What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 October 2018 16:25

ကျောရိုးစောင်းရောဂါဆိုတာ ဘာလဲ

ကျောရိုးစောင်း ရောဂါဆိုသည်မှာ ကျောရိုးသည် သွေဖယ်၍ အပြည့်ကွေးသွားသော အခြေအနေတစ်ခု ဖြစ်ပါတယ်။
ကွေးသွားသော ကျောရိုး၏ ဒီဂရီကို ထောင့်ဖြင့် တိုင်းတာ နိုင်သည်။ ထောင့်ကျယ်လေ ကျောရိုးစောင်း ရောဂါ ပြင်းထန်လေဖြစ်သည်။ ကလေးငယ်များတွင် ကျောရိုးသည် ၃၀ ဒီဂရီ အောက် ကွေးသော အဆင့်တွင် ရှိပါက တင်းကျပ်စွာ စောင့်ကြည့်ရန် မလိုပါ။ ပိုဆိုးလာသည်မှာလည်း ရှားပါးပါတယ်။ ကျောရိုးစောင်းခြင်းသည် ၅၀-၇၅ ဒီဂရီဖြစ်ပါက ဆရာဝန်ဆီမှ အားကောင်းသော ကုသမှု ခံယူရပါမည်။ ကျောရိုးစောင်းရောဂါသည် ကလေးဘဝတွင် စတင်လေ့ ရှိပြီး လူကြီးအရွယ်တွင် ပိုဆိုးလာနိုင်ပါတယ်။
ကျောရိုးစောင်း လူနာအများစုသည် အသက်ငယ် ( ၁၀နှစ်အောက်) တွင် စတင်ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။
ကျောရိုးစောင်းရောဂါ ဖြစ်သော ကလေးအများစုသည် ရောဂါလက္ခဏာများ မရှိသော်လည်း တစ်ဖက်သို့စောင်း၍ ခါးကုန်းခြင်း သို့မဟုတ် ရှေ့သို့ကုန်းရာတွင် ပုခုံးတစ်ဖက် သည် အခြားတစ်ဖက်ထက် မြင့်နေခြင်း တို့ဖြစ်နိုင်ပါတယ်။ ကလေး၏ တင်ပါးဆုံသည်လည်း မညီဖြစ်ကာ တစ်ဖက်သို့ စောင်းနေနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူများတွင် ကျောရိုးနာကျင်ခြင်းသည် ပြင်းထန်သော ကျောရိုးစောင်းရောဂါ၏ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပါသည်။ ရောဂါလက္ခဏာများမှာ – အရပ်နိမ့် ခြင်း၊ နံရိုး ထောင်တက်ခြင်း သို့မဟုတ် ဝခြင်းကြောင့် မဟုတ်ဘဲ ခါးတိုင်း ပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။ ခါးပြောင်း လဲမှုဖြစ်လေ သင့်အခြေအနေ ဆိုးရွားလာလေ ခြင်းပါဘဲ။
ကျောရိုးသည် ဆိုးရွားစွာ ကွေးလာပါက လူနာသည် မောပန်းခြင်း၊ ကျောရိုးနာခြင်း နှင့် အသက်ရှုကြပ်ခြင်း တို့ကို အဆိုးဆုံး ခံစားရမည်။ ကျောရိုးစောင်းရောဂါသည် အထူး သဖြင့် ဆယ်ကျော်သက်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ များကိုလည်း ပြင်းထန်စွာ ဖြစ်စေတက်ပါတယ်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အနည်းငယ်သာ ကွေးပါက သင်သည် မည်သည့် လက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ သို့သော် အခြားသူများ မြင်နိုင်ပါသည်။ ထို့ကြောင့် သင့် သူငယ်ချင်း သို့မဟုတ် ဆွေ မျိုးထဲတွင် မတ်မတ်ရပ်နေသော်လည်း ကျောရိုး မမတ်ပါက သူတို့ကို ဆရာဝန်ဆီသို့ တတ်နိုင်သလောက် အမြန် သွား ရောက်ပြသရန် ပြောသင့်ပါတယ်။
ကျောရိုးကွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ ကို တိကျစွာ မသတ်မှတ်နိုင်သေးပါ။ မျိုးဗီဇ အချက်များ ကြောင့် ဖြစ်နိုင်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် ဖြစ် သော ကျောရိုးစောင်းရောဂါသည် ရှားပါးသော မွေးရာပါ ချို့ ယွင်းချက်များဖြစ်သော-
 ခြေထောက် အတိုအရှည် မညီခြင်း
 မွေးရာပါ ကျောရိုး ရောဂါများ
 အာရုံကြော ရောဂါများ ကြောင့် ဖြစ်ပါသည်။
ကျောရိုးစောင်းရောဂါဖြစ်နိုင်ချေကိုဘာတွေက မြင့်စေသလဲ။
သင့်မိသားစုတွင်းတွင် ကျောရိုးစောင်းရောဂါ ဖြစ်ဖူးပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။
လူအတော်အများသည် လမ်းလျှောက်ပုံမမှန်ခြင်း၊ အာဟာရ နည်းပါးခြင်း၊ သို့မဟုတ် လေ့ကျင့်ခန်း အမှားများ ပြုလုပ်ခြင်းကြောင့် ကျောရိုးစောင်း ရောဂါ ဖြစ်သည်ဟု ယူဆ ကြသော်လည်း ထိုအရာများမှာ မှားယွင်းပါသည်။
ထို အချက်များသည် ကျောရိုးစောင်းရောဂါကို မဖြစ်စေသော် လည်း အခြားရောဂါများ ဖြစ်သော မျက်ကြည်လွှာ အာရုံ ခံစားမှု ယိုယွင်းလာခြင်း၊ ကျောရိုးနာဗ်ကြိုး ရောင်ရမ်းခြင်း သို့မဟုတ် ထိခိုက်ခြင်း တို့ကို ဖြစ်စေပါတယ်။
Source:hellosayarwon
 
ဒေါ်ဖီနယ်လ် (Dolfenal) အကိုက်ခဲပျောက်ဆေး အကြောင်း
 
Read times Last modified on Thursday, 18 October 2018 16:53
Rate this item
(1 Vote)