What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 13 October 2018 10:43

အသည္းေရာင္ အသားဝါပိုးက အသည္းကို ဘယ္လိုထိခိုက္ေစႏိုင္လဲ

အသည္းေရာင္ အသားဝါေရာဂါ

အသည္းေရာင္ အသားဝါေရာဂါဆိုတာက အသည္းကဆဲလ္ေတြကိုေရာင္ရမ္းေစျပီး အသည္းကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ ေရာဂါတစ္မ်ိဳးေပါ့။ အသညး္ေရာင္အသားဝါေရာဂါအမ်ိဳးအစားေတြအမ်ိဳးမ်ိဳးရွိသလို ေရာဂါျဖစ္ေစတဲ့အေၾကာင္းရင္းခံေတြလည္း အမ်ိဳးမ်ိဳးရွိေပမယ့္ ေရာဂါလကၡဏာေတြကေတာ့ ခပ္ဆင္ဆင္ တူတတ္ၾကပါတယ္။

ခႏၶာကိုယ္အတြက္ အသည္းကဒီလိုအေရးပါပါတယ္။ အသည္းက ကိုယ္တြင္းအဂၤါေတြထဲမွာ အၾကီးဆံုးအစိတ္အပိုင္းတစ္ခုျဖစ္ျပီး လုပ္ေဆာင္ေပးရတဲ့ တာဝန္ေတြကလည္း ေတာ္ေတ္ာေလးေတာ့မ်ားပါတယ္။ အသည္းရဲ႕ တာဝန္ေတြက – ေသြးထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတယ္ ၊ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ ဗီတာမင္ေတြကို သိမ္းဆည္းေပးတယ္။ ေဟာ္မုန္းေတြထုတ္ေပးတယ္ ၊ အစာေျခဖို႔ သည္းေျခရည္ထုတ္ေပးတယ္ ၊ ကာဗိုဟိုက္ဒရိတ္၊ ပရိုတင္းနဲ႔ အဆီေတြကို ျဖိဳခြဲေပးတယ္။

 

ေသြးတိတ္ေအာင္လုပ္ေပးတယ္

က်န္းမာေနတဲ့အသည္းက ဒီတာဝန္ေတြကို အကုန္လံုးျပီးျပည့္စံုေအာင္လုပ္ေဆာင္ႏိုင္ေပမယ့္ အသညး္ေရာင္အသားဝါေရာဂါပိုး ကူးစက္ခံလိုက္ရတဲ့အခါ ေရာဂါပိုးေတြက အသည္းရဲ႕ လုပ္ငန္းစဥ္ေတြကို အေႏွာင့္အယွက္ျဖစ္ေစျပီး ခႏၶာကိုယ္မွာ ၾကီးမားတဲ့ က်န္းမာေရးျပႆနာေတြကိုျဖစ္ေစေတာ့တာပါပဲ။

အသညး္ေရာင္ အသားဝါေရာဂါအမ်ိဳးအစားေတြက အသည္းေရာင္အသားဝါ ဗိုင္းရပ္စ္အမ်ိဳးအစားကေတာ္ေတ္ာေလးေတာ့မ်ားပါတယ္။ အသည္းေရာင္ အသားဝါ A ဗိုင္းရပ္စ္ ၊ အသည္းေရာင္ အသားဝါ B ဗိုင္းရပ္စ္ ၊ အသည္းေရာင္ အသားဝါ C ဗိုင္းရပ္စ္ ၊ အသည္းေရာင္ အသားဝါ D ဗိုင္းရပ္စ္ ၊ အသညး္ေရာင္ အသားဝါ E ဗိုင္းရပ္စ္ ၊ အသည္းေရာင္ အသားဝါ G ဗိုင္းရပ္စ္ေတြ ဆိုျပီး အမ်ိဳးမ်ိဳးရွိေနပါတယ္။


ဒီဗိုင္းရပ္စ္ေတြထဲမွာ အျဖစ္အမ်ားဆံုး ဗုိင္းရပ္စ္ေတြက အသည္းေရာင္ အသားဝါ A၊ B၊ C တို႔ပါ။ ဒီေရာဂါေတြက ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ျဖစ္တဲ့ အသည္းေရာင္ အသားဝါေရာဂါေတြပါ။ အျခားေသာ အသည္းေရာင္ အသားဝါေရာဂါေတြက အရက္ေသစာေသာက္သံုးမႈရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ျဖစ္ၾကတာမ်ား ပါတယ္။


အသည္းေရာင္ အသားဝါေရာဂါက ခႏၶာကိုယ္ကို ဒီလိုထိခိုက္ေစႏိုင္ပါတယ္။ အသည္းကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ ဗိုင္းရပ္စေ္တြကို အသည္းေရာင္ အသားဝါျဖစ္ေစတဲ့ ဗိုင္းရပ္စ္လို႔ေခၚၾကတာပါ။ အသညး္ေရာင္ အသားဝါျဖစ္ေစတဲ့ ဗိုင္းရပ္စ္တိုင္းက အသည္းကို ထိခိုက္ပ်က္စီးေစႏိုင္ျပီး အသက္ေသဆံုးသည္အထိျဖစ္ေစႏိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ေတြထဲမွာမွ အသည္းေရာင္ အသားဝါ B နဲ႔ C တို႔က နာတာရွည္ အသညး္ေရာင္ေရာဂါကိုျဖစ္ေစႏိုင္ပါတယ္။

 

အသည္းေရာင္ အသားဝါ A

အသည္းေရာင္ အသားဝါ A ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ျဖစ္တဲ့ေရာဂါတစ္မ်ိဳးပါ။ ေရာဂါပိုးပါဝင္ေနတဲ့ အစားအေသာက္ေတြနဲ႔ ေရေတြကို ေသာက္သံုးမႈကေနတဆင့္ ကူးစက္နိုင္ပါတယ္။

 

အသည္းေရာင္ အသားဝါ B
အသည္းေရာင္ အသားဝါ B ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့ သူရဲ႕ ခႏၶာကိုယ္က ထြက္တဲ့အရည္ေတြ၊ ေသြး၊ မိန္းမကိုယ္အရည္နဲ႔သုက္ပိုးေတြကေနတဆင့္ ကူးစက္ႏိုင္ပါတယ္။ ေဆးထိုးအပ္ေတြ၊ မုတ္ဆိတ္ရိတ္ဓားေတြ မွ်ေဝသံုးစြဲတာ ေရာဂါကူးစက္ခံထားရသူနဲ႔ လိင္ဆက္ဆံမႈကေနတဆင့္ေရာဂါကူးစက္ႏိုင္ပါတယ္။

 

အသညး္ေရာင္ အသားဝါ C
အသည္းေရာင္ အသားဝါ C ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ျဖစ္တဲ့ ေရာဂါပါ။ ေရာဂါပိုးရွိသူရဲ႕ ခႏၶာကိုယ္က ထြက္တဲ့အရည္ေတြနဲ႔ ထိေတြ႔မိတာ၊ ေဆးထိုးအပ္မွ်ေဝသံုးစြဲတာ၊ လိင္ဆက္ဆံမႈတို႔ကေနတဆင့္ ေရာဂါပိုးကူးစက္ႏိုင္ပါတယ္။ ေရာဂါပိုးရွိတဲ့ေသြးကေနတဆင့္လည္း ေရာဂါပိုးကူးစက္နိုင္ပါတယ္။

 

အသည္းေရာင္ အသားဝါ D
အသည္းေရာင္ အသားဝါ D ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ျပင္းထန္တဲ့ အသည္းေရာဂါတစ္မ်ိဳးပါ။ ေရာဂါပိုးရွိေနတဲ့ ေသြးနဲ႔ တိုက္ရိုက္ထိေတြ႔မႈကေနတဆင့္ ေရာဂါကူးစက္ႏိုင္သလို အသညး္ေရာင္ အသားဝါ B ဗိုင္းရပ္စ္ရွိသူေတြမွာလည္း ေနာက္ဆက္တြဲအေနနဲ႔ အသည္းေရာင္ အသားဝါ D ေရာဂါခံစားရႏိုင္ပါတယ္။

 

အသည္းေရာင္ အသားဝါ E
မသန္႔ရွင္းတဲ့ေရကေနတဆင့္ ကူးစက္နိုင္ပါတယ္။ အသည္းေရာင္ အသားဝါ E ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ေရာဂါတစ္မ်ိဳးပါ။ ေရဆိုးႏုတ္စနစ္ အားနည္းတဲ့ေနရာေတြမွာ အျဖစ္မ်ားပါတယ္။ အေရွ႕အလယ္ပိုင္းေဒသ၊ အာရွ၊ ဗဟိုအေမရိက နဲ႔ အာဖရိကတို႔မွာ အျဖစ္မ်ားပါတယ္။

ေရာဂါ လကၡဏာေတြက
အသည္းေရာင္ အသားဝါေရာဂါျဖစ္တဲ့အခါ ေရာဂါလကၡဏာေတြက တုပ္ေကြးျဖစ္တာနဲ႔ ခပ္ဆင္ဆင္တူတတ္ေပမယ့္ အခုလိုလကၡဏာေတြကိုပါခံစားရႏိုင္ပါတယ္။ 

ဝမ္းသြားမယ္
ေျခကုန္လက္ပမ္းက်မယ္
အစားစားခ်င္စိတ္မရွိျဖစ္မယ္
ဖ်ားမယ္
ၾကြက္သားေတြ အဆစ္ေတြနာက်င္ကိုက္ခဲမယ္
မအီမသာျဖစ္မယ္၊ ပ်ိဳ႕အန္မယ္
ဗိုက္ထဲက ေအာင့္မယ္
အန္မယ္
ကိုယ္အေလးခ်ိန္က်လာမယ္
အသားဝါမယ္၊ မ်က္လံုးအျဖဴသား နဲ႔ လွ်ာေတြ ဝါမယ္
ေျခလက္ေတြေရာင္ရမ္းမယ္
အန္ရင္ေသြးပါမယ္
ဝမ္းသြားတဲ့အခါ ေသြးပါမယ္
ဆီးမည္းမည္းေတြသြားမယ္
အင္ပ်ဥ္ေတြထြက္မယ္
အေရျပားယားယံမယ္
ဝမ္းအေရာင္ေဖ်ာ႔မယ္။
အသည္းေရာင္အသားဝါေရာဂါကူးစက္ခံရတဲ့အခါ အခ်ိဳ႕ေတြမွာ ေရာဂါလကၡဏာျပတတ္ၾကေပမယ့္ အခ်ိဳ႕မွာေတာ့ အသည္းပ်က္စီးသြားတဲ့အခါမွ ေရာဂါလကၡဏာေတြျပတတ္တာလည္းရွိပါတယ္။

ဘယ္လိုကာကြယ္မလဲ
အသည္းေရာင္ အသားဝါေရာဂါကို ကာကြယ္ဖို႔ဆိုရင္ မျဖစ္မေနလုပ္ေဆာင္သင့္တဲ့အခ်က္တစ္ခုက တစ္ကိုယ္ေရသန္႔ရွင္းေရးကို ဂရုစိုက္ဖို႔ပါ။ တစ္ကို္ယေရသန္႔ရွင္းေရးကို ဂရုစိုက္လိုက္တဲ့အခါ အသည္းေရာင္ အသားဝါ A နဲ႔ E ကိုကာကြယ္ျပီးျဖစ္သြားမွာပါ။ တကယ္လို႔ သင့္အေနနဲ႔ သန္႔ရွင္းမႈအားနည္းတဲ့ေဒသေတြကို သြားေရာက္တဲ့အခါ –

ေရကို အလြယ္တကူမေသာက္ပါနဲ႔
ေရခဲေတြကို မစားပါနဲ႔
ပင္လယ္စာေတြကို အစိမ္းမစားပါနဲ႔
သစ္သီးေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကို အစိမ္းမစားပါနဲ႔။
အသည္းေရာင္ အသားဝါ B၊ C၊ D တို႔ကို ကာကြယ္ဖို႔ဆိုရင္-
ေဆးထိုးအပ္ေတြကို မွ်ေဝသံုးတာမ်ိဳးမလုပ္ပါနဲ႔
မုတ္ဆိတ္ရိတ္ဓားကို မွ်ေဝသံုးတာမ်ိဳးမလုပ္ပါနဲ႔
သြားတိုက္တံအတူတူသံုးတာမ်ိဳးမလုပ္ပါနဲ႔
ေသြးေတြကို အကာအကြယ္မပါဘဲ ထိေတြ႔တာမ်ိဳးမလုပ္ပါနဲ႔။
အသည္းေရာင္ အသားဝါ B နဲ႔ C ကလိင္ဆက္ဆံမႈကေနတဆင့္လည္း ကူးစက္ႏိုင္တာေၾကာင့္ လိင္ဆက္ဆံတဲ့အခါ ကြန္ဒံုးအသံုးျပဳျပီးဆက္ဆံေပးဖို႔ ေျပာပါရေစ။

ကာကြယ္ေဆးထိုးပါ

ကာကြယ္တာက ကုသတာထက္ပိုထိေရာက္တယ္ဆိုတဲ့ စကားအတိုင္း အသည္းေရာင္ အသားဝါပိုးေတြကို ကာကြယ္ဖို႔ဆိုရင္ ကာကြယ္ေဆးထိုးထားဖို႔ေျပာပါရေစ။ ဒါေၾကာင့္ အသည္းေရာင္ အသားဝါကာကြယ္ေဆးေတြထိုးႏွံျပီး အသည္းကို ကာကြယ္မႈေပးျပီး သက္တမ္းေစ့ေစ့ေရာဂါကင္းကင္းေနထိုင္ၾကဖို႔ တိုက္တြန္းပါရေစ။

Source:hellosayarwon

Read: ပိုး ေလးဖက္နာ ႏွင့္ ေသြး ေလးဖက္နာ

ပိုး ေလးဖက္နာ ႏွင့္ ေသြး ေလးဖက္နာ

 

{Unicode}

======

အသည်းရောင် အသားဝါပိုးက အသည်းကို ဘယ်လိုထိခိုက်စေနိုင်လဲ

အသည်းရောင် အသားဝါရောဂါ

အသည်းရောင် အသားဝါရောဂါဆိုတာက အသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလို ရောဂါဖြစ်စေတဲ့အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့် ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။

ခန္ဓာကိုယ်အတွက် အသည်းကဒီလိုအရေးပါပါတယ် ။ အသည်းက ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ဆောင်ပေးရတဲ့ တာဝန်တွေကလည်း တော်တေ်ာလေးတော့များပါတယ်။ အသည်းရဲ့ တာဝန်တွေက –

သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေကို သိမ်းဆည်းပေးတယ် ။ ဟော်မုန်းတွေထုတ်ပေးတယ် ။ အစာခြေဖို့ သည်းခြေရည်ထုတ်ပေးတယ် ။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို ဖြိုခွဲပေးတယ်။


သွေးတိတ်အောင်လုပ်ပေးတယ်

ကျန်းမာနေတဲ့အသည်းက ဒီတာဝန်တွေကို အကုန်လုံးပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပေမယ့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အခါ ရောဂါပိုးတွေက အသည်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတော့တာပါပဲ။

အသည်းရောင် အသားဝါရောဂါအမျိုးအစားတွေက

အသည်းရောင်အသားဝါ ဗိုင်းရပ်စ်အမျိုးအစားကတော်တေ်ာလေးတော့များပါတယ်။ အသည်းရောင် အသားဝါ A ဗိုင်းရပ်စ် ၊ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ် ၊ အသည်းရောင် အသားဝါ C ဗိုင်းရပ်စ် ၊ အသည်းရောင် အသားဝါ D ဗိုင်းရပ်စ် ၊ အသည်းရောင် အသားဝါ E ဗိုင်းရပ်စ် ၊ အသည်းရောင် အသားဝါ G ဗိုင်းရပ်စ်တွေ ဆိုပြီး အမျိုးမျိုးရှိနေပါတယ်။


ဒီဗိုင်းရပ်စ်တွေထဲမှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေက အသည်းရောင် အသားဝါ A၊ B၊ C တို့ပါ။ ဒီရောဂါတွေက ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဖြစ်တဲ့ အသည်းရောင် အသားဝါရောဂါတွေပါ။ အခြားသော အသည်းရောင် အသားဝါရောဂါတွေက အရက်သေစာသောက်သုံးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ကြတာများ ပါတယ်။


အသည်းရောင် အသားဝါရောဂါက ခန္ဓာကိုယ်ကို ဒီလိုထိခိုက်စေနိုင်ပါတယ်။ အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဗိုင်းရပ်စေ်တွကို အသည်းရောင် အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်လို့ခေါ်ကြတာပါ။ အသည်းရောင် အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်တိုင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေထဲမှာမှ အသည်းရောင် အသားဝါ B နဲ့ C တို့က နာတာရှည် အသည်းရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။

အသည်းရောင် အသားဝါ A

အသည်းရောင် အသားဝါ A ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ရောဂါပိုးပါဝင်နေတဲ့ အစားအသောက်တွေနဲ့ ရေတွေကို သောက်သုံးမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါ B

အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ၊ သွေး၊ မိန်းမကိုယ်အရည်နဲ့သုက်ပိုးတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဆေးထိုးအပ်တွေ၊ မုတ်ဆိတ်ရိတ်ဓားတွေ မျှဝေသုံးစွဲတာ ရောဂါကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံမှုကနေတဆင့်ရောဂါကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါ C

အသည်းရောင် အသားဝါ C ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဖြစ်တဲ့ ရောဂါပါ။ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိတာ၊ ဆေးထိုးအပ်မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမှုတို့ကနေတဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးကနေတဆင့်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါ D

အသည်းရောင် အသားဝါ D ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ အသည်းရောဂါတစ်မျိုးပါ။ ရောဂါပိုးရှိနေတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေတဆင့် ရောဂါကူးစက်နိုင်သလို အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ရှိသူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့ အသည်းရောင် အသားဝါ D ရောဂါခံစားရနိုင်ပါတယ်။

အသည်းရောင် အသားဝါ E

မသန့်ရှင်းတဲ့ရေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ E ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ ရေဆိုးနုတ်စနစ် အားနည်းတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ဗဟိုအမေရိက နဲ့ အာဖရိကတို့မှာ အဖြစ်များပါတယ်။

ရောဂါ လက္ခဏာတွေက

အသည်းရောင် အသားဝါရောဂါဖြစ်တဲ့အခါ ရောဂါလက္ခဏာတွေက တုပ်ကွေးဖြစ်တာနဲ့ ခပ်ဆင်ဆင်တူတတ်ပေမယ့် အခုလိုလက္ခဏာတွေကိုပါခံစားရနိုင်ပါတယ်။

ဝမ်းသွားမယ် ၊ ခြေကုန်လက်ပမ်းကျမယ် ၊ အစားစားချင်စိတ်မရှိဖြစ်မယ် ၊ ဖျားမယ် ၊ ကြွက်သားတွေ အဆစ်တွေနာကျင်ကိုက်ခဲမယ် ၊ မအီမသာဖြစ်မယ်၊ ပျို့အန်မယ် ၊ ဗိုက်ထဲက အောင့်မယ် ၊ အန်မယ် ၊ ကိုယ်အလေးချိန်ကျလာမယ် ၊ အသားဝါမယ်၊ မျက်လုံးအဖြူသား နဲ့ လျှာတွေ ဝါမယ် ၊ ခြေလက်တွေရောင်ရမ်းမယ် ၊ အန်ရင်သွေးပါမယ် ၊ ဝမ်းသွားတဲ့အခါ သွေးပါမယ် ၊ ဆီးမည်းမည်းတွေသွားမယ် ၊ အင်ပျဉ်တွေထွက်မယ် ၊ အရေပြားယားယံမယ် ၊ ဝမ်းအရောင်ဖျော့မယ်။


အသည်းရောင်အသားဝါရောဂါကူးစက်ခံရတဲ့အခါ အချို့တွေမှာ ရောဂါလက္ခဏာပြတတ်ကြပေမယ့် အချို့မှာတော့ အသည်းပျက်စီးသွားတဲ့အခါမှ ရောဂါလက္ခဏာတွေပြတတ်တာလည်းရှိပါတယ်။ 

 

ဘယ်လိုကာကွယ်မလဲ

အသည်းရောင် အသားဝါရောဂါကို ကာကွယ်ဖို့ဆိုရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တစ်ခုက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပါ။ တစ်ကိုယရေသန့်ရှင်းရေးကို ဂရုစိုက်လိုက်တဲ့အခါ အသည်းရောင် အသားဝါ A နဲ့ E ကိုကာကွယ်ပြီးဖြစ်သွားမှာပါ။ တကယ်လို့ သင့်အနေနဲ့ သန့်ရှင်းမှုအားနည်းတဲ့ဒေသတွေကို သွားရောက်တဲ့အခါ –

ရေကို အလွယ်တကူမသောက်ပါနဲ့ ၊ ရေခဲတွေကို မစားပါနဲ့ ၊ ပင်လယ်စာတွေကို အစိမ်းမစားပါနဲ့ ၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားပါနဲ့။

 
အသည်းရောင် အသားဝါ B၊ C၊ D တို့ကို ကာကွယ်ဖို့ဆိုရင်- ဆေးထိုးအပ်တွေကို မျှဝေသုံးတာမျိုးမလုပ်ပါနဲ့ ၊ မုတ်ဆိတ်ရိတ်ဓားကို မျှဝေသုံးတာမျိုးမလုပ်ပါနဲ့ ၊ သွားတိုက်တံအတူတူသုံးတာမျိုးမလုပ်ပါနဲ့ ၊ သွေးတွေကို အကာအကွယ်မပါဘဲ ထိတွေ့တာမျိုးမလုပ်ပါနဲ့။ 


အသည်းရောင် အသားဝါ B နဲ့ C ကလိင်ဆက်ဆံမှုကနေတဆင့်လည်း ကူးစက်နိုင်တာကြောင့် လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုပြီးဆက်ဆံပေးဖို့ ပြောပါရစေ။

ကာကွယ်ဆေးထိုးပါ

ကာကွယ်တာက ကုသတာထက်ပိုထိရောက်တယ်ဆိုတဲ့ စကားအတိုင်း အသည်းရောင် အသားဝါပိုးတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးထားဖို့ပြောပါရစေ။ ဒါကြောင့် အသည်းရောင် အသားဝါကာကွယ်ဆေးတွေထိုးနှံပြီး အသည်းကို ကာကွယ်မှုပေးပြီး သက်တမ်းစေ့စေ့ရောဂါကင်းကင်းနေထိုင်ကြဖို့ တိုက်တွန်းပါရစေ။

Read times Last modified on Tuesday, 24 December 2019 16:06
Rate this item
(1 Vote)