What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 November 2022 14:54

သွားတိုက်ပြီးပြီးခြင်း အမြှုပ်ကိုပလုတ်ကျင်းသင့်မကျင်းသင့်

လူအတော်များများဟာ သွားတိုက်ပြီးရင် အားရပါးရပလုတ်ကျင်းပြီး အမြှုပ်တွေကို ထွေးပစ်တတ်ကြပါတယ်။ ပလုတ်ကျင်းရင်လဲ တစ်ခါနှစ်ခါမက အမြှုပ်တွေမကုန်ကုန်အောင်ထိ ပလုတ်ကျင်းလေ့ရှိကြပါတယ်။

 

ပြောရရင်တော့ သွားတိုက်ပြီး အမြှုပ်တွေကုန်အောင် ရေနဲ့ အားရပါးရကျင်းပစ်တာ မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်ပါလဲ။

 

သွားတိုက်ဆေးထဲမှာပါတဲ့ ဖလူအိုရိုက်ဒ် ဓာတ်တွေဟာ သွားတိုက်နေတဲ့အချိန် ခံတွင်းထဲမှာ ကပ်နေရုံသာ ကပ်နေပြီး အာနိသင်မပြရသေးပါဘူး။ ပုံမှန်သွားတိုက်ချိန်ဟာ သုံးမိနစ်ရှိသင့်ပေမယ့် (အတော်များများရဲ့အကျင့်အရ) သုံးမိနစ်တောင်မကြာအောင် သွားကိုပြီးစလွယ်တိုက်ပြီး အမြှုပ်တွေကုန်အောင် ပလုတ်ကျင်းတဲ့အခါ သွားပေါ်မှာ ဖလူအိုရိုက်ဒ်ဓာတ်တွေဟာ သုံးမိနစ်ကြာအောင်တောင် နေခွင့်မရကြပါဘူး။ အမှန်တကယ်ဆိုရင် သွားတိုက်ပြီးချိန်မှာ အမြှုပ်တွေကို ထွေးပစ်ရုံနဲ့ လုံလောက်ပါတယ်။ ပါးစပ်ထဲမှာ အမြှုပ်အကြွင်းအကျန်တွေနဲ့ မနေတတ်တဲ့သူတွေအဖို့တော့ တစ်ခါလောက် ညင်ညင်သာသာ ပလုတ်ကျင်းပေးရုံနဲ့ လုံလောက်ပါတယ်။ အကျင့်ရှိသွားရင်တော့ ပါးစပ်ထဲက အမြှုပ်တွေကို ကုန်အောင်ထွေးရုံနဲ့နေတတ်သွားကြမှာပါ။ ဖလူအိုရိုက်ဒ်ဓာတ်ဟာ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အလွန်အရေးကြီးတာမို့ သူတို့ကို ပါးစပ်ထဲမှာ ပျော်ခွင့်ပေးလိုက်ကြပါနော်.......

 

 

Ref: Mydoctor

Read times
Rate this item
(0 votes)