What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 February 2018 17:02

အိပ်ရေးပျက်ခြင်းကြောင့် လေဖြတ်ခြင်းပိုဖြစ်နိုင်

အိပ်ရေးပျက်ခြင်းကြောင့် လေဖြတ်ခြင်းပိုဖြစ်နိုင် google.com








 

Unicode

 

အိပ်ရေးပျက်ခြင်းကြောင့် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားပြီး ပြန်ကောင်းနိုင်ရန်ခက်ခဲကြောင်း လေ့လာမှုတစ်ခုအရသိရပါတယ်။
အိပ်မရဖြစ်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် လေဖြတ်ခြင်း၊ လေဖြတ်သည့်အခြေအနေမှ ပြန်လည်ကောင်းမွန်ခြင်းတို့ အကြား ဆက်စပ်မှုကို လေ့လာမှုပေါင်းများစွာပြုလုပ်အတည်ပြုခဲ့ပါတယ်။
ဦးနှောက်သို့ သွေးစီးဆင်းမှု အတားအဆီးဖြစ်ပါက လေဖြတ်နိုင်ပြီး ဦးနှောက်ထဲရှိ ပင်မသွေးကြောပေါက်ပြဲခြင်း (သို့) သွေးယိုစိမ့်ခြင်းကြောင့်လည်း လေဖြတ်နိုင်ပါတယ်။
ဦးနှောက်သို့ သွေးစီးဆင်းမှု ငါးမိနစ်အောက် အနှောက်အယှတ်ဖြစ်ရုံမျှဖြင့် မရှည်ကြာသော လေဖြတ်ခြင်း ဖြစ် နိုင်ပါတယ်။ ကြီးကြီးမားမားလေဖြတ်ခြင်းဟာလည်း ဤကအစပြုပြီး ဖြစ်ကြတာပါ။
အိပ်ရေးပျက်ခြင်း၊ အိပ်စက်မှု မူမမှန်ခြင်းတို့ကြောင့်လေဖြတ်သွားပြီး ဆေးဝါးကုသမှုမခံယူပါက ပြန်ကောင်းနိုင်ရန် ခက်ခဲကြောင်း သုတေသီများက ပြောပါတယ်။
အိပ်စက်မှုသည် ဦးနှောက်လုပ်ဆောင်ချက်များအတွက် အရေးကြီးပြီး အိပ်စက်ခြင်းကြောင့်အာရုံကြောများကို အထောက်အကူပြုစေပါတယ်။
မူရင်းပိုစ်အား credit ပေးပါတယ်

Read times
Rate this item
(0 votes)