္ေသာ လကၡဏာေတြျဖစ္တဲ့ စိမ္းဖန႔္ဖန႔္ ၊ဝါဖန႔္ဖန႔္ အရည္မ်ားေတြ႕ရျခင္း ၊အေရျပား နီျမန္းလာ ၊ေရာင္လာျခင္း---

ေဖာ္ျပပါ အေျခအေနမ်ားတြင္ ဆရာဝန္နဲ႔ အျမန္ျပသင့္တယ္။

မိမိဘာသာ ဘာလုပ္ထားႏိုင္သလဲ။

-အပူေလာင္နာျဖစ္က ပူေနတဲ့ အရာမ်ားနဲ႔ မထိေတြ႕ေအာင္ ေရွာင္ပါ။ ေရေလာင္းခ်ပါ။ ခႏၶာကိုယ္နဲ႔ အဝတ္အစား မီးစြဲေနက ေသြး႐ူးေသြးတန္းေျပးေနတာကို ရပ္ပါ ၊ေျမျပင္ေပၚလွဲခ် ၊ခႏၶာကိုယ္ကို လူးလွိမ့္ပါ။( Stop ၊ Drop ၊ Roll ) ေရေႏြးေငြ႕ ေလာင္က မိနစ္ ၂၀ခန႔္ ေရႏိုင္ႏိုင္ ေလာင္းခ်ပါ။

-အေအးေလာင္နာျဖစ္က ေအးေနတဲ့ အရာမ်ားနဲ႔ မထိေတြ႕ေအာင္ ေရွာင္ပါ။ ေႏြးေႏြးေထြးေထြးထားပါ ။ ေရခပ္ေႏြးေႏြးထဲ စိမ္ႏိုင္ပါတယ္။

-လွ်ပ္စစ္ေလာင္နာျဖစ္က လွ်ပ္စစ္ထိေတြ႕ႏိုင္တဲ့ ေနရာကေန ဖယ္ပါ။ ႏွလုံးခုန္ ၊မခုန္ အသက္ရွဴ ၊မရွဴ အျမန္စစ္ပါ။ မခုန္ ၊မရွဴက အေရးေပၚဌာနသို႔ လ်င္ျမန္စြာပို႕ေဆာင္ပါ။

-မီးေလာင္ ဒဏ္ရာကို ေရေဆးၿပီးက ပတ္တီးနဲ႔ ၂၄နာရီခန႔္ အသာအယာ ဖုံးအုပ္ပါ။

-အပူေလာင္နာျဖစ္ၿပီး ၂၄နာရီေက်ာ္က အနာကို ဆပ္ျပာနဲ႔ ေဆးေၾကာပါ။ ဘီတာဒင္း လိမ္းပါ။

-အပူေလာင္နာကို သန႔္ရွင္းလတ္ဆတ္ေသာ ရွားေစာင္းလက္ပတ္ကို ႏႊာၿပီး အုံပါ။

-ပိုးသတ္ေဆးပါ အေရျပားလိမ္းေဆးမ်ား လိမ္းပါ။

-အရည္ၾကည္ဖုကို ဒီအတိုင္းထားပါ။

-အပူေလာင္နာအေပၚ ေထာပတ္ေတြ ေရခဲေတြ မအုံရပါ။

မိမိကိုယ္ကို သတိနဲ႕ေနထုိင္ၿပီး အပူမ်ားကိုင္တြယ္ပါကလည္း သတိရွိရွိကိုင္တြယ္တတ္ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ပါ။

မူရင္းပိုစ္အား credit ေပးပါတယ္။

Unicode

အပူလောင်နာ အများစုဟာ မိမိတို့နေထိုင်ရာ အိမ်နဲ့ အလုပ်လုပ်ရာ လုပ်ငန်းခွင်မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရေပူလောင်တာ ၊ ဆီပူစင်တာ ၊ မီးပူ ကိုင်မိ ထိမိပြီး အပူလောင်နာ အသေးစားလေးတွေ အဖြစ်များပါတယ်။ အပူလောင်နာ အမျိုးအစား အများကြီး ရှိပါတယ်။
၁။ အပူလောင်နာ
ဖြစ်စေတဲ့အကြောင်းအရင်းများ -မီး ၊ရေနွေးငွေ့ ၊ပူနေသော အရာများ ၊ပူနေသော အရည်များ၊ ရေနွေးပူလောင်နာသည် ကလေးအရွယ်တွေနဲ့ အသက်ကြီးတဲ့ လူကြီးတွေမှာ အဖြစ်များပါတယ်။
၂။ အအေးလောင်နာ
ဖြစ်စေတဲ့အကြောင်းအရင်းများ -အေးလွန်းတဲ့ ရာသီဥတု ၊အေးလွန်းတဲ့အရာများ
၃။ လျှပ်စစ်လောင်နာ
ဖြစ်စေတဲ့အကြောင်းများ – လျှပ်စစ်နဲ့ဆက်စပ်တဲ့ အရာများထိမိခြင်း ၊လျှပ်စီးမိုးကြိုး အပစ်ခံရခြင်း
၄။ ဓာတုပစ္စည်းများကြောင့် ဖြစ်တဲ့ အပူလောင်နာ
ဖြစ်စေတဲ့အကြောင်းများ -အိမ်သုံး ၊စက်ရုံသုံး ဓာတုပစ္စည်များနဲ့ ထိတွေ့မိခြင်း
၅။ ဓာတ်ရောင်ခြည်များကြောင့် ဖြစ်တဲ့ အပူလောင်နာ
ဖြစ်စေတဲ့အကြောင်းများ -နေရောင် ၊ကင်ဆာကုထုံးဖြစ်တဲ့ ဓာတ်ရောင်ခြည်ကုထုံး ဓာတ်မှန်ရောင်ခြည်
ဘယ်အခြေအနေတွေက အရေးပေါ်အခြေအနေတွေလဲဆိုတော့
-လျှပ်စီးမိုးကြိုး အပစ်ခံရရင်
-ဓာတ်လိုက်ခံ ရရင်
-သတိလစ် ၊အသက်ရှူ နဲ့ နှလုံးခုန်ရပ်ရင်
-အပူလောင်နာဆိုးရင် (ခန္ဓာကိုယ်ရဲ့ ၄ပုံ ၁ပုံဖြစ်ရင် ၊ခြေလက် လုံးပတ်တစ်ခုလုံးဖြစ်ရင်)
-အပူလောင်နာသည် မဲတူးချိတ်ရင် ၊ ဖြူဖျော့လွန်းရင်
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသမလဲ
အထက်ပါအခြေအနေများ အပြင်---
-အသက် ၅နှစ်အောက်ကလေးများ ၊အသက်ကြီးတဲ့သူများ
-နာတာရှည်ရောဂါရှိသူတွေ
-ကိုယ်ခံအားနည်းနေသူတွေ
-အပူလောင်နာက အရမ်းနာခြင်း၊
-ဒဏ်ရာက ၄၈နာရီအထိ မသက်သာ ပိုဆိုးလာခြင်း
-၂ပတ်လောက်အထိ အနာမကျက်ခြင်း
-မျက်နှာတစ်ဝိုက် ၊ခြေဖဝါး နဲ့ လက်ဖဝါး ၊လိင်အင်္ဂါတစ်ဝိုက် ၊ အရိုးအဆစ်တစ်ဝိုက် အပူလောင်နာဖြစ်ခြင်း
-အရည်ကြည်ဖုတွင် ပိုးဝင်သော လက္ခဏာတွေဖြစ်တဲ့ စိမ်းဖန့်ဖန့် ၊ဝါဖန့်ဖန့် အရည်များတွေ့ရခြင်း ၊အရေပြား နီမြန်းလာ ၊ရောင်လာခြင်း---
ဖော်ပြပါ အခြေအနေများတွင် ဆရာဝန်နဲ့ အမြန်ပြသင့်တယ်။
မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ။
-အပူလောင်နာဖြစ်က ပူနေတဲ့ အရာများနဲ့ မထိတွေ့အောင် ရှောင်ပါ။ ရေလောင်းချပါ။ ခန္ဓာကိုယ်နဲ့ အဝတ်အစား မီးစွဲနေက သွေးရူးသွေးတန်းပြေးနေတာကို ရပ်ပါ ၊မြေပြင်ပေါ်လှဲချ ၊ခန္ဓာကိုယ်ကို လူးလှိမ့်ပါ။( Stop ၊ Drop ၊ Roll ) ရေနွေးငွေ့ လောင်က မိနစ် ၂၀ခန့် ရေနိုင်နိုင် လောင်းချပါ။
-အအေးလောင်နာဖြစ်က အေးနေတဲ့ အရာများနဲ့ မထိတွေ့အောင် ရှောင်ပါ။ နွေးနွေးထွေးထွေးထားပါ ။ ရေခပ်နွေးနွေးထဲ စိမ်နိုင်ပါတယ်။
-လျှပ်စစ်လောင်နာဖြစ်က လျှပ်စစ်ထိတွေ့နိုင်တဲ့ နေရာကနေ ဖယ်ပါ။ နှလုံးခုန် ၊မခုန် အသက်ရှူ ၊မရှူ အမြန်စစ်ပါ။ မခုန် ၊မရှူက အရေးပေါ်ဌာနသို့ လျင်မြန်စွာပို့ဆောင်ပါ။
-မီးလောင် ဒဏ်ရာကို ရေဆေးပြီးက ပတ်တီးနဲ့ ၂၄နာရီခန့် အသာအယာ ဖုံးအုပ်ပါ။
-အပူလောင်နာဖြစ်ပြီး ၂၄နာရီကျော်က အနာကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ဘီတာဒင်း လိမ်းပါ။
-အပူလောင်နာကို သန့်ရှင်းလတ်ဆတ်သော ရှားစောင်းလက်ပတ်ကို နွှာပြီး အုံပါ။
-ပိုးသတ်ဆေးပါ အရေပြားလိမ်းဆေးများ လိမ်းပါ။
-အရည်ကြည်ဖုကို ဒီအတိုင်းထားပါ။
-အပူလောင်နာအပေါ် ထောပတ်တွေ ရေခဲတွေ မအုံရပါ။
မိမိကိုယ်ကို သတိနဲ့နေထိုင်ပြီး အပူများကိုင်တွယ်ပါကလည်း သတိရှိရှိကိုင်တွယ်တတ်ခြင်းဖြင့် ကြိုတင်ကာကွယ်ပါ။
မူရင်းပိုစ်အား credit ပေးပါတယ်။

Read times
Rate this item
(0 votes)