What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 09 April 2018 15:55

လိပ်ခေါင်းရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ

လိပ်ခေါင်းရောဂါဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းများ google.com

လိပ်ခေါင်းရောဂါသည် မကုသပါက နာတာရှည်ရောဂါတစ်ခုလို စအိုကွဲနာရတတ်ပြီး စအိုနံရံမှ သွေးကြောများ ထွက်လာခြင်း ၊ရှည်ထွက်လာခြင်း အစပြုကာ စအိုအဝဘက်ကို ကျွံကျလာရာမှ ပေါပေါက်လာရတာပါ။

လိပ်ခေါင်းကို အတွင်းလိပ်နှင့် အပြင်လိပ်ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

လိပ်ခေါင်းရောဂါဖြစ်ရခြင်း ကို ဆေးပညာအရ အဆင့်လေးဆင့် သတ်မှတ်ကြပါတယ်။

(၁) သွေးယိုခြင်း၊ စအိုဝကိုက်နာခြင်း၊ မစင်ကျန်ဝမ်းသွားရတာ အားမရခြင်း၊ ခံစားရပြီး စအိုအတွင်း၌သာရှိပြီး အပြင်ထွက်မလာဘဲ (First Degree) အဆင့်၊

(၂) ဝမ်းသွားလျှင်အပြင်သို့ ထွက်လာပါတယ်။ ဝမ်းသွားပြီး သူ့အလိုအလျောက် ပြန်ဝင်သွားတတ်သည့် အဆင့်( Second Degree)၊

(၃) ဝမ်းသွားလျှင် အပြင်သို့သွားပြီး ဝမ်းသွားပြီးပါက သူ့အလိုလိုပြန်မဝင်တတ်သည့် အဆင့်ဖြစ်ပါတယ်။ လက်နဲ့ ပြန်တင်သွင်းလိုက်မှ ဝင်သွားတတ်သည့် တတိယအဆင့် ( Third Degree) ၊

(၄) လိပ်ခေါင်းသည် အပြင်လိပ်အခြေအနေဖြင့် အနေအထား ဖြစ်ပြီး လုံးဝပြန်မဝင်တော့ဘဲ စအိုပြင်ပ သို့ ထွက်နေခြင်း၊ လက်နှင့်ပြန်တင်သွင်း၍ မရတော့သော အဆင့်ကို (Fouth Degree) အဆင့်ဟုသတ်မှတ်ကြပါတယ်။

လိပ်ခေါင်းဖြစ်ရခြင်းအဓိကအကြောင်းရင်းတွေကတော့ လမ်းလျောက်များခြင်း၊ လေးလံသော ပစ္စည်းများ သယ်ယူထမ်းပိုးရခြင်း၊ အထိုင်များများဖြင့် အလုပ်လုပ်ရခြင်း၊ ဝမ်းချုပ်၍ ဝမ်းသွားရာတွင် ညှစ်အားဖြင့် မကြာခဏ သွားရသူများတွင် အများဆုံးဖြစ်တတ်ပါတယ်။

ဒီလိုပုဂ္ဂိုလ်များတွင် စအိုသွေးကြောများ၊ ဖောက်ထွင်းဝင်ရောက်လာသော စအိုနံရံကြွက်သားများ၏ ထိန်းအားလျော့နည်းလာပြီး ယိုယွင်းလာမှုကြောင့် သွေးကြောများကျယ်ခြင်း၊ ရှည်ခြင်းမှ ကျွံကျလာခြင်း ဖြစ်ပေါ်လာပါတယ်။ အသက်အရွယ်ကြောင့်လည်း စအိုနံရံကြွက်သားများ လျော့ကျလာခြင်းလည်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် နာတာရှည်ဝမ်းကိုက်ပြီး အကျိအချွဲဝမ်းသွားခြင်း၊ အပူအစပ်များလွန်စွာစားခြင်း၊ ကိုယ်ဝန်ဆောင် မှုများလွန်းခြင်း၊ ရေဖျင်းရောဂါစွဲကပ်သူများတွင် အများဆုံး ဖြစ်ပွားတတ်ပါတယ်။

လက္ခဏာများ

(၁) စအိုမှ သွေးထွက်ခြင်း၊ သွေးနှင့် အကျိအချွဲများ ထွက်၍ ခရီးပန်း၊ဒူးညောင်း၊ လက်ညောင်းသူများတွင် မကြာခဏ ဝမ်းညှစ်လိုက်လျှင် ပန်းထွက်လာတာမျိုးတွေဖြစ်တတ်ပါတယ်။

(၂) သွေးနှင့် အကျိအချွဲများရော၍ လည်း စအိုမှ မကြာခဏထွက်ခြင်းလည်း ရှိတတ်ပါတယ်။

(၃) စအိုပတ်လည်နှင့် မိန်းမကိုယ်အကြား အရေပြားများ အချွဲစိုစွတ်မသန့်ရှင်းပါက ယားယံခြင်း ၊

(၄) စအိုမှ နီရဲရဲ အသီးအလုံး ( ၃၊ ၇၊ ၁၁) ပုံစံအနေအထားဖြင့် ထွက်လာတတ်ပါတယ်။ ယင်းပုံစံမှာ နာရီဒိုင်ခွက်အတိုင်း စအို၏အဝိုင်းသဏ္ဍာန်ထပ်ရှိပါက သုံးနာရီအမှတ်အသားအနေအထားဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီ အနေအထားနေရာဖြင့် လည်းကောင်း၊ နံနက် ၇ နာရီနေရာ အမှတ်အသားပုံစံတွင်လည်းကောင်း အသီးဖုသုံးဖုထွက်လာတတ်ပါတယ်။

(၅) ယင်းထွက်လာသော အနီရဲရဲအလုံးကြီး များသည် ကိုက်၍လည်းကောင်း၊ နာ၍လည်းကောင်း၊ ကြာရှည်လာပါက မခံနိုင်ကြသဖြင့် စအိုမှ အရမ်းနာလာသည်ဟု ပြောကာ ညိုမဲသွားသောအလုံးအနေအထားဖြင့် တတ်ပါတယ်။

ရောဂါလက္ခဏာပုံဆင်တူ ရောဂါအချို့လည်း ရှိပါသေးတယ်။ စအိုကွဲနာ၊ စအိုအတွင်းမှ အသားလုံး၊ စအိုပြင်ပမှ အသားလုံးရောဂါ ၊ စအိုကွဲနာ ၊စအို၌ မစင်တင်ကျန်ရောဂါ စသည်တို့လည်းဖြစ်လေ့ဖြစ်ထ ရှိ၍ ဆင်တူယိုးမှားနိင်ပါတယ်။

Source: YCDC

Read: စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ

စစ်တွေဘက်တွင် ခရုမှတစ်ဆင့်ကူးစက်သော Schistosomiasis ( ဆီစတို ဆိုမီယက်ဆစ်စ်) ရောဂါဆန်းတမျိုးတွေ့ရှိ

Read times
Rate this item
(0 votes)