What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 October 2018 13:19

ဝိတိုရိယဆေးရုံ၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များကို အခမဲ့ ခွဲစိတ်ပေးမည်

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို အောက်တိုဘာ ၂၂ ရက်မှ နိုဝင် ဘာ ၂၂ ရက်အထိ အခမဲ့ခွဲစိတ် ပေးမည်ဟု ဝိတိုရိယဆေးရုံ၏ CEO ဒေါက်တာ အေးအေးစန်းက ပြောသည်။

အဆိုပါ အစီအစဉ်ကို ဝိတို ရိယကျန်းမာရေးထောက်ပံ့ကူညီ စောင့်ရှောက်မှု ဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance for Smiles Organization တို့ ပူး ပေါင်းပြုလုပ်ခြင်းဖြစ်ပြီး မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး များအတွက် လှပသော အပြုံးပိုင် ရှင်များနှင့် အောင်မြင်သော အ နာဂတ်များ ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်သည်။

‘‘ဒီမှာ လာပြတဲ့ကလေးတွေ လည်း ပါတယ်။ ပြီးတော့ ရွှေ ပါရမီဖောင်ဒေးရှင်းတို့၊ မိခင်နဲ့ ကလေးတို့က ရှာပေးတာတွေ လည်း အများကြီးပါပါတယ်’’ဟု ဒေါက်တာ အေးအေးစန်းက ပြော သည်။

လက်ရှိတွင် ခွဲစိတ်ကုသရန် စာရင်းပေးသွင်းထားသူ ၁၀ လမှ (၁၀)နှစ်အရွယ် ကလေးငယ် စုစုပေါင်း ၁၃၀ ဦးရှိပြီး ယင်းကလေးငယ်များကို စစ်ဆေးကာ ခွဲစိတ်ကုသရန် သင့်လျော်သည့် ကလေးငယ်များကို ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများ အပါအဝင်မြန်မာနိုင်ငံမှ ဆရာဝန်များက ပူးပေါင်းခွဲစိတ်မည်ဖြစ်သည်။

ယင်းကလေးငယ်များကို အခမဲ့စစ်ဆေးပေးခြင်း၊ ခွဲစိတ် ကုသခြင်းအပြင် နယ်များမှ လာ ရောက်သူများအတွက် နေရာ ထိုင်ခင်းများ စီစဉ်ပေးခြင်း၊ အစားအသောက်များ စီစဉ်ပေးခြင်းနှင့် ခရီးစရိတ်ထောက်ပံ့ခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ်သည်။

ယခုအစီအစဉ်သည် ခြောက်ကြိမ်မြောက် ခွဲစိတ်ခြင်းဖြစ်ပြီး ၂၀၁၄ ကစတင်ကာ ခွဲစိတ်ပေး ခြင်းဖြစ်ကာ ၂၀၁၇ အထိ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲကလေးငယ် စုစု ပေါင်း ၄၅၁ ဦးကို အခမဲ့ခွဲစိတ် ကုသပေးခဲ့သည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဆို သည်မှာ မွေးရာပါ နှုတ်ခမ်း (သို့ မဟုတ်) အာခေါင်တွင်သော် လည်းကောင်း၊ နှစ်ခုစလုံးတွင် သော်လည်းကောင်း၊ အက်ကွဲ ကြောင်းရှိနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ ကလေးများ မွေးဖွားလာ နိုင်ခြေသည် လူဦးရေ ၈၀၀ တွင် တစ်ဦးနှုန်းဖြစ်ပြီး အာရှတိုက်နှင့် အိန္ဒိယ၊ အမေရိကန်မျိုးနွယ်စုတို့ ၌ ပိုမိုအဖြစ်များသည်။

ယင်းရောဂါများသည် မျိုးရိုး လိုက်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်က အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဗိုင်းရပ်စ်ပိုး၊ ဓာတုပစ္စည်းများ၊ ပိုးသတ်ဆေး၊ ခဲဆိပ်သင့်ခြင်း၊ သတ္တုအဆိပ်သင့်ခြင်းတို့ကြောင့် အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲကလေးငယ်များ မွေးဖွားလာနိုင်ပြီး ယင်းချို့ယွင်းချက်များကြောင့် ကလေးငယ်များတွင် နောက်ဆက်တွဲဆိုးကျိုးအဖြစ်စကားမပြောနိုင်ကာ အကြားအာရုံထိခိုက်၍ နားမကြားဖြစ်နိုင်ကြောင်း ဆရာဝန်ကြီးများက ပြောသည်။

Source:7daydaily

အဆစ်များတောင့်တင်းခြင်းကို သက်သာစေမည့် အစားအသောက်များ

အဆစ်များတောင့်တင်းခြင်းကို သက်သာစေမည့် အစားအသောက်များ

Read times Last modified on Friday, 26 October 2018 13:34
Rate this item
(1 Vote)