What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 24 January 2018 16:18

ႏွစ္ခုလံုး မေကာင္းပါ.....

ႏွစ္ခုလံုး မေကာင္းပါ..... health products directory.com

ေဆးလိပ္ေသာက္ျခင္းဟာက်မ္းမာေရးကိုဆိုးရြားစြာထိခိုက္ေစနိင္ပါတယ္။

ဒါေၾကာင့္မလို႔ေဆးလိပ္ေသာက္ တဲ့သူေတြက ေဆးလိပ္ျဖတ္ဖို႔ႀကိဳးစားတဲ့အခါ အီးစီးကရက္ကိုအသံုးျပဳေလ့ရွိၾကပါတယ္။

အီးစီးကရက္ဆိုတာ စီးကရက္ကို ပံုမွားရိုက္ထားတဲ့ စီးကရက္အတုျဖစ္ပါတယ္။ အီးစီးကရက္လို႕ ဆိုလိုက္တာနဲ႔ လူေတာ္ေတာ္မ်ားမ်ားက ေဆးလိပ္ျဖတ္တဲ့ ပစၥည္းဆိုၿပီး ျမင္မိၾကျပီးလူငယ္ေတြၾကားမွာေရပန္းစားတဲ့ ပစၥည္းတစ္ခုျဖစ္ပါတယ္။

သူ႕ထဲက အရည္က လူေတြရႈရိွႈက္ရင္ ႀကိဳက္ေအာင္ဆြဲေဆာင္ေနပါတယ္။အီးစီးကရက္ေသာက္ၿပီး အေငြ႕ထုတ္တာကို vape လို႕ေခၚၿပီး အီးစီးကရက္ကို vape အျဖစ္လည္းလူသိမ်ားပါတယ္။

အီးစီးကရက္ဆိုတာ သူမွာပါတဲ့ နီကိုတင္းနဲ႕ အျခားဓာတုေဆးရည္ေတြ၊ ေပါင္းလုိက္ၿပီးထြက္လာတဲ့ ဓာတ္တခုပါ။ အာဒီဓာတ္ကိုသံုးမိ၊ ရႈရိႈက္မိတဲ့သူေတြသာမက ေဘးမွာေနတဲ့သူေတြရႈရွႈိက္မိရင္ ႏွလံုးေသြး ေၾကာက်ဥ္းေရာဂါ၊ ဦးေႏွာက္ေသြးေၾကာက်ဥ္းတဲ့ ေရာဂါ၊ အဆိုးဆံုးကေတာ့ ကင္ဆာျဖစ္ႏိုင္ပါတယ္။

ဒီလိုေရာဂါေတြအျပင္-----

အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား၊ ပါးစပ္ကင္ဆာ၊ အာေခါင္ကင္ဆာ၊ လွ်ာကင္ဆာ၊ လည္ ေခ်ာင္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ အသည္းကင္ဆာအျပင္ ေက်ာက္ကပ္ပ်က္စီးတာေတြပါ ျဖစ္နုိင္တယ္လို႕ တစ္ကမာၻလံုးမွာ ရွိတဲ့ အီးစီးကရက္နဲ႔ ပတ္သတ္တဲ့ေလ့လာခ်က္ေတြအရသိရပါတယ္။

ႏိုင္ငံေပါင္း ၉၀ ရဲ႕ေလ့လာခ်က္အရ အီးစီးကရက္အမ်ိဳးအစားေပါင္း ၄၀၀ ေက်ာ္ရွိၿပီး၊ အတြင္းမွာထည့္သံုးရတဲ့ အရည္မွာ နီကိုတင္းဓာတ္ပါဝင္တဲ့အရည္အမ်ိဳးအစားေပါင္း ၈၀၀၀ ေက်ာ္ရွိတယ္လို႕ ေလ့လာခ်က္ေတြအရသိရ ပါတယ္။ တခ်ိဳ႕ေဆးရည္ေတြဟာ ကင္ဆာျဖစ္ႏိုင္တဲ့အမ်ိဳးအစားေတြျဖစ္ပါတယ္။ အာဒီေဆးရည္ေတြမွာဆုိရင္ တခ်ိဳ႕ကင္ဆာျဖစ္နိုင္တဲ့ပစၥည္းေတြက နီကိုဒင္းပမာဏထက္ ၂၀ ရာခိုင္ႏႈန္းအထိပါေနတာကိုေတြ႕ရပါတယ္။

အီးစီးကရက္မွာ အဓိကေျခာက္မ်ိဳးပါဝင္ဖြဲ႕စည္းထားပါတယ္။

(၁) ပါးစပ္ကေနေဆးရည္ ထည့္ထားတဲ့ပစၥည္း၊

(၂)ေဆးရည္ထည့္ထားတဲ့ အဆံခြံ၊

(၃)ပုလင္းဘူး၊

(၄) အရည္ကေန အေငြ႕၊ အေငြ႕ျဖစ္ေစတဲ့ အပူေပးကိရိယာ

(၅)ကြန္ပ်ဴတာ အီလက္ထရြန္းနစ္စနစ္၊

(၆) ဘတ္ထရီနဲ႕ ထိပ္ဖ်ားမွာ အေရာင္ထြက္ေနတဲ့ LED မီး စသည္တို႕နဲ႕ဖြဲ႕စည္းထားပါတယ္။

ဒုကၡေပးနိုင္တဲ့ အီးစီးကရက္ကို--

အခ်ိဳ႕နိုင္ငံေတြမွာ ဝယ္ယူသံုးစြဲမယ့္သူေတြဟာအနည္းဆံုး၊ အသက္ ၁၈ ႏွစ္ရွိရမယ္လို႕သတ္မွတ္ထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အီးစီးကရက္နဲ႕ပတ္သတ္တဲ့ ေရာင္းဝယ္၊ သံုးစြဲသူေတြဟာအသက္ ၁၈ ႏွစ္ထက္တဳိးၿပီး ၂၁ နွစ္အထိျပ႒ာန္းေပးဖို႕ ေဆြးေႏြးတင္ျပထားပါတယ္။ ဘာလို႕ အသက္ ၂၁ ႏွစ္အထိ ကန္႕သတ္တင္ျပထားသင့္ သလဲဆိုရင္ လူရဲ႕ဦးေႏွာက္နဲ႕ အဆုတ္က ၂၁ ႏွစ္ အရြယ္အထိႀကီးထြားေနဆဲ ျဖစ္ၿပီး သည္အီးစီးကရက္ကို ေသာက္သံုးရင္ဖြံ႕ၿဖိဳးမႈကို ေနွာင့္ေႏွးေစတာေၾကာင့္လို႕ သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ သိရပါတယ္။

ထိန္းသိမ္းဖို႕ လိုေနပါၿပီ----

အီးစီးကရက္ကို လက္ရွိအခ်ိန္မွာ အြန္လုိင္းကေန အလြယ္တကူဝယ္ယူႏိုင္တာေၾကာင့္ ဥပေဒေတြျပ႒ာန္းၿပီး ထိန္းသိမ္းဖို႕ လိုေနၿပီလို႕ အထူးကုဆရာဝန္ႀကီးေတြက မွတ္ခ်က္ျပဳၾကပါတယ္။

ေပါက္ကြဲတတ္ပါတယ္----

အီလက္ထရြန္းနစ္ စီးကရက္ ( e-cigarettes) သံုးစြဲသူအခ်ိဳ႕ ေပါက္ကြဲမႈေတြ ႏိုင္ငံအႏွံ႕မွာ ျဖစ္ေနတယ္လို႕ သိရပါတယ္။

အရည္အေသြးမျပည့္မွီတဲ့ ဘက္ထရီေပါက္ကြဲမႈေၾကာင့္ ျဖစ္သလို၊မသံုးတတ္တာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အီးစီးကရက္ကို ပထမဦးဆံုးေသာက္သူေတြဟာ အေငြ႕စုပ္ယူဖို႕ ဗီြစက္ရဲ႕ ခလုတ္ကို လက္နဲ႕အၾကာႀကီးဖိကိုင္ထားတာမ်ိဳးေတြေၾကာင့္ စက္ကအလြန္အကၽြံပူလာၿပီး ေပါက္ကြဲတာပါ။

(Unicode)


ဆေးလိပ်သောက်ခြင်းဟာကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိင်ပါတယ်။
ဒါကြောင့်မလို့ဆေးလိပ်သောက် တဲ့သူတွေက ဆေးလိပ်ဖြတ်ဖို့ကြိုးစားတဲ့အခါ အသုံးပြုလေ့ရှိကြပါတယ်။
အီးစီးကရက်ဆိုတာ စီးကရက်ကို ပုံမှားရိုက်ထားတဲ့ စီးကရက်အတုဖြစ်ပါတယ်။ အီးစီးကရက်လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများက ဆေးလိပ်ဖြတ်တဲ့ ပစ္စည်းဆိုပြီး မြင်မိကြပြီးလူငယ်တွေကြားမှာရေပန်းစားတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။
သူ့ထဲက အရည်က လူတွေရှုရှှိုက်ရင် ကြိုက်အောင်ဆွဲဆောင်နေပါတယ်။အီးစီးကရက်သောက်ပြီး အငွေ့ထုတ်တာကို vape လို့ခေါ်ပြီး အီးစီးကရက်ကို vape အဖြစ်လည်းလူသိများပါတယ်။
အီးစီးကရက်ဆိုတာ သူမှာပါတဲ့ နီကိုတင်းနဲ့ အခြားဓာတုဆေးရည်တွေ၊ ပေါင်းလိုက်ပြီးထွက်လာတဲ့ ဓာတ်တခုပါ။ အာဒီဓာတ်ကိုသုံးမိ၊ ရှုရှိုက်မိတဲ့သူတွေသာမက ဘေးမှာနေတဲ့သူတွေရှုရှှိုက်မိရင် နှလုံးသွေး ကြောကျဉ်းရောဂါ၊ ဦးနှောက်သွေးကြောကျဉ်းတဲ့ ရောဂါ၊ အဆိုးဆုံးကတော့ ကင်ဆာဖြစ်နိုင်ပါတယ်။
ဒီလိုရောဂါတွေအပြင်-----
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ ပါးစပ်ကင်ဆာ၊ အာခေါင်ကင်ဆာ၊ လျှာကင်ဆာ၊ လည် ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာအပြင် ကျောက်ကပ်ပျက်စီးတာတွေပါ ဖြစ်နိုင်တယ်လို့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အီးစီးကရက်နဲ့ ပတ်သတ်တဲ့လေ့လာချက်တွေအရသိရပါတယ်။
နိုင်ငံပေါင်း ၉၀ ရဲ့လေ့လာချက်အရ အီးစီးကရက်အမျိုးအစားပေါင်း ၄၀၀ ကျော်ရှိပြီး၊ အတွင်းမှာထည့်သုံးရတဲ့ အရည်မှာ နီကိုတင်းဓာတ်ပါဝင်တဲ့အရည်အမျိုးအစားပေါင်း ၈၀၀၀ ကျော်ရှိတယ်လို့ လေ့လာချက်တွေအရသိရ ပါတယ်။ တချို့ဆေးရည်တွေဟာ ကင်ဆာဖြစ်နိုင်တဲ့အမျိုးအစားတွေဖြစ်ပါတယ်။ အာဒီဆေးရည်တွေမှာဆိုရင် တချို့ကင်ဆာဖြစ်နိုင်တဲ့ပစ္စည်းတွေက နီကိုဒင်းပမာဏထက် ၂၀ ရာခိုင်နှုန်းအထိပါနေတာကိုတွေ့ရပါတယ်။
အီးစီးကရက်မှာ အဓိကခြောက်မျိုးပါဝင်ဖွဲ့စည်းထားပါတယ်။
(၁) ပါးစပ်ကနေဆေးရည် ထည့်ထားတဲ့ပစ္စည်း၊
(၂)ဆေးရည်ထည့်ထားတဲ့ အဆံခွံ၊
(၃)ပုလင်းဘူး၊
(၄) အရည်ကနေ အငွေ့၊ အငွေ့ဖြစ်စေတဲ့ အပူပေးကိရိယာ
(၅)ကွန်ပျူတာ အီလက်ထရွန်းနစ်စနစ်၊
(၆) ဘတ်ထရီနဲ့ ထိပ်ဖျားမှာ အရောင်ထွက်နေတဲ့ LED မီး စသည်တို့နဲ့ဖွဲ့စည်းထားပါတယ်။
ဒုက္ခပေးနိုင်တဲ့ အီးစီးကရက်ကို--
အချို့နိုင်ငံတွေမှာ ဝယ်ယူသုံးစွဲမယ့်သူတွေဟာအနည်းဆုံး၊ အသက် ၁၈ နှစ်ရှိရမယ်လို့သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အီးစီးကရက်နဲ့ပတ်သတ်တဲ့ ရောင်းဝယ်၊ သုံးစွဲသူတွေဟာအသက် ၁၈ နှစ်ထက်တိုးပြီး ၂၁ နှစ်အထိပြဋ္ဌာန်းပေးဖို့ ဆွေးနွေးတင်ပြထားပါတယ်။ ဘာလို့ အသက် ၂၁ နှစ်အထိ ကန့်သတ်တင်ပြထားသင့် သလဲဆိုရင် လူရဲ့ဦးနှောက်နဲ့ အဆုတ်က ၂၁ နှစ် အရွယ်အထိကြီးထွားနေဆဲ ဖြစ်ပြီး သည်အီးစီးကရက်ကို သောက်သုံးရင်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေတာကြောင့်လို့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
ထိန်းသိမ်းဖို့ လိုနေပါပြီ----
အီးစီးကရက်ကို လက်ရှိအချိန်မှာ အွန်လိုင်းကနေ အလွယ်တကူဝယ်ယူနိုင်တာကြောင့် ဥပဒေတွေပြဋ္ဌာန်းပြီး ထိန်းသိမ်းဖို့ လိုနေပြီလို့ အထူးကုဆရာဝန်ကြီးတွေက မှတ်ချက်ပြုကြပါတယ်။
ပေါက်ကွဲတတ်ပါတယ်----
အီလက်ထရွန်းနစ် စီးကရက် ( e-cigarettes) သုံးစွဲသူအချို့ ပေါက်ကွဲမှုတွေ နိုင်ငံအနှံ့မှာ ဖြစ်နေတယ်လို့ သိရပါတယ်။
အရည်အသွေးမပြည့်မှီတဲ့ ဘက်ထရီပေါက်ကွဲမှုကြောင့် ဖြစ်သလို၊မသုံးတတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အီးစီးကရက်ကို ပထမဦးဆုံးသောက်သူတွေဟာ အငွေ့စုပ်ယူဖို့ ဗွီစက်ရဲ့ ခလုတ်ကို လက်နဲ့အကြာကြီးဖိကိုင်ထားတာမျိုးတွေကြောင့် စက်ကအလွန်အကျွံပူလာပြီး ပေါက်ကွဲတာပါ။

Read times
Rate this item
(0 votes)