What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 25 September 2018 10:53

ဖရဲသီးဝါဝါလေးကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ချိုချိုရဲရဲဖရဲသီးစိတ်ဆိုတဲ့အသံကို နွေရောက်တိုင်းကြားဖူးမယ်ထင်ပါတယ်။ ဖရဲသီးက  ရေဓာတ်ပါဝင်တာကြောင့်  စားလိုက်ရင်  ချိုချိုလေးနဲ့  ရေငတ်ပြေစေတာတော့ အမှန်ပါ။  ဖရဲသီးက အနီပဲရှိတာတော့မဟုတ်ပါဘူး။
အဝါရောင်လည်းရှိပါတယ်။တွေ့ရတာတော့ရှားပါတယ်။ အနီရောင်ကအသားနည်းနည်းမာ ပြီးအဝါရောင်ကတော့ အသားပွပလေးနဲ့ နူးညံ့မှုပိုပါတယ်။   နှစ်မျိုးစလုံးက   ရေငတ်ပြေစေ ပြီးစားကောင်းတာကတော့အသေအချာပါ။  နွေပူပူမှာဖရဲသီးကို နို့ဆီလေးနဲ့ ခေါက်ပြီး   ရေခဲတုံးထည့်စားရတဲ့  အရသာကစိတ်ကျေနပ်မှုအပြည့်အဝရရှိစေမှာပါ။
အခုတစ်ခေါက်တော့ စားကောင်းတဲ့ ဖရဲဝါချိုချိုလေးစားရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းပြောပြပေးပါရစေ။ အဝါရောင်ဖရဲသီးတစ်ခွက်စာမှာဗီတာမင်  B ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ phosphorous၊  ဗီတာမင် A နဲ့ C  တို့ ပါဝင်နေပါတယ်။
-  မျက်လုံးကျန်းမာစေနိုင်တယ်
ဗီတာမင် A  နဲ့  ကာရိုတီးနွိက်ကြွယ်ဝစွာပါဝင်နေတာကြောင့်မျက်စိဝေဒနာတွေခံစားရနိုင်ခြေကိုလျော့ကျစေပြီးမျက်လုံးကိုကျန်းမာစေနိုင်ပါတယ်။ ဖရဲသီးအဝါကိုပုံမှန်စားသုံးပေးမယ်ဆိုရင်     ဗီတာမင် C ကိုအပြည့်အဝရရှိစေပြီး  မျက်လုံးအတွင်းတိမ်ဖြစ်တာကို ကာကွယ်ပေးနိုင်မှာပါ။
- အစာခြေစနစ်ကိုကျန်းမာစေနိုင်ခြင်း
ဖရဲသီးအဝါကရေဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာအိမ်ကိုအေးမြစေနိုင်ပါတယ်။ အစာခြေစနစ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်ကိုရရှိစေတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေပြီး    အစာအိမ်အူ လမ်းကြောင်းမှာအနာတွေရှိရင်လည်း  သက်သာပျောက်ကင်းစေနိုင်ပါတယ်။
- ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ခြင်း
ဖရဲသီးအဝါရောင်မှာ   ခန္ဓာကိုယ်အတွက်စွမ်းအင်တွေကိုအဆီအဖြစ်စုဆောင်းထားတဲ့  ဆဲလ်တွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီးအမျှင်နဲ့ ရေဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်  ကယ်လ်လိုရီတွေအများကြီး    မစားမိအောင်ကာကွယ်ပေးနိုင်ပါတယ်။   ဒါကြောင့်နေ့စဉ် ဖရဲသီးအဝါ  တစ်ခွက်စာစားသုံးပေးတာက ကိုယ်အလေးချိန်ကိုထိန်းညှိရာမှာအထောက်အကူပြုနိုင်မှာပါ။
- ကိုယ်ခံအားကောင်းစေနိုင်ခြင်း
ဖရဲသီးအဝါမှာပါတဲ့  ဗီတာမင်  B6  က ရောဂါတွေကိုဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့   ပဋိပစ္စည်းတွေထုတ်လုပ်မှုကို   တိုးတက်စေနိုင်ပါတယ်။   ဒီဗီတာမင်ကပရိုတင်း တွေကိုချေဖျက်ရာမှာ အထောက်အကူပြုပေးပြီး   ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်စုပ်ယူမှုကိုကောင်းမွန်အောင်အထောက်အပံ့ပေးပါတယ်။ ဗီတာမင် C   ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို Free radical   တွေကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
-  နှလုံးကျန်းမာစေနိုင်ခြင်း
ဖရဲသီးအဝါရဲ့ အခွံမှာပါတဲ့အဖြူသားကအမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးသွေးဖိအားကို ထိန်းညှိပေးနိုင်တာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။
-   ကျောက်ကပ်လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ခြင်း
ဖရဲသီးအဝါက ခန္ဓာကိုယ်ကလိုအပ်တဲ့ ရေဓာတ်ရဲ့  ၃၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်တာကြောင့်   ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး    ကျောက်ကပ်မှာကျောက်မတည်အောင်ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပါတယ်။
-   ကင်ဆာကာကွယ်ပေးတယ်
ကာရိုတီးနွိုက်ပါဝင်မှုကြောင့် ကင် ဆာ ကိုထိထိရောက်ရောက်တိုက်ဖျက် ပေး နိုင် ပါတယ့် အဝါရောင်နဲ့ အစိမ်းရောင်ရှိတဲ့ သစ်သီးဝလံတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးမှုကကင် ဆာရောဂါဖြစ်နိုင် ခြေကိုသိသိလျှော့ချပေးနိုင်တယ်လို့ သုတေသနပြုမှုတွေအရသိရပါတယ်။  ဒါကြောင့် ဖရဲသီးအဝါရောင်ကိုစားသုံးပေးတာက လည်းကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
- ကြွက်သားနာကျင်တာနဲ့ပင်ပန်းနွမ်းနယ်တာ ကိုလျော့ပါးသက်သာစေနိုင်ခြင်း
ဖရဲသီးအဝါရောင်မှာ citrulline ပါဝင်နေတာကြောင့် ကြွက်သားတွေနာကျင်မှုကိုလျော့ပါးသက်သာစေမှာပါ။ Citrulli-ne  က   သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီးလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာခံစားရတတ်တဲ့  ကြွက်သားတွေညောင်းညာမှုကိုသက်သာစေနိုင်ပါတယ်။  အားကစားသမားတွေအနေနဲ့  ဖရဲသီးအဝါရောင် ဖျော်ရည်ကိုသောက်သုံးပေးသင့်ပါတယ်။
-သတိထားရမယ့်အချက်
ဖရဲသီးအဝါကကျန်းမာရေးအတွက်ကောင်းတာမှန်ပေမဲ့  အလွန်အကျွံစားသုံးရင်တော့ ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်တာကြောင့် ဖရဲသီးအဝါရောင်ကို အလွန်အကျွံစားသုံးတာမျိုး မလုပ်သင့်ပါဘူး။  ဖရဲသီးအဝါက ရေဓာတ်ကြွယ်ဝပေမဲ့လိုအပ်တဲ့ အာဟာရအပြည့်အဝကိုတော့မပေးစွမ်းနိုင်ပါဘူး။ နောက်တစ်ချက်က  နှလုံးခုန်မမှန်တဲ့သူတွေ နှလုံးခုန်မြန်တဲ့သူတွေအနေနဲ့ ဖရဲသီးအဝါရောင်ကိုအများကြီးမစားသင့်ပါဘူး။  ဆီးချိုရှိသူတွေအနေနဲ့လည်း ဖရဲသီးအဝါရောင်က အချိုဓာတ်ကဲတာကြောင့်မစားသုံးသင့်ပါဘူး။   
Source:kumudranews
Read times
Rate this item
(1 Vote)