What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 April 2018 14:13

မီးခိုးငွေ့ နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့ အန္တရာယ်မှ ကာကွယ်နည်း(၅) ချက်

မီးခိုးငွေ့ နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့ အန္တရာယ်မှ ကာကွယ်နည်း(၅) ချက် google.com

(၁) လေထုထဲမှာ ပါဝင်တဲ့ ကာဗွန် မိုနောက်ဆိုဒ်တွေကြောင့် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်တွေ နဲ့ ရောဂါအခံ ရှိသူတွေဟာ ဖြစ်နိုင်ရင် အပြင် မထွက်ဘဲ အိမ်ထဲမှာပဲ နေသင့်ပါတယ်။

(၂) လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်စေဖို့ Antioxidant ကြွယ်ဝတဲ့ အသီးအရွက်တွေကို များများ စားသုံးပေးသင့်ပြီး ရေ၊ Detox Water ဒါမှမဟုတ် ဓာတ်ဆားရည်တို့ကို များများသောက်သုံး ပေးသင့်ပါတယ်။

(၃) မဖြစ်မနေ အပြင်ထွက်ရမယ့် အခါမျိုးတွေမှာလည်း လေထုညစ်ညမ်းမှု အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ဖို့ Mask တပ်ပြီး သွားသင့်ပါတယ်။

(၄) အခန်းတွင်းလေထုကို သန့်စင်ပေးနိုင်ဖို့ air purifier တွေတပ်ဆင်အသုံးပြုနိုင်သလို အခန်းတွင်းမှာ အပင်ငယ်လေးတွေ စိုက်ပျိုးထားခြင်းကလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

(၅) လေထုညစ်ညမ်းမှု မြင့်တက်နေတဲ့ အချိန်မျိုးမှာ ပြင်းထန်တဲ့ အားကစားတွေနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

 

 Read: သတိထားသင့်သော မီးခိုးငွေ့ နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့ အန္တရာယ်

သတိထားသင့်သော မီးခိုးငွေ့ နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO) ဓာတ်ငွေ့ အန္တရာယ်

 

Read times
Rate this item
(1 Vote)