What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 March 2017 10:32

ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝလုံးဝ မစားသင့်သော အစားအစာများ

ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝလုံးဝ မစားသင့်သော အစားအစာများ Google.com

အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ အရေးကြီးတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် နေစဉ်အတွင်း ဓာတုပစ္စည်း ညီညွတ်မျှတမှု၊ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးတွေ ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။

မိခင်စားတဲ့ အစားအစားများဟာ သန္ဓေသားအတွက်ပါ အာဟာရဖြစ်အောင် စားဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ကာလမှာ အစားရှောင်တတ်ကြပေမယ့် ရှောင်တဲ့အစားအစာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ လုံးဝလုံးဝ မစားသင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

၁. အားဖြည့်ဆေးဝါးများ

အားဖြည့်ဆေးဝါး အများစုမှာ သားအိမ်ကို ကျုံ့စေနိုင်တဲ့ contraction ရရှိစေနိုင်တဲ့ abortifacient ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် အဲဒီဆေးဝါးတွေကို များများမှီဝဲပါက ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။

၂. မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ

မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေပေါ်မှာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ရှိနေတတ်တာမို့ ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးရင် အစာအဆိပ်သင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၃. သင်နှင့် ဓာတ်မတည့်သော အစားအစာများ

ကိုယ်ဝန်ဆောင်ကာလမှာ သင်မစားဖူးတဲ့ အစားအစာတွေကို အရသာခံဖို့ မသင့်လျော်ပါဘူး။ သင်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားပါနဲ့။ သင့်သန္ဓေသားပေါ်မှာလည်း တုံ့ပြန်နိုင်တာကြောင့်ပါ။

၎. ဆေးသကြား

ဆေးသကြားပါဝင်တဲ့ အချိုရည်တွေက လမစေ့ကလေး မွေးဖွားနိုင်ခြေကို မြင့်မားနိုင်စေပါတယ်။

၅. ပျားရည်

ပျားရည်က အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ဖို့အတွက် အခွင့်အလမ်း နည်းပါးလှပေမယ့် ကိုယ်ဝန်ဆောင်ကာလမှ ပျားရည် အလွန်အကျွံသောက်တာက သန္ဓေသားမှာ အစာအဆိပ် အတောက်ဖြစ်နိုင်ပါတယ်။

၆. အစာအကျန်များ

သင်စားလို့ မကုန်တဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲ သိမ်းထားပြီး နောက်တစ်နေ့မှာ ပြန်စားဖို့ဆိုတာ ကိုယ်ဝန်ဆောင်တွေနဲ့ မသင့်လျော်လှပါဘူး။ အဲဒီအစာတွေထဲမှာ ဘက်တီးရီးယားတွေ စုဆောင်းနိုင်နေတာကြောင့် မိခင်ရော၊ ကလေးမှာပါ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရရှိနိုင်ပါတယ်။

 ၇. မကျက်တကျက် ပြုတ်ထားသော ကြက်ဥ

ကိုယ်ဝန်ဆောင်ကာလမှာ ကြက်ဥစားတာက ကလေးအတွက် ပရိုတင်းဓာတ်ရရှိစေနိုင်ပေမယ့် မကျက်တကျ ပြုတ်ထားတာ ဒါမှမဟုတ် ကြက်ဥအစိမ်းစားတာက သန္ဓေသားကို ဒုက္ခပေးတတ်ပါတယ်။ ကြက်ဥ မကျက်တာကြောင့် သူ့မှာ ပါဝင်တဲ့ ဆာမိုနဲလား ပိုးမွှားတွေက အချင်းမှ တစ်ဆင့် သန္ဓေသားဆီကို ရောက်ရှိသွားကာ ကလေးမှာ ရောဂါရရှိသွားနိုင်ပါတယ်။ မိခင်မှာလည်း အဲဒီပိုးကြောင့် ဖျားတာ၊ ပျို့တာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

၈. သေချာဆူအောင် မကျိုချက်ထားသော နွားနို့

ကိုယ်ဝန်ဆောင်ကာလမှာ နွားနို့သောက်တာက သင်ရဲ့ ကယ်လ်စီယမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် ပွက်ပွက်ဆူအောင် ကျိုချက်မထားတဲ့ နွားနို့ကို မသောက်မိခဲ့ရင် နို့မှာ ပါဝင်တဲ့ လစ်စတီးရီးယား ဘက်တီးရီးယားပိုးတွေ ကူးစက်နိုင်ပါတယ်။ နွားနို့များများ သောက်တာကလည်း ပေါင်ချိန်များတဲ့ ကလေးတွေ မွေးဖွားလာနိုင်တဲ့အတွက် ကလေးမွေးစဉ်က ကာလမှာ အခက်အခဲတွေ့နိုင်ပါတယ်။

၉. မကျက်တကျက် ပင်လယ်စာ

သေချာချက်ပြုတ်မထားတဲ့ ပင်လယ်စာ၊ ငါးစိမ်း၊ ပုစွန်စိမ်းတွေ စားသုံးတာကလည်း မိခင်ရော၊ သန္ဓေသား အတွက်ပါ ရောဂါပိုးတွေ ရရှိနိုင်ပြီး ပြဒါးပမာဏမြင့်မားစွာပါဝင်တဲ့ တူနာငါးတွေ စားသုံးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။ တူနာငါးများများစားတဲ့ မိခင်မှ မွေးလာတဲ့ကလေးတွေရဲ့ IQ က နိမ့်ပါးနေတတ်တယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ငါးတွေမှာ များစွာပါဝင်တဲ့ အိုမီဂါ ၃ အဆီက ကလေးငယ်ကြီးထွားဖို့နဲ့ မိခင်ကျန်းမာရေးအတွက် လိုအပ်နေသေးတာကြောင့် ရေချိုငါးတွေဖြစ်တဲ့ ငါးရံ့၊ ငါးခူ၊ ကကတစ်၊ ငါးကွမ်းရှပ်တွေကိုတော့ စားသုံးသင့်ပါတယ်။

၁၀. ဆေးဖက်ဝင် လက်ဖက်ရည်များ

Green tea လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်တွေကို ကိုယ်ဝန်ဆောင်ကာလမှာ သောက်ခဲ့ရင် ပေါင်မပြည့်တဲ့ကလေးတွေ မွေးဖွားနိုင်ခြေ မြင့်မားပါတယ်။ ကဖင်းနဲ့ အယ်လ်ကိုဟောတွေကလည်း ကလေးရဲ့ ကြီးထွားမှုအပေါ် ဆိုးကျိုးဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့အတွက် မွေးရာပါချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။

Source: ကိုယ်ဝန်ဆောင် ကျန်းမာရေး

Read times
Rate this item
(6 votes)