What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 April 2018 17:14

နို့နှင့် နို့ထွက်ပစ္စည်းများမှတဆင့် လူများဆီကူးစက်နိုင်သောရောဂါများ

နို့နှင့် နို့ထွက်ပစ္စည်းများမှတဆင့် လူများဆီကူးစက်နိုင်သောရောဂါများ google.com

နွားနို့သည် လူမျိုးဘာသာမရွေးကြိုက်နှစ်သက်စွာ သောက်သုံးကြသော အာဟာရပြည်ဝသော အစားအစာတစ်ခုပါ။ ဒါအပြင်နွားနို့ကနေ ဒိန်ချဉ်၊ နို့မလိုင်၊ ထောပတ်၊ နို့ဆီ၊ နို့မှုန့်၊ ကေစင် (Casein) တို့ကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ရရှိကြပါတယ်။  

နွားနို့သည် ကလေး၊ လူကြီး၊ လူပမာ၊ အားကစားသမားများအတွက် အားဖြည့်အစားအစာအဖြစ် အရိုးအဆစ်များဖွံဖြိုးကြံခိုင်ရေး ခန္ဓာကိုယ်ကျန်းမာ၍ ကိုယ်ခံအားကောင်းမွန်စေရေး၊ ဥာဏ်ရည်မြင့်မားရေးတို့အတွက် အထောက်အကူပြုပါတယ်။နွားနိ့ထုတ်လုပ်သူများမှလည်း သန့်ရှင်းလက်ဆတ်သော နွားနို့ရရှိစေရန်အထူးဂရုပြုရန်လိုအပ်ပါတယ်။ နွားနို့တစ်လီတာ ထွက်ရှိရန် သွေး ၅၀၀ လီတာခန့် နို့်အုံသို့ရောက်ရှိရန် လိုအပ်ပါတယ်။ ရောက်ရှိသည့် သွေးအတွင်းရှိ ရေ၊ ဂလူးကို့စ်၊ အဆီဓာတ်နှင့် အသားဓာတ်များကို နို့အုံရှိဆဲလ်များက နို့်အဖြစ်ပြောင်းလဲပေးတာပါ။

နွားနို့တွင်အဆီဓာတ် ၊ပရိုတင်း (အသားဓာတ်)၊သကြားဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်များ၊ အင်ဇိုင်းများ၊ အက်စစ်များ၊ ( ဆစ်ထရစ်အက်စစ်)၊ နိုက်ထရိုဂျင်ဓာတ်ပေါင်းများ ပါဝင်ပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများမှတဆင့် လူများဆီရောဂါကူးစက်နိုင်

နို့နှင့် နို့ထွက်ပစ္စည်းများမှတဆင့် လူတို့ကို ကူးစက်တတ်သောရောဂါများမှာ ကျွဲနွားတီဘီ၊ ဘရူဆယ်လာ၊ သားလျှောရောဂါ၊ ခွာနာလျှာနာရောဂါ၊ ထောင့်သန်းရောဂါ၊ ခွေးရှုးရောဂါနှင့် နို့အုံရောင်ရောဂါ တို့ဖြစ်သည်။ ဒါကြောင့်နွားနို့ကို သောက်သုံးပါက မိနစ် ၂၀ ခန့် အပူပေးပြီးမှ သောက်သုံးပေးသင့်ပါတယ်။

သန့်ရှင်းသော နွားနို့်တွင် ဗက်တီးရီးယား ပိုးကောင်ရေ ၄၀၀၀ ကျော်ခန့်ပါဝင်ပြီး မသန့်ရှင်းသော နွားနို့်တွင် ဗက်တီးရီးယား ပိုးကောင်ရေ တစ်သိန်းကျော်အထိ ပါဝင်နိုင်ပါတယ်။

Image result for cow

ခွာနာလျှာနာရောဂါ၏ ဗိုင်းရပ်စ်ပိုးပါရှိသည့်နို့ကို သောက်သုံးမိခြင်းဖြင့်လူတွင်ရောဂါဖြစ်စေနိုင်သည်။ နွားမ၏ နို့အုံအကျိတ်အတွင်းသို့ ရောဂါပိုးဝင်ရောက်ပြီး နို့အုံအနာဖုအရည်ကြည်မှ ရောဂါပိုးသည် နို့်မှတဆင့်ကူးစက် တတ်ပါတယ်။ ခွာနာလျှာနာရောဂါပိုးပါသည့်နွားနို့်ကို မိနစ် ၂၀ခန့် အပူပေးပါက ပိုးသေစေနိုင်ပါတယ်။

ထောင့်သန်းရောဂါဖြစ်နေသော နွားမနို့ကို သောက်သုံးမိခြင်းဖြင့် လည်းကောင်း၊ အမဲသားတွင်ပါသော ထောင့်သန်းရောဂါပိုးသည် လူ၏ အသားအကွဲဒဏ်ရာအနာများ အတွင်းဝင်ရောက်ပြီးလည်း ရောဂါကူးစက်ပါတယ်။

Related image

ခွေးရူးရောဂါပိုးသည် ခွေးရှုးရောဂါဖြစ်သည့် နွားမနို့အုံထဲတွင် ပါရှိတတ်ပြီး ယင်းနို့ရည်ကို ကိုင်တွယ်ရာမှ ခန္ဓာကိုယ်အကွဲအရှဒဏ်ရာများသို့လည်းကောင်း ၊နွားနို့စိမ်းသောက်သုံးမိရာမှလည်းကောင်း ရောဂါပိုးရောက်နိုင်ပါတယ်။

နွားနို့၏ ကျန်းမာရေးကောင်းကျိုးများ

နွားနို့သည် မြန်မာ့ဆေးကျမ်းကြီးအဆိုအရ လေသည်းခြေကိုနိုင်သည်၊ သလိပ်နှင့် သုက်ကို ပွားစေသည်၊ ခွန်အားနှင့်ကာမကိုအားပေးသည်၊ အသက်ရှည်စေသည်၊ အရိုးကျိုးလျှင်ဆက်စေနိုင်သည်။ သွေးအားနည်းရောဂါ၊ သွေးတိုး၊ ရင်ကျပ်နာ၊ လေမတတ်ဘဲ လေထသည့်ရောဂါ ၊သွေးအန်သွေးလျှံနာ၊ အပူရောဂါ၊ မောပန်းအားနည်းသောရောဂါ၊ ကိုယ်ဝန်လျှောစေသော ရောဂါ၊ ပိန်ကြုံရောဂါတိုးတို့အတွက် အထူးသင့်လျော်ပါတယ်။ ဓာတ်သဘောအရ သီဟတေဇော၊ သီဟပထဝီဓာတ်စာ ဖြစ်ပါတယ်။

ဒါကြောင့် နွားနို့နှင့် နို့ထွက်ပစ္စည်းသုံးစွဲသူများ အသက်အန္တရာယ်ကင်းစင်ဖို့၊ ကူးစက်ရောဂါမဖြစ်ပွားစေဖို့ အတွက်ဂရုပြုသင့်တာလေးတွေကို ဗဟုသုတရဖွယ်ဖော်ပြပေးလိုက်ပါတယ်။

Read: လိင်တူချစ်သူများအတွက် ကျန်းမာရေးဗဟုသုတများ

လိင်တူချစ်သူများအတွက် ကျန်းမာရေးဗဟုသုတများ

 

Read times
Rate this item
(0 votes)