What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 November 2018 15:02

မိန်းကလေးတို့ အရွယ်အလိုက် ဆရာဝန်နဲ့ သွားရောက်တိုင်ပင်သင့်တဲ့ အသက်အပိုင်းအခြားများ

ရင်သားကင်ဆာ၊ နှလုံးရောဂါနဲ့ ဟော်မုန်းပြဿနာတွေဆိုတာ သင့်အဘွားတို့ သင့်အမေတို့အတွက်ပဲ စိတ်ပူသင့်တဲ့အရာ မဟုတ်ပါဘူး။

မိန်းကလေးရယ်လို့ဖြစ်လာရင် အသက် ၂၀ အရွယ်ရောက်ပြီဆိုတာနဲ့ ဒီပြဿနာတွေနဲ့ ပါဝင်ပတ်သက်ပြီးသား ဖြစ်သွားပြီလို့ ဒေါက်တာတစ်ဦးက ပြောလိုက်ပါပြီ။ ဘာကြောင့်လဲဆို တော့ သင့်အသက် ၂၀ မှာ ဖြစ်ပေါ်လာတဲ့အရာတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်က သင့်အသက် ၃၀ ၊ ၄၀ တို့ကစပြီး သက်ရောက်မှုဖြစ်သွားပါပြီလို့ Yale University Schoolof Medicine က ပရော်ဖက်ဆာ ဒေါက်တာ မာရီ ဂျိန်း မင်ကင် က ဆိုပါတယ်။ သူကပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ စောလွန်းနေသေးတယ်လို့ ပြောနိုင်တဲ့အသက်အရွယ်ဆိုတာ မရှိပါဘူးတဲ့။

 

“အမျိုးသမီးတွေက ဆရာဝန်တွေကိုမပြောကြသလို ဆရာဝန်တွေကလည်း ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြန်မပြောတတ်ကြပါဘူး။ ဘာလို့ဆို ကျွန်မတို့မှာက ကျန်းမာရေးပြဿနာ အဖြေရှာဖို့ရာ အားမှမအားလပ်ကြတာကိုး။ အဲလိုနဲ့ ကိုယ့်ရဲ့တကယ့် သူငယ်ချင်းအရင်းခေါက်ခေါက်တွေကိုတောင် မပြောဖြစ်ကြပါဘူး။ ဒါနဲ့ပဲ ပြဿနာတွေဟာ ကိုယ့်ရှေ့မှောက် ရောက်လာတော့တာပါပဲ” လို့ေါးက်တာ မင်ကင် က ဆိုပါတယ်။

 

ဒေါက်တာက အကြံပြုရာမှာတော့ အမျိုးသမီးတွေဟာ အရင်ဆုံး ကိုယ်နဲ့သင့်တော်တဲ့ ဆရာဝန်ကို ရှာဖွေရပါမယ်တဲ့။ ဆရာဝန်ဆီရောက်သွားရင်တော့ အသက်အရွယ်နဲ့အလိုက် ပြောင်းလဲနေတဲ့ ကျန်းမာရေးအခြေအနေတွေကို ပြောပြရပါမယ်တဲ့။ ပြောရမယ်ဆိုရင်တော့ ဒီနေ့ခေတ်မှာ အသက် ၂၀ အရွယ်နဲ့တင်ပဲ မိန်းကလေးတွေက သူတို့ရဲ့ကျန်းမာရေးပြဿနာတွေကို ဆရာဝန်နဲ့ တိုင်ပင်ရမှာဖြစ်ပါတယ်။

 

အသက် ၂၀

အသက် ၂၀ ဆိုတဲ့အရွယ်ကတော့ လိင်မှုရေးရာနဲ့ မျိုးဆက်ပွားခြင်းဆိုင်ရာတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် အရွယ်ဖြစ်ပါတယ်။ ဒေါက်တာကပြောရာမှာတော့ အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦးဟာ သူ့ရဲ့ရေရှည်အနာဂတ်အစီအစဉ်တွေအကြောင်းပြောရမယ်။ လိင်မှုဆိုင်ရာနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အကြောင်းတွေကို တိုင်ပင်ရပါမယ်တဲ့။ ဒါ့အပြင် ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အာဟာရနဲ့ အားကစား စတာတွေကိုလည်း တိုင်ပင်ရမှာပါတဲ့။

 

အသက် ၃၀

အသက် ၃၀ အရွယ် အမျိုးသမီးတစ်ယောက်ကတော့ သူ့ရဲ့မိသားစု ရောဂါသမိုင်းကြောင်းတွေကို တွေးနွေးရမယ့်အရွယ် ဖြစ်ပါတယ်။ မိသားစုထဲမှာ ဆီးချိုဖြစ်တဲ့သူရှိလား။ ရင်သားကင်ဆာဖြစ်ကြလား။ နှလုံးရောဂါသည်တွေကော ရှိလား။ စသည်ဖြင့် ဆရာဝန်ကို ပြောပြရပါမယ်။ ဒါ့အပြင် ဒီအရွယ်ဟာ ကလေးနဲ့ပတ်သက်တဲ့အကြောင်းတွေလည်း ပြောကိုပြောရမယ့် အရွယ်ဖြစ်ပါတယ်။ ကလေး ဘယ်နှယောက်ယူမယ်။ ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နည်းတွေနဲ့ ကိုယ်ဝန်ကို ပြုစုထိန်းသိမ်းစောင့်ရှောက်နည်းတွေကတော့ မပြောမဖြစ်အကြောင်းအရာတွေပါပဲ။

 

အသက် ၄၀

အသက် ၄၀ အရွယ်မှာတော့ သွေးဆုံးချိန်အတွက် ကြိုတင်ဆွေးနွေးထားသင့်ပါပြီတဲ့။ အမျိုးသမီးတွေဟာ အသက် ၄၀ လောက်ကနေစပြီး အီစထရိုဂျင်စော်မုန်းတွေ လျော့ကျလာပါပြီ။ ဒါကြောင့် သွေးဆုံးစောခြင်းနဲ့ နောက်ကျသွေးဆုံးခြင်းတွေအကြောင်း မရှက်မကြောက် တိုင်ပင်ရမယ့်အရွယ် ရောက်လာပါပြီ။ ဒီအခါ ဆရာဝန်ကို ပြောပြသင့်တာတွေက ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုပါ။ ကိုယ်စားတဲ့အစားအသောက်တွေက ဘာတွေလဲ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်သလား၊ အရက်သေစာ သုံးစွဲသလား။ စတာတွေကို ပြောကိုပြောရပါတော့မယ်လို့ ဒေါက်တာက ပြောကြားထားပါတယ်။ဒါ့အပြင် ရင်သားကင်ဆာလိုရောဂါမျိုးရဲ့အစဟာ အသက် ၄၀ အရွယ်ဆိုတာကိုလည်း မမေ့ဖို့ သူမကဆိုပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးမှုခံယူသင့်ပါသတဲ့။

 

အသက် ၅၀

အသက် ၅၀ အရွယ်မှာတော့ အရိုးတွေအကြောင်း၊ နှလုံးအကြောင်း၊ ရင်သားတွေအကြောင်း ပြောကိုပြောရပါတော့မယ်။ အဲဒီအရွယ်မှာ ကိုယ့်အရိုးအဆစ်တွေက ဘာတွေဖြစ်နေပြီလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်သင့်သလို ဗီတာမင် ဒီ 1000 units ကို မှီဝဲဖို့လည်း လိုလာပါပြီ။ တချို့အမျိုးသမီးတွေဆိုရင် ကယ်လ်စီယမ်တွေတောင် မှီဝဲဖို့လိုပါလိမ့်မယ်။

 

နိဂုံးချုပ်အနေနဲ့ ဒေါက်တာပြောသွားတာကတော့ ဒီအရွယ်ဟာ ရင်သားကင်ဆာဖြစ်ဖို့ တာဆူနေတဲ့အချိန်ဖြစ်တာကြောင့် ရင်သားအကျိတ်စစ်ဆေးခြင်း၊ နှလုံးရောဂါ စစ်ဆေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်းနဲ့ ဒီနေ့ခေတ်အချိန်အခါမှာ အမေရိကမှာတော့ ဒီရောဂါတွေဟာ အမျိုးသမီးတွေရဲ့ သေဆုံးမှုကို ဦးဆောင်နေတဲ့အရာတွေ ဖြစ်တယ်ဆိုတာကိုပါပဲ။

Source:mingalarbarmorning

အသက်ကြီးသူတိုင်း သတိထားသင့်တဲ့ ဗီတာမင် B12 ချို့တဲ့ခြင်း

အသက်ကြီးသူတိုင်း သတိထားသင့်တဲ့ ဗီတာမင် B12 ချို့တဲ့ခြင်း

 

Read times Last modified on Friday, 16 November 2018 15:17
Rate this item
(0 votes)