What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 April 2018 17:03

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ…

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ… google.com

Human immunodeficiency virus သို့မဟုတ် HIV သည် ခန္ဓာကိုယ်အတွင်းရှိခုခံအားကိုကျဆင်းစေသည့် ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။

ဗိုင်းရပ်စ် သည်သွေးနှင့်ခန္ဓာကိုယ်အတွင်းရှိအရည်ထဲတွင်တွေ့ရှိနိုင်ပါတယ်။HIV သည် AIDS(acquired immunodeficiencysyndrome)ဖြစ်ပေါ်စေနိုင်ပြီးကုသ၍မရပါ။ သို့သော်လည်းယနေ့တွင်သွေးထဲရှိ ဗိုင်းရပ်စ်ပမာဏကိုလျော့နည်းအောင်လုပ်ဆောင်နိုင်ပြီဖြစ်ပြီဖြစ်ပါတယ်။ HIVပိုးသည်မည်သူမဆိုကူးစက်နိုင်သော်လည်းလိင်တူချစ်သူများနှင့်ယောကျာင်္းများတွင်ပို၍ဖြစ်ပွားနိုင်ပါတယ်။ HIV ပိုးသည်များသောအားဖြင့်အကာအကွယ်မရှိပဲလိင်ဆက်ဆံခြင်း၊တစ်ခါသုံးဆေးထိုးအပ်၊ဆေးထိုးပိုက် နှင့် မူးယစ်ဆေးမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်ခံရတာဖြစ်ပါတယ်။HIVပိုးပျောက်ကင်းအောင်ဆေးဝါးမရှိသော် လည်းပိုမိုဆိုးရွားမလာအောင်ထိန်းသိမ်းနိုင်ပါတယ်။

AIDS နှင့် HIV ဆက်စပ်ပုံ

AIDS(acquired immunodeficiency syndrome)သည် HIV ပိုး၏အမြင့်ဆုံးအခြေနေဖြစ်ပါတယ်။ဒါဟာခုခံအားကျဆင်းမှုရောဂါဖြစ်ပါတယ်။HIV ပိုးသည်ခန္ဓာကိုယ်အတွင်းရှိသွေးဖြူဥအရေအတွက်ကိုကျဆင်းလာစေပြီးနောက်ဆုံးတွင်ပျက်စီးသွားပါတယ်။ ကျန်းမာသော လူတစ်ယောက်တွင်သွေးဖြူဥ ၅၀၀ မှ ၁၅၀၀ အတွင်းရှိပြီး AIDS ရောဂါခံစားနေရသူတွင် ၂၀၀ အောက်ကျဆင်းသွားပါတယ်။နောက်တစ်ချက်ကတော့ HIV ပိုးသည် သွေးဖြူဥပမာဏကိုလျော့နည်းလာစေပြီးခန္ဓာကိုယ်အတွင်းရှိခုခံအားသည်တစ်ဖြည်းဖြည်းကျဆင်းလာပါတယ်။HIV ပိုးသည်လူအချင်းချင်းကူးစက်တာဖြစ်ပြီး ၁၀ နှစ်အကြာတွင် AIDS ရောဂါဖြစ်ပေါ်လာမှာပါ။ဆေးကုသမှုများတိုးတက်လာတာနှင့်အမျှ AIDS ရောဂါကိုဖြေရှင်းရန်ကြိုးစားနေကြပါတယ်။

အချို့သည်ရောဂါခံစားနေရလျှင်ပထမလေးပတ်တွင်နေမကောင်းဖြစ်ပါတယ်၊သို့သော်လည်းရောဂါလက္ခဏာသည် ၁၀နှစ်ဒါမှမဟုတ်၁၀နှစ်ကျော်အထိပြသခြင်းမရှိပါ။အစောပိုင်းတွင်အခြာရောဂါကူးစက်သကဲ့သို လက္ခဏာ ပြသပါတယ်။ရောဂါလက္ခဏာရှိမရှိသိလိုလျှင်တစ်ခုတည်းသောနည်းလမ်းကတော့စမ်းသပ်ကြည့်ရန်ဖြစ်ပါတယ်။

လက္ခဏာများ

ပထမ၂ပတ်မှ၎ပတ်အတွင်းတုတ်ကွေးရောဂါလက္ခဏာကဲ့သို့ဖြစ်ပါတယ်။ထို့ပြင်ကြွက်သားများကိုက်ခဲခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းများလည်းဖြစ်တတ်ပါတယ်။အချို့လူများကတော့ရောဂါလက္ခဏာအစမှာဖျားနာခြင်းမျိုးမခံစားရပေ။HIV ပိုးသည်အစပိုင်းတွင်စမ်းသပ်သော်လည်းရောဂါလက္ခဏာ ပြသခြင်းမျိုးမရှိသည်များလည်းရှိသည်။

အစောပိုင်းရက်အနည်းငယ်မှရက်သတ္တပတ်အနည်းငယ်အတွင်းပြသနိုင်သောလက္ခဏာများ-

-ဖျားနာခြင်း

-ချမ်းတုန်ခြင်း

-လည်ချောင်းနာခြင်း

-ပါးစပ်တွင်အနာဖြစ်ခြင်း

-ခေါင်းကိုက်ခြင်း

-ညဘက်ချွေးထွက်ခြင်း

-ကြွက်သားများကိုက်ခဲခြင်း

-ဝမ်းပျက်ခြင်း

ကုသရန်ဆေးမရှိသော်လည်းဆေးဝါးများသည်သွေးအတွင်းရှိဗိုင်းရပ်စ်ပိုးပမာဏကိုလျော့နည်းစေသောကြောင့် ကြာရှည်အသက်ရှည်စွာနေထိုင်နိုင်ပါတယ်။သို့သော်လည်းဗိုင်းရပ်စ် ပိုးရှိနေသောကြောင်အခြားသူများကိုကူးစက်နိုင်ပါတယ်။HIV ပိုး၏နောက်ဆုံးအဆင့်လက္ခဏာများတော့-

-ခန္ဓာကိုယ်အလေးချိန်သိသာစွာကျဆင်းခြင်း

-ခဏခဏဖျားနာခြင်း

-လွန်စွာပင်ပန်းနွမ်းနယ်ခြင်း

-ချောင်းအဆက်မပျက်ဆိုးခြင်း

-ပါးစပ်၊စအိုနှင့်လိင်အင်္ဂါတွင်အနာများပေါက်ခြင်း

-မှတ်ဥာဏ်ဆုံးရူံးခြင်း၊စိတ်ဓါတ်ကျခြင်း၊အခြားအာရုံကြောအားနည်းခြင်း

-နာတာရှည်ဝမ်းလျှောခြင်း

-အရေပြားတွင်အစက်အပြောက်များဖြစ်ပေါ်ခြင်း

-အဆုတ်ရောင်ခြင်း

-ညဘက်ချွေးထွက်ခြင်း

လူအများစုဟာ HIV ပိုးကို လိင်ပိုင်းဆိုင်ရာကိစ္စများ၊တစ်ခါသုံးဆေးထိုးအပ်များဆေးထိုးပိုက်များကို အတူတကွသုံးစွဲခြင်းများမှကူးစက်တာဖြစ်ပါတယ်။

ယင်းပိုးဟာသွေး၊သုတ်ရည်နှင့်မိန်းမအင်္ဂါမှထွက်သောအရည်များနှင့်ရင်သားနို့ထဲတွင်ဗိုင်းရပ်စ်အဖြစ်နေထိုင်နိုင်ပါတယ်။၎င်းတို့မှသင့်ရဲ့သွေးကြောထဲသို့ စအိုလမ်းကြောင်း၊လိင်အင်္ဂါ၊နှင့်ပါးစပ် အမြှေးပါးမှတဆင့်ဖြတ်သန်းဝင်ရောက်တာဖြစ်ပါတယ်။

ရောဂါပိုးရှိနေသူနှင့်လိင်ဆက်ဆံမိတဲ့အခါ ကွန်ဒုံးအသုံးမပြု၊ဆေးဝါးမသုံးဆွဲပါကရောဂါပိုးကူးစက်နိုင်ပါတယ်။နောက်ထပ်တစ်ခုကတော့ HIV ရှိနေသူနှင်အတူ့မူးယစ်ဆေးထိုးသွင်းခြင်းပြုလုပ်ခြင်းများမှလည်းကူးစက်ပါတယ်။ရောဂါပိုးရှိသောမိခင်မှ ကလေးမွေးဖွားခြင်းနို့တိုက်ခြင်းမှလည်းကူးစက်နိုင်ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုအလုပ်သမားများသည်တစ်ခါသုံးဆေးထိုအပ်များနှင့်အခြားချွန်ထက်သောအရာဝတ္တုများနှင့်မတော်တဆထိခိုက်မှုမှလည်းကူးဆက်နိုင်ပါတယ်။

တားဆီးဖို့အထိရောက်ဆုံးနည်းလမ်းကတော့ အကာအကွယ်ဖြင့်လိင်ဆက်ဆံခြင်းဖြစ်သည်။လိင်မဆက်ဆံမီမိမိနှင့်လိင်ဆက်ဆံမည့်သူအား HIV ပိုးရှိမရှိမေးမြန်းသင့်ပါတယ်။ကွန်ဒုံး အသုံးပြု၍လိင်ဆက်ဆံခြင်းသည်စိတ်ချရပြီးမည်သည့်နည်းလမ်းမဆိုဆက်ဆံနိုင်ပါတယ်။သင့်တွင် HIV ပိုးရှိသည်ဖြစ်စေသင်နှင့်လိင်ဆက်ဆံသူတွင် ပိုးရှိသည်ဖြစ်စေကွန်ဒုံးအသုံးပြုခြင်းဟာအကောင်းဆုံးအကာအကွယ်ဖြစ်ပါတယ်။သင့်တွင် HIV ပိုးကူးစက်ခံထားရပြီဆိုလျှင် ဆရာဝင်နှင့်ဆွေးနွေးပြီးလိုအပ်သောဆေးများသောက်သုံးသင့်ပါတယ်။

သင်သည် HIV ပိုးရှိသူနှင့်ထိတွေ့မိလျှင် ချက်ချင်းဆေးကုသမှုခံယူပါ၊ post-exposure prophylaxis သည် ၇၂ နာရီအတွင်းပိုးကူးစက်မှုကိုတားဆီးပေးနိုင်ပါတယ်။

HIV ကုသနည်း

ဆေးအမျိုးအစား ၂၅ မျိုးကိုအမေရိကန်နိုင်ငံမှထောက်ခံချက်ပေးထားပါတယ်၊FDA ကလည်း HIV ပိုးကိုကုသရန်ဤဆေးဝါးများကိုပေါင်းစပ်၍ဆေးပြားအဖြစ်လည်းရရှိနိုင်ပါတယ်။

ART က HIV ပိုးကုသတဲ့ဆေးမဟုတ်ပါသို့သော်လည်း ဗိုင်းရပ်စ်ပိုးပျံနှံ့မှုကိုနှေးကွေးစေပြီးအသက်ရှည်ရှည်နေထိုင်နိုင်ပါတယ်။ကူးစက်မှုအန္တရာယ်ကိုလဲလျှော့ချကူညီပေးပါတယ်။

သင်နေမကောင်း၍ HIV နှင့်ထိတွေ့ခဲ့ပြီးပြီလို့သင်ထင်လျှင် ဆရာဝန်နှင့်သွားရောက်ဆွေးနွေးသင့်ပါတယ်။မစမ်းသပ်လျှင်ရောဂါပိုးရှိသည်ကိုမသိရှိနိုင်ပါဘူးဆရာဝင်ထံသွားရောက်စမ်းသပ်၍ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ပါတယ်။သင်သည်ပိုးကူးစက်ခံရကြောင်းသိရှိပါက ၇၂ နာရီအတွင်းကြိုတင်ကာကွယ်မှုပြုလုပ်သင့်ပါတယ်။

ကလေးများတွင် HIV ပိုးသည်လူကြီးများထက်ပိုမိုလျင်မြန်စွာကူးစက်နိုင်ပါတယ်။HIV နှင့်အတူမွေးဖွားလာခဲ့လျှင် ART ဆေးဖြင့်ကုသမှုခံယူလျှင်သူ့အတွက်ပိုမိုကောင်းမွန်ပါတယ်။

ကလေးမွေးဖွားချိန်တွင်ကူးစက်မှုသည်မကြာခဏဖြစ်ပွားတတ်ပါတယ်။မိခင်ကကုသလျှင် ကလေးအတွက်ကာကွယ်နိုင်ပါတယ်။HIV ပိုးရှိတဲ့မိခင်တစ်ယောက်ရဲ့နို့ဟာလဲအန္တရာယ်ရှိပါတယ်။

ကလေးများတွင်စမ်းသပ်မှုအရ မွေးဖွားပြီး၁၄ ရက်မှ ၂၁ရက်အတွင်းမှစတင်ဖြစ်ပွားနိုင်ပြီး၁လမှ၂လ၊၄လမှ၆လအတွင်းလဲဖြစ်ပွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နှင့် HIV

ကလေးမွေးခြင်းသို့မဟုတ်ကလေးမွေးဖွားရန်အစီအစဉ်ရှိပါသလား?HIVပိုးရှိမရှိစမ်းသပ်ပြီးမှကိုယ်ဝင်ယူသင့်ပါတယ်။HIV ပိုးရှိသောကိုယ်ဝန်ဆောင်သည်တစ်ယောက်သည်မိမိတို့ကိုယ်ပိုင်ကျန်းမာရေးသာမကမွေးဖွားလာမည့်ကလေး၏ကျန်းမာရေးကိုလဲဂရုစိုက်ရန်လိုအပ်ပါတယ်။

များသောအားဖြင့် antiretroviral ဆေးကိုကိုယ်ဝန်ဆောင်နေစဉ်အတွင်းအသုံးပြုခြင်းသည်လုံခြုံစိတ်ချရပါတယ်။ထိုဆေးဟာမိခင်ခန္ဓာကိုယ်အတွင်းမှဗိုင်းရပ်ပိုးပမာဏကိုလျှော့ချပေးပြီးသန္ဓေသားထံသို့ ဗိုင်းရပ်စ်ထုတ်ပေးမှု အန္တရာယ်ကိုလဲလျှော့နည်းစေပါတယ်။

Source: health magazine

Read times
Rate this item
(1 Vote)