What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 September 2018 11:01

အစာအိမ်ကင်ဆာဖြစ်စေနိုင်သောအကြောင်းအရာများ

အစာအိမ်ကင်ဆာရောဂါသည် အဖြစ်များသောကင်ဆာရောဂါတစ်မျိုးဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအနေဖြင့်ကြည့်လျှင် ကင်ဆာရောဂာများထဲတွင် ပဉ္စမမြောက်အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာရောဂါဖြင့်သေဆုံးမှုတွင် တတိယနေရာတွင်ရှိပါတယ်။ အစာအိမ်ကင်ဆာသည် မျိုးရိုးလိုက်တတ်သလို အခြားသောအကြောင်းအရာများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်သောအကြောင်းအရာများမှာ ဖော်ပြပေးထားပါတယ်။

ငယ်ရွယ်ချိန်တွင်ဖြစ်ခဲ၍ အသက်၅၀ကျော်တွင်အဖြစ်များပါတယ် ၊ ယောကျာ်းများတွင်ပိုအဖြစ်များပါတယ် ၊ ကျောက်မီးသွေးတွင်း၊သတ္တုနှင့် ရာဘာစက်ရုံအလုပ်သမားများတွင်လည်းဖြစ်နိုင်ပါတယ် ၊ ဆေးလိပ်သောက်ခြင်း ၊ အစာအိမ်ခွဲစိတ်မှုခံယူဖူးခြင်း ၊ ‘A’သွေးပိုင်ရှင်များတွင်ပိုအဖြစ်များပါတယ် ၊ ငါးဆားနယ်၊အသားဆားနယ်စသော ငန်သောအစားအစာများ၊ ကျပ်တိုက်ထားသောအစားအစာများ၊ ဆားရည်စိမ်အသီးအရွက်များ စားသုံးခြင်း ၊ ဓာတ်ရောင်ခြည်ထိတွေ့မှုရှိခြင်း စတာတွေမှာ အစာအိမ် ကင်ဆာ အဖြစ်များနိုင်ပါတယ်။

– (pernicious anaemia) ဟုခေါ်သော သွေးအားနည်းရောဂါကြောင့်လည်းဖြစ်နိုင်ပါတယ်။ ထိုရောဂါသည် ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ Vit B12 ချို့တဲ့မှုဖြစ်စေနိုင်သောအကြောင်းအရာများမှာ (၁)မိမိကိုယ်ခံအားစနစ်မှ ကိုယ်ပိုင်ဆဲလ်များအားပြန်တိုက်ခြင်းကြောင့်ဖြစ်သော ရောဂာ( autoimmune disease) ၊(၂) အသား၊ငါး၊အမဲသား၊ဥအမျိုးမျိုး၊နို့နှင့်နို့ထွက်ပစ္စည်းများ စသော Vit B12 ပါဝင်သောအစားအစာများ မစားသုံးခြင်း၊(၃)သံပြားကောင်များရှိခြင်း နှင့် (၄)အစာအိမ်ခွဲစိတ်မှု တို့ဖြစ်သည်။

-( Helicobacter pylori ) ဟုခေါ်သောဘက်တီးရီးယားပိုးကြောင့်လည်းဖြစ်စေနိုင်ပါတယ်။ ထိုပိုးသည် အစာလမ်းကြောင်းတလျှောက်ဝင်၍ အစာအိမ်တွင်နေလေ့ရှိပါတယ်။ သူ့ကြောင့် အစာအိမ်အနာလည်းဖြစ်နိုင်ပါတယ်။ အဆိုပါဘက်တီးရီးယားပိုးရှိသူတိုင်းတွင် အစာအိမ်ကင်ဆာမဖြစ်သော်လည်း (non-cardiac gastric cancer) ကင်ဆာရောဂါရှင်အများစုတွင်ထိုပိုးရှိတတ်ပါတယ်။ သို့ဖြစ်ပါ၍ အစာအိမ်အနာရှိသူနှင့် ဖြစ်ဖူးသူများသည် အစာအိမ်မှန်ပြောင်းကြည့်သင့်၍ ပိုးရှိပါကကျွမ်းကျင်ရာဆရာဝန်နှင့်ပျောက်ကင်းသည်အထိ ပြသသင့်ပါပါတယ်။ ထို (H.pylori) ဘက်တီးရီးယား မကူးစက်စေရန်

– အိမ်သာဝင်ပြီးတိုင်းနှင့် အစာမစားမီတွင်လက်သေချာဆေးရမည်၊ မသန့်ရှင်းသောရေနှင့်အစားအစာများရှောင်ကြဉ်ရမည်။

– မိဘဆွေမျိုးများတွင်ဖြစ်ဖူးလျှင်လည်း ဖြစ်နိုင်ပါတယ်။မျိုးရိုးလိုက်၍အစာအိမ်ကင်ဆာဖြစ်စေနိုင်သောရောဂါများမှာ – hereditary diffuse gastric cancer, lynch syndrome, Peutz-jeghers syndrome အစရှိသည်တို့ဖြစ်ပါတယ်။အထက်ပါရောဂါများ မျိုးရိုးရှိလျှင် ကျွမ်းကျင်ရာဆရာဝန်များ၏လမ်းညွှန်မှုဖြင့် ၂နှစ်(သို့)၃နှစ်လျှင် တစ်ကြိမ်အစာလမ်းကြောင်းမှန်ပြောင်းကြည့်၍ ပုံမှန်စစ်ဆေးမှုခံယူသင့်ပါတယ်။ထိုသို့ပြုလုပ်ခြင်းဖြင့် ရောဂါမကျွမ်းမှီကြိုတင်သိ၍ ကုသမှုခံယူရာတွင်များစွာအကျိုးရှိပါတယ်။

source:mydoctor.com.mm

Read:အရေပြားကျန်းမာရေးအတွက် ဘယ်လိုဗီတာမင်တွေ လိုအပ်ပါသလဲ

အရေပြားကျန်းမာရေးအတွက် ဘယ်လိုဗီတာမင်တွေ လိုအပ်ပါသလဲ

Read times Last modified on Tuesday, 18 September 2018 14:29
Rate this item
(4 votes)