What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 March 2018 11:08

နဂါးမောက်သီးနဲ့ ကျန်းမာရေး

နဂါးမောက်သီးနဲ့ ကျန်းမာရေး google.com

 အခုတလော ကျွန်တော်တို့ မြန်မာလူမျိုးတွေ စားလာ ကြတဲ့ နဂါးမောက်သီးရဲ့ ကောင်းကျိုးလေးတွေကို သိသလောက် တင်ပြပေးပါမယ်။

(၁) ဝိတ်လျှော့တဲ့ နေရာမှာ အသုံးဝင်ခြင်း

          အနေတော် အတုံး ၅ တုံးလောက် စားမှ ကယ်လိုရီ ၆၀  ပဲ ရှိတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာမှာ အသုံးဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝလို့ သွေးထဲရှိ ကိုလက်စထရော (Cholesterol) ပမာဏကိုလည်း လျှော့ချပေးပါတယ်။

(၂) ကင်ဆာရောဂါကို ပိုပြီးကာကွယ်ပေးခြင်း

          နဂါးမောက်သီးမှာ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင် စီ (Vitamin C) ပါဝင်တဲ့အတွက် ကင်ဆာ ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအား (Immune System) ကိုလည်း ကောင်းစေပါတယ်။

Related image

(၃) အာရုံကြောအားကောင်းစေခြင်း

          နဂါးမောက်သီးမှာ ဗီတာမင် ဘီ (Vitamin B) ပါဝင်တဲ့အတွက် အာရုံကြော အားကောင်းစေပါတယ်။

(၄) အမြင် အာရုံကောင်းစေခြင်း

          နဂါးမောက်သီးမှာ Beta-Carotene ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ကလေးငယ်များကို အမြင်အာရုံ အားကောင်းစေတဲ့အပြင် ရောဂါပိုးမွှားများကိုလည်း ကာကွယ်ပေးပါတယ်။

(၅) အရိုးနှင့် သွားများကို ကျန်းမာစေခြင်း

          ကယ်လ်ဆီယမ် (Calcium) ဓာတ်ပါဝင်တဲ့အတွက် အရိုးနှင့် သွားများကို ကျန်းမာကြံ့ခိုင်စေပါတယ်။

Related image

(၆) နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ပေးခြင်း

          နဂါးမောက်သီးမှာပါတဲ့ အစေ့အမည်းလေးတွေမှာ Omega 3 နဲ့ 6, Fatty Acid ပါဝင်တာကြောင့်  Triglycerides ကို ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးပါတယ်။

(၇) ဝမ်းမှန်စေခြင်း

          အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် ဝမ်းမှန်စေပါတယ်။

မှတ်ချက် –     ကျန်းမားရေးအတွက် ကောင်းသည်ဆိုပေမည့် အလွန်အကျွံ စားသုံးပါက မည်သည့် အစားအစာမဆို ဆိုးကျိုးရှိပါသည်။

Source: Dr-Nyi Nyi Kyaw

Read : အဓမ္မပြုကျင့်ခံရတဲ့ သူတစ်ယောက်ပြန်လည်ရှင်သန်ရန် ဘယ်လိုစောင့်ရှောက်မှုတွေ ပေးမလဲ

https://www.healthproducts.com.mm/articles/item/600-how-to-revive-rape-victims.html

Rape B 891x470

Read times Last modified on Friday, 23 March 2018 16:39
Rate this item
(0 votes)