What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 26 September 2018 11:09

မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေ ဖယ်ရှားနည်း

အမျိုးသားတွေအတွက် မျက်ခုံးမွှေး၊ နူတ်ခမ်းမွှေးထူနေခြင်းဟာ ဆွဲဆောင်မှုတစ်မျိုးဖြစ်နေပေမယ့် မိန်းကလေးတွေအတွက် ကတော့ ရုပ်ပျက်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လဲ မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးမျှင်တွေကို ဖယ်ရှားဖို့ အမြဲတမ်းလို နာကျင်စေတဲ့ နည်းလမ်းတွေ သုံးစရာမလိုပါဘူး။ မလိုအပ်တဲ့အမွှေးမျှင်တွေဖယ်ရှားဖို့ တခြားသူတွေ ရိတ်ပစ်တဲ့နည်းလမ်းတွေ၊ နာကြင်စေတဲ့နည်းလမ်းတွေ သုံးနေစဉ်မှာ အက်မင်ကတော့ လူသက်သာစေတဲ့ သဘာဝနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်နီ၊ ပင်စိမ်း

လိုအပ်သည်များ
ကြက်သွန်အလတ်စား ၂လုံး
ပင်စိမ်း ၁၂ ရွက်

ပြုလုပ်ပုံ

အသားပေါ်မှာ ကပ်ထားလို့ရတဲ့အနေအထားလောက်ရအောင်ကြက်သွန်နီကိုလှီးပါ။ လှီးပြီးသားကြက်သွန်ကို ပင်စိမ်းရွက်တို့နဲ့ ပျစ်ချွဲသွားအောင်ကြိပ်ချေပါ။ အဲ့ဒီနောက် မိနစ် ၂၀ ခန့်ကိုယ်အသုံးပြုချင်တဲ့ နေရာမှာထားပါ။ ပြီးနောက်ရေနွေးနဲ့ရေဆေးချပါ။ တစ်ပတ်ကိုလေးကြိမ်ခန့် တစ်လ (သို့) နှစ်လ လုပ်ပေးနိုင်ပါတယ်။
လာဗင်ဒါ ၊ tea tree oil

လိုအပ်သည်များ

လာဗင်ဒါအဆီ စားပွဲတင်ဇွန် တစ်ဇွန်း
Tea-tree oil ၆ စက်

ပြုလုပ်ပုံ

ခွက်တစ်ခုတည်းမှာ လာဗင်ဒါ အဆီနဲ့ tea-tree oil ကိုရောစပ်ပါ။ ရောစပ်ပြီးသားအဆီကို ဂွမ်းစနဲ့ယူပြီး ကိုယ်သုံးချင်တဲ့နေရာပေါ်လိမ်းပေးပါ။ တစ်နေ့ကို ၃ ကြိမ် အနည်းဆုံး (၃) လ လုပ်ပေးပါ။ သတိပြုရမှာတော့ ဝက်ခြံဖြစ်လွယ်ပြီး အဆီပြန် တတ်တဲ့အသားရေပိုင်ရှင်တွေအသုံးမပြုသင့်ပါဘူး။
သကြား၊ ပျားရည်

လိုအပ်သည်များ
ပျားရည် စားပွဲတင်ဇွန် ၁ ဇွန်း
သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
ရေ ၁ ဇွန်း

ပြုလုပ်ပုံ

ရေခွက်တစ်ခုတည်းသို့သကြား၊ ပျားရည်၊ ရေတို့ကိုပေါင်းထည့်ပါ။ မိုခရိုဝေ့ဗ် ထဲကို ၃၀ စက္ကန့်ထားပြီး စေးပျစ်သွားအောင်ကြိုပါ။

အသုံးပြုပုံ

စေးပျစ်နေသော ပျားရည်၊ သကြား၊ ရေတို့ကို မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးမျှင်တွေရှိတဲ့နေရာမှာလိမ်းပါ။ အဲ့ဒီအပေါ်မှာ အဝတ်ပါးပါးတစ်ခုထာပြီးအချိန်အနည်းငယ်ယူပါ။ အမွှေးမျှင် ရှင်သန်တဲ့လားရာနဲ့မတူညီတဲ့ဘက်ကို အဝတ်စနဲ့ပွတ်ဆွဲပါ။ အကြိမ်ရေကတော့ လိုအပ်သလို လုပ်ပေးနိုင်ပါတယ်။ ဒီနည်းကိုတော့ peel-off mask လို့ခေါ်ပါတယ်။ မျက်နှာအသားရေတိုင်းကိုအသုံးပြုပေးနိုင်ပါတယ်။ သတိပြုရမှာက အခုဖော်ပြပေးခဲ့တဲ့နည်းလမ်းတွေအားလုံးဟာ မျက်နှာပေါ်က မလိုအပ်တဲ့အမွှေးအမျှင်တွေအတွက်သာ အသုံးဝင်တာဖြစ်ပါတယ်။

Source:mingalarbarmorning.com

Read: ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

ကျောက်ကပ်ပြဿနာတွေ ကင်းစေဖို့ ဘာတွေစားရမလဲ

Read times Last modified on Wednesday, 26 September 2018 11:23
Rate this item
(0 votes)