What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 February 2018 11:54

လူေတြေပါ့ေပါ့ေလးထင္ေနတဲ့ ေမးခုိင္ပိုးဝင္တယ္ဆိုတာ....

လူေတြေပါ့ေပါ့ေလးထင္ေနတဲ့ ေမးခုိင္ပိုးဝင္တယ္ဆိုတာ.... google.com

ျမန္မာလိုေတာ့ ေမးခိုင္ေရာဂါ သို႔မဟုတ္ အရပ္အေခၚအရ အဆိပ္သင့္တာ လို႔ ေခၚေလ့ရွိပါတယ္။

ေျမဆီေတြ ေျမေဆြးေတြ၊ ဖုန္မႈန႔္ေတြ၊ သံေခ်းေတြထဲမွာ ေပါက္ပြားေသာ ေအာက္စီဂ်င္ မလိုဘဲ အသက္ရွင္ေနထိုင္ႏိုင္တဲ့Clostridium tetani လို႔ေခၚတဲ့(anaerobic spores forming bacilli) ဘက္တီးရီးယားပိုးဝင္လို႔ျဖစ္ရတာပါ။ လူတစ္ေယာက္ကေန တစ္ေယာက္ကို ကူးစက္တတ္တဲ့ေရာဂါမ်ိဳးေတာ့ မဟုတ္ပါဘူး။

ဒီေမးခိုင္ေရာဂါဟာ ကမာၻအႏွံမွာျဖစ္ပြားပါတယ္။ အထူးသျဖင့္ ထိုဘက္တီးရီးယားေတြ ေပါက္ပြားႏႈန္းျမင့္တဲ့ ပူေႏြးစိုစြတ္တဲ့ ရာသီဥတုမွာ အျဖစ္မ်ားပါတယ္။ ၁၉၉၀ခုႏွစ္တုန္းက ကမာၻတစ္ဝွမ္းမွာ ေမးခိုင္ေရာဂါေၾကာင့္ ေသတဲ့သူအေရအတြက္ဟာ ၃၅၆၀၀၀ရွိပါတယ္။ ေနာက္ပိုင္းကာကြယ္ေဆးေတြေပၚလာတာေတာင္၂၀၁၃ခုႏွစ္မွာ ေမးခိုင္ေရာဂါေၾကာင့္ ေသတဲ့အေရအတြက္ဟာ ၅၉၀၀၀ ထိရွိဆဲပါ။

ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ေမးခိုင္ေရာဂါဟာ သံစူးလို႔ျဖစ္တယ္လို႔ပဲအသိမ်ားၾကတဲ့အတြက္ လူအေတာ္မ်ားမ်ားဟာ သံစူးတာ အသားထဲေတာ္ေတာ္ နစ္ဝင္မွပဲ ေမးခိုင္ကာကြယ္ေဆးထိုးဖို႔ စိတ္ကူးမိၾကပါတယ္။ လြဲမွားတဲ့ အယူအဆပါ။ ေခ်းတက္ေနတဲ့ ေညႇာင့္စူး၊ သံစူးမိတာအျပင္ ေၾကာင္ကုတ္၊ ေခြးကိုက္၊ ေမ်ာက္ကုတ္မိတာေတြကေန တဆင့္ ထိုဘက္တီးရီးယားမ်ားဟာ ေပါက္ၿပဲေနတဲ့ အေရျပားကိုျဖတ္ၿပီး ဝင္ေရာက္တတ္ၾကပါတယ္။

အနည္းဆုံး ပိုးရွိတဲ့ ခြၽန္ေသာ အရာဝတၳဳေတြနဲ႔ အသာေလးျခစ္မိရင္ေတာင္ ေမးခိုင္ပိုး ဝင္ႏိုင္ပါတယ္။ေနာက္ၿပီး တစ္ခုခုနဲ႔ခိုက္မိခဲ့လို႔ ေပါက္ၿပဲဒဏ္ရာရွိေနတဲ့ ေျခ၊ လက္နဲ႔ ေမးခိုင္ပိုးရွိတဲ့ ေျမေဆြး၊ ဖုန္ေတြကို ကိုင္မိတာ၊ ထိမိရာကေနတဆင့္လည္း ေမးခိုင္ေရာဂါပိုး ဝင္တတ္ပါတယ္။

ကြၽန္ေတာ္တို႔ဆီမွာ တစ္ခုထပ္ဆိုးတာက ကေလးေတြေဆာ့ကစားရာမွ ထိခိုက္ရွနာျဖစ္ပါက ဖုန္မႈန႔္၊ နႏြင္းမႈန႔္ စသည္တို႔ကို ဒဏ္ရာအတြင္း သိပ္ထည့္တာ၊ သြားကိုက္လွ်င္ သြားကိုက္ေသာ ေနရာကို သံေခ်ာင္း အပ္ စသည္တို႔ျဖင့္ ထိုးဆြတာေတြ၊ ေမြးကာစကေလးငယ္၏ ခ်က္အတြင္းသို႔ အမႈန႔္မ်ိဳးစုံ၊ ေဆး႐ြက္ႀကီးေတြ ၊ေဆးတို႔ဖတ္ေတြ ထည့္သိပ္တာေတြ ေတာ္ေတာ္ လုပ္ၾကပါတယ္။ ဒါဟာေမးခိုင္ပိုး မဝင္ဝင္ေအာင္ လုပ္ေနသလိုပါပဲ။

ေမးခိုင္ပိုး ခႏၶာကိုယ္ထဲဝင္ရာကေန ေရာဂါလကၡဏာျပဖို႔ ထိခိုက္ဒဏ္ရာ ရရွိတဲ့ေနရာေပၚ မူတည္ၿပီး ၁၀ရက္ကေန လအေတာ္ ၾကာတတ္ပါတယ္။ ဥပမာ ေျခေထာက္မွာ သံစူးတာနဲ႔ လက္မွာျဖစ္တာနဲ႔ဆို လက္မွာသံစူးရာကေန ေမးခိုင္ပိုးဝင္တာက ေစာေစာလကၡဏာေတြျပတတ္ပါတယ္။

ေမးခိုင္ေရာဂါရဲ႕ လကၡဏာေတြကေတာ့ သူ႔နာမည္အတိုင္းပဲ ေမးခိုင္တာ(ေမး႐ိုးမွာရွိတဲ့ႂကြက္သားေတြေတာင့္တင္းၿပီး ပါးစပ္ကဟမရတာ) ၊ မ်က္ႏွာမွာရွိတဲ့ ႂကြက္သားေတြပါ ေတာင့္တင္းလာၿပီး ေမ်ာက္မ်က္ႏွာ (သို႔မဟုတ္) စပ္ၿဖဲၿဖဲ မ်က္ႏွာပုံစံ ျဖစ္လာတာပါ။

ေမး႐ိုးနဲ႔ မ်က္ႏွာႂကြက္သားေတြ ေတာင့္ၿပီးေနာက္ပိုင္း လည္ပင္း၊ ရင္ဘတ္၊ ေနာက္ေက်ာ၊ ခါး၊ဝမ္းဗိုက္နဲ႔ တင္ပါးမွာရွိတဲ့ ႂကြက္သားေတြပါ ေတာင့္တင္းမာေၾကာ လာတတ္ပါတယ္။ ခါးကႂကြက္သားေတြ အရမ္းေတာင့္တင္းလာတဲ့ အခါလူက ေကာ့လန္ႀကီး ျဖစ္သြားတတ္ပါတယ္။ အရမ္းဆိုးရင္ အသက္ရွဴတဲ့ေနရာမွာ အေရးႀကီးတဲ့ ရင္ဝမ္းျခား ႂကြက္သားပါ ေတာင့္တင္းလာတာမ်ိဴး ျဖစ္ၿပီး အသက္ရွဴမရ ျဖစ္တတ္ပါတယ္။

ဒီလိုမ်ိဴးေတြ ဘာလို႔ျဖစ္လဲဆိုေတာ့ ေမးခိုင္ပိုးက tetanospasmin နဲ႔ tetanolysin ဆိုၿပီးအဆိပ္ႏွစ္မ်ိဴးကို ထုတ္ပါတယ္။ အဲ့ထဲကမွ tetanospasmin အဆိပ္ဟာ အာ႐ုံေၾကာ တေလွ်ာက္သြားၿပီး ႂကြက္သားေတြရဲ႕ေျပေလ်ာ့မႈ(muscle relaxation)ျဖစ္ေစတဲ့ ထိန္းခ်ဴပ္မႈေတြကို တားဆီးတဲ့အတြက္ ႂကြက္သားေတြ ေျပေလွ်ာ့ခ်ိန္မရွိေတာ့ဘဲ တစ္ကိုယ္လုံးမွာရွိတဲ့ ႂကြက္သားေတြ ေတာင့္တင္းလာတာပါ။

ဒီလိုျဖစ္တာ ျပင္းထန္ရင္ ႂကြက္သားေတြစုတ္ၿပဲၿပီး အ႐ိုးေတြ က်ိဴးတာမ်ိဳးအထိ ျဖစ္ႏိုင္ပါတယ္။တျခားလကၡဏာေတြအေနနဲ႔ သြားရည္ေတြ တျမျမက်တာ၊ ေခြၽးေတြ အမ်ားႀကီးထြက္တာ၊ ဖ်ားတာ၊ ဆီး၊ ဝမ္း မထိန္းႏိုင္တာ စသျဖင့္လည္း ျဖစ္တတ္ပါတယ္။

ဒီလိုခံစားရတာက ေလးပတ္ (တစ္လ) ေလာက္အထိ ၾကာႏိုင္ပါတယ္။ လုံးဝျပန္ေကာင္းဖို႔ဆိုရင္ေတာ့ လေပါင္းမ်ားစြာ ၾကာႏိုင္ပါတယ္။ မ်ားေသာအားျဖင့္ မကုသဘဲထားရင္ ေလးရက္အတြင္း ေသႏိုင္ပါတယ္

ေမးခိုင္ေရာဂါကို Generalized Tetanus တစ္ကိုယ္လုံးျဖစ္ေသာေမးခိုင္ ၊ Local Tetanus ခိုက္မိေသာေနရာပတ္လည္မွာ တင္ျဖစ္ေသာေမးခိုင္ ဆိုၿပီး အၾကမ္းအားျဖင့္ ႏွစ္မ်ိဴး ခြဲျခားႏိုင္ပါတယ္။

Generalized Tetanus ကေတာ့ အထက္ကေျပာတဲ့အတိုင္းေတြျဖစ္တာပါ။

Local Tetanus ကေတာ့ တစ္ကိုယ္လုံးမွာရွိတဲ့ ႂကြက္သားေတြ ေတာင့္တာမျဖစ္ဘဲ ဒဏ္ရာနားတဝိုက္က ႂကြက္သားေတြပဲ ျဖစ္တာပါ။ သို႔ေသာ္ ဒီအမ်ိဴးအစားက ျဖစ္တာရွားပါတယ္။

ေမးခိုင္ေရာဂါရဲ႕ ၈၀ရာႏႈန္းေက်ာ္က Generalized Tetanus အမ်ိဴးအစားပါ။

Neonatal Tetanus ေမြးကင္းစကေလးေတြမွာ ျဖစ္ေသာ ေမးခိုင္ေရာဂါ အမ်ိဴးအစားလည္းရွိပါတယ္။ လကၡဏာေတြကေတာ့ Generalized Tetanus နဲ႔တူတူပါပဲ။ ေမြးကင္းစမွာ ဘယ္လိုေၾကာင့္ျဖစ္သလဲဆိုရင္ ေမြးၿပီးလို႔ ခ်က္ႀကိဳးျဖတ္တဲ့အခါမွာ သုံးတဲ့ကိရိယာမသန႔္ရင္၊ ခ်က္ႀကိဳးခ်ည္တဲ့ႀကိဳးေတြမသန႔္လို႔ရွိရင္၊

ဒါ့အျပင္ အထက္မွာေျပာခဲ့တဲ့အတိုင္း ေမြးကင္းစကေလးငယ္ရဲ႕ ခ်က္ထဲကို ဟိုအမႈန႔္ ဒီအမႈန႔္ေတြထည့္ရင္၊ မိခင္ကလည္း ကိုယ္ဝန္ေဆာင္စဥ္မွာ ေမးခိုင္ကာကြယ္ေဆး ႏွစ္ႀကိမ္ျပည့္ေအာင္မထိုးထားရင္ ေမြးကင္းစကေလးမွာ ေမးခိုင္ပိုးဝင္ႏိုင္ပါတယ္။ အထူးသျဖင့္ အိမ္မွာ လက္သည္နဲ႔ ေခၚေမြးတဲ့အခါမ်ိဴးမွာ ေမးခိုင္ပိုး ဝင္ႏိုင္ေျခ ပိုမ်ားပါတယ္။

အဆုံးသတ္အေနနဲ႔ေျပာရရင္ေမးခိုင္ေရာဂါျဖစ္ၿပီဆိုပါက ေသခ်ာကုသတာေတာင္ ျဖစ္တဲ့သူအေယာက္ ၁၀၀မွာ ၁၀ေယာက္နီးပါး အသက္ဆုံးရႈံးတာမ်ိဴးရွိတာရယ္၊ သက္သာတယ္ဆိုရင္ေတာင္မွ လုံးဝျပန္ေကာင္းဖို႔အတြက္ကေတာ့ လေပါင္းမ်ားစြာ ၾကာႏိုင္တာရယ္ေၾကာင့္ ျဖစ္မွကုသတာထက္ မျဖစ္ေအာင္ႀကိဳတင္ကာကြယ္ရပါမယ္။

ဘယ္လို ကာကြယ္ရမလဲ ဆိုတာေတြကေတာ့ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ ဒဏ္ရာတစ္ခုရပါက ေရနဲ႔ဆပ္ျပာနဲ႔ေသခ်ာေဆးပါ။ ထို႔ေနာက္ ဘီတာဒိုင္း (အရပ္ေခၚ) ေဆးနီရည္ထည့္ပါ။ တျခားဘာမွေလွ်ာက္မသိပ္ပါနဲ႔။ ၿပီးရင္ေဆးခန္းမွာ ေမးခိုင္ကာကြယ္ေဆး ခ်က္ခ်င္းထိုးပါ။

ေနာက္ကိုယ္ဝန္ေဆာင္ခ်ိန္မွာလည္း ေမးခိုင္ကာကြယ္ေဆးအနည္းဆုံးႏွစ္ႀကိမ္ျပည့္ေအာင္ထိုးပါ။ ျဖစ္ႏိုင္ရင္ အိမ္မွာမေမြးဘဲ ေဆး႐ုံမွာပဲ ေမြးေစခ်င္ပါတယ္။ ေမြးကင္းစကေလးရဲ႕ ခ်က္ထဲကိုလည္း ဘာမွမထည့္ပါနဲ႔။

မူရင္းပိုစ္အား crd ေပးပါတယ္။

Unicode

မြန်မာလိုတော့ မေးခိုင်ရောဂါ သို့မဟုတ် အရပ်အခေါ်အရ အဆိပ်သင့်တာ လို့ ခေါ်လေ့ရှိပါတယ်။ မြေဆီတွေ မြေဆွေးတွေ၊ ဖုန်မှုန့်တွေ၊ သံချေးတွေထဲမှာ ပေါက်ပွားသော အောက်စီဂျင် မလိုဘဲ အသက်ရှင်နေထိုင်နိုင်တဲ့Clostridium tetani လို့ခေါ်တဲ့(anaerobic spores forming bacilli) ဘက်တီးရီးယားပိုးဝင်လို့ဖြစ်ရတာပါ။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်တဲ့ရောဂါမျိုးတော့ မဟုတ်ပါဘူး။

ဒီမေးခိုင်ရောဂါဟာ ကမ္ဘာအနှံမှာဖြစ်ပွားပါတယ်။ အထူးသဖြင့် ထိုဘက်တီးရီးယားတွေ ပေါက်ပွားနှုန်းမြင့်တဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ အဖြစ်များပါတယ်။ ၁၉၉၀ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းမှာ မေးခိုင်ရောဂါကြောင့် သေတဲ့သူအရေအတွက်ဟာ ၃၅၆၀၀၀ရှိပါတယ်။ နောက်ပိုင်းကာကွယ်ဆေးတွေပေါ်လာတာတောင်၂၀၁၃ခုနှစ်မှာ မေးခိုင်ရောဂါကြောင့် သေတဲ့အရေအတွက်ဟာ ၅၉၀၀၀ ထိရှိဆဲပါ။

ဒါဟာ ဘာကြောင့်လဲဆိုတော့ မေးခိုင်ရောဂါဟာ သံစူးလို့ဖြစ်တယ်လို့ပဲအသိများကြတဲ့အတွက် လူအတော်များများဟာ သံစူးတာ အသားထဲတော်တော် နစ်ဝင်မှပဲ မေးခိုင်ကာကွယ်ဆေးထိုးဖို့ စိတ်ကူးမိကြပါတယ်။ လွဲမှားတဲ့ အယူအဆပါ။ ချေးတက်နေတဲ့ ညှောင့်စူး၊ သံစူးမိတာအပြင် ကြောင်ကုတ်၊ ခွေးကိုက်၊ မျောက်ကုတ်မိတာတွေကနေ တဆင့် ထိုဘက်တီးရီးယားများဟာ ပေါက်ပြဲနေတဲ့ အရေပြားကိုဖြတ်ပြီး ဝင်ရောက်တတ်ကြပါတယ်။

အနည်းဆုံး ပိုးရှိတဲ့ ချွန်သော အရာဝတ္ထုတွေနဲ့ အသာလေးခြစ်မိရင်တောင် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။နောက်ပြီး တစ်ခုခုနဲ့ခိုက်မိခဲ့လို့ ပေါက်ပြဲဒဏ်ရာရှိနေတဲ့ ခြေ၊ လက်နဲ့ မေးခိုင်ပိုးရှိတဲ့ မြေဆွေး၊ ဖုန်တွေကို ကိုင်မိတာ၊ ထိမိရာကနေတဆင့်လည်း မေးခိုင်ရောဂါပိုး ဝင်တတ်ပါတယ်။

ကျွန်တော်တို့ဆီမှာ တစ်ခုထပ်ဆိုးတာက ကလေးတွေဆော့ကစားရာမှ ထိခိုက်ရှနာဖြစ်ပါက ဖုန်မှုန့်၊ နနွင်းမှုန့် စသည်တို့ကို ဒဏ်ရာအတွင်း သိပ်ထည့်တာ၊ သွားကိုက်လျှင် သွားကိုက်သော နေရာကို သံချောင်း အပ် စသည်တို့ဖြင့် ထိုးဆွတာတွေ၊ မွေးကာစကလေးငယ်၏ ချက်အတွင်းသို့ အမှုန့်မျိုးစုံ၊ ဆေးရွက်ကြီးတွေ ၊ဆေးတို့ဖတ်တွေ ထည့်သိပ်တာတွေ တော်တော် လုပ်ကြပါတယ်။ ဒါဟာမေးခိုင်ပိုး မဝင်ဝင်အောင် လုပ်နေသလိုပါပဲ။

မေးခိုင်ပိုး ခန္ဓာကိုယ်ထဲဝင်ရာကနေ ရောဂါလက္ခဏာပြဖို့ ထိခိုက်ဒဏ်ရာ ရရှိတဲ့နေရာပေါ် မူတည်ပြီး ၁၀ရက်ကနေ လအတော် ကြာတတ်ပါတယ်။ ဥပမာ ခြေထောက်မှာ သံစူးတာနဲ့ လက်မှာဖြစ်တာနဲ့ဆို လက်မှာသံစူးရာကနေ မေးခိုင်ပိုးဝင်တာက စောစောလက္ခဏာတွေပြတတ်ပါတယ်။

မေးခိုင်ရောဂါရဲ့ လက္ခဏာတွေကတော့ သူ့နာမည်အတိုင်းပဲ မေးခိုင်တာ(မေးရိုးမှာရှိတဲ့ကြွက်သားတွေတောင့်တင်းပြီး ပါးစပ်ကဟမရတာ) ၊ မျက်နှာမှာရှိတဲ့ ကြွက်သားတွေပါ တောင့်တင်းလာပြီး မျောက်မျက်နှာ (သို့မဟုတ်) စပ်ဖြဲဖြဲ မျက်နှာပုံစံ ဖြစ်လာတာပါ။

မေးရိုးနဲ့ မျက်နှာကြွက်သားတွေ တောင့်ပြီးနောက်ပိုင်း လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ခါး၊ဝမ်းဗိုက်နဲ့ တင်ပါးမှာရှိတဲ့ ကြွက်သားတွေပါ တောင့်တင်းမာကြော လာတတ်ပါတယ်။ ခါးကကြွက်သားတွေ အရမ်းတောင့်တင်းလာတဲ့ အခါလူက ကော့လန်ကြီး ဖြစ်သွားတတ်ပါတယ်။ အရမ်းဆိုးရင် အသက်ရှူတဲ့နေရာမှာ အရေးကြီးတဲ့ ရင်ဝမ်းခြား ကြွက်သားပါ တောင့်တင်းလာတာမျိူး ဖြစ်ပြီး အသက်ရှူမရ ဖြစ်တတ်ပါတယ်။

ဒီလိုမျိူးတွေ ဘာလို့ဖြစ်လဲဆိုတော့ မေးခိုင်ပိုးက tetanospasmin နဲ့ tetanolysin ဆိုပြီးအဆိပ်နှစ်မျိူးကို ထုတ်ပါတယ်။ အဲ့ထဲကမှ tetanospasmin အဆိပ်ဟာ အာရုံကြော တလျှောက်သွားပြီး ကြွက်သားတွေရဲ့ပြေလျော့မှု(muscle relaxation)ဖြစ်စေတဲ့ ထိန်းချူပ်မှုတွေကို တားဆီးတဲ့အတွက် ကြွက်သားတွေ ပြေလျှော့ချိန်မရှိတော့ဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ တောင့်တင်းလာတာပါ။

ဒီလိုဖြစ်တာ ပြင်းထန်ရင် ကြွက်သားတွေစုတ်ပြဲပြီး အရိုးတွေ ကျိူးတာမျိုးအထိ ဖြစ်နိုင်ပါတယ်။တခြားလက္ခဏာတွေအနေနဲ့ သွားရည်တွေ တမြမြကျတာ၊ ချွေးတွေ အများကြီးထွက်တာ၊ ဖျားတာ၊ ဆီး၊ ဝမ်း မထိန်းနိုင်တာ စသဖြင့်လည်း ဖြစ်တတ်ပါတယ်။

ဒီလိုခံစားရတာက လေးပတ် (တစ်လ) လောက်အထိ ကြာနိုင်ပါတယ်။ လုံးဝပြန်ကောင်းဖို့ဆိုရင်တော့ လပေါင်းများစွာ ကြာနိုင်ပါတယ်။ များသောအားဖြင့် မကုသဘဲထားရင် လေးရက်အတွင်း သေနိုင်ပါတယ်

မေးခိုင်ရောဂါကို Generalized Tetanus တစ်ကိုယ်လုံးဖြစ်သောမေးခိုင် ၊ Local Tetanus ခိုက်မိသောနေရာပတ်လည်မှာ တင်ဖြစ်သောမေးခိုင် ဆိုပြီး အကြမ်းအားဖြင့် နှစ်မျိူး ခွဲခြားနိုင်ပါတယ်။

Generalized Tetanus ကတော့ အထက်ကပြောတဲ့အတိုင်းတွေဖြစ်တာပါ။

Local Tetanus ကတော့ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေ တောင့်တာမဖြစ်ဘဲ ဒဏ်ရာနားတဝိုက်က ကြွက်သားတွေပဲ ဖြစ်တာပါ။ သို့သော် ဒီအမျိူးအစားက ဖြစ်တာရှားပါတယ်။

မေးခိုင်ရောဂါရဲ့ ၈၀ရာနှုန်းကျော်က Generalized Tetanus အမျိူးအစားပါ။

Neonatal Tetanus မွေးကင်းစကလေးတွေမှာ ဖြစ်သော မေးခိုင်ရောဂါ အမျိူးအစားလည်းရှိပါတယ်။ လက္ခဏာတွေကတော့ Generalized Tetanus နဲ့တူတူပါပဲ။ မွေးကင်းစမှာ ဘယ်လိုကြောင့်ဖြစ်သလဲဆိုရင် မွေးပြီးလို့ ချက်ကြိုးဖြတ်တဲ့အခါမှာ သုံးတဲ့ကိရိယာမသန့်ရင်၊ ချက်ကြိုးချည်တဲ့ကြိုးတွေမသန့်လို့ရှိရင်၊

ဒါ့အပြင် အထက်မှာပြောခဲ့တဲ့အတိုင်း မွေးကင်းစကလေးငယ်ရဲ့ ချက်ထဲကို ဟိုအမှုန့် ဒီအမှုန့်တွေထည့်ရင်၊ မိခင်ကလည်း ကိုယ်ဝန်ဆောင်စဉ်မှာ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ပြည့်အောင်မထိုးထားရင် မွေးကင်းစကလေးမှာ မေးခိုင်ပိုးဝင်နိုင်ပါတယ်။ အထူးသဖြင့် အိမ်မှာ လက်သည်နဲ့ ခေါ်မွေးတဲ့အခါမျိူးမှာ မေးခိုင်ပိုး ဝင်နိုင်ခြေ ပိုများပါတယ်။

အဆုံးသတ်အနေနဲ့ပြောရရင်မေးခိုင်ရောဂါဖြစ်ပြီဆိုပါက သေချာကုသတာတောင် ဖြစ်တဲ့သူအယောက် ၁၀၀မှာ ၁၀ယောက်နီးပါး အသက်ဆုံးရှုံးတာမျိူးရှိတာရယ်၊ သက်သာတယ်ဆိုရင်တောင်မှ လုံးဝပြန်ကောင်းဖို့အတွက်ကတော့ လပေါင်းများစွာ ကြာနိုင်တာရယ်ကြောင့် ဖြစ်မှကုသတာထက် မဖြစ်အောင်ကြိုတင်ကာကွယ်ရပါမယ်။

ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကတော့ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် ဒဏ်ရာတစ်ခုရပါက ရေနဲ့ဆပ်ပြာနဲ့သေချာဆေးပါ။ ထို့နောက် ဘီတာဒိုင်း (အရပ်ခေါ်) ဆေးနီရည်ထည့်ပါ။ တခြားဘာမှလျှောက်မသိပ်ပါနဲ့။ ပြီးရင်ဆေးခန်းမှာ မေးခိုင်ကာကွယ်ဆေး ချက်ချင်းထိုးပါ။

နောက်ကိုယ်ဝန်ဆောင်ချိန်မှာလည်း မေးခိုင်ကာကွယ်ဆေးအနည်းဆုံးနှစ်ကြိမ်ပြည့်အောင်ထိုးပါ။ ဖြစ်နိုင်ရင် အိမ်မှာမမွေးဘဲ ဆေးရုံမှာပဲ မွေးစေချင်ပါတယ်။ မွေးကင်းစကလေးရဲ့ ချက်ထဲကိုလည်း ဘာမှမထည့်ပါနဲ့။

မူရင်းပိုစ်အား crd ပေးပါတယ်။

Read times
Rate this item
(0 votes)