What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 March 2018 11:30

အမျိုးသမီးတိုင်း ဓမ္မတာလာနေချိန်အတွင်း ဝိတ်မြန်မြန်တတ်ရခြင်းအကြောင်းရင်း( ၄ ) ချက်

အမျိုးသမီးတိုင်း ဓမ္မတာလာနေချိန်အတွင်း ဝိတ်မြန်မြန်တတ်ရခြင်းအကြောင်းရင်း( ၄ ) ချက် google.com

ဓမ္မတာလာစဉ်မှာ မိန်းခလေးတိုင်းကြုံတွေ့ရလေ့ရှိတဲ့ ဗိုက်စူလာခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက်တတ်ခြင်း မျိုးတွေ ဖြစ်တတ်ကြပါတယ်။

ဒီလိုကနေတဆင့် မိန်းခလေးတော်တော်များများဟာ အသက်ရလာလေ တဖြည်းဖြည်းဝလာကြတာပါ။

အကြောင်းရင်းကတော့ အမျိုးသမီးတော်တော်များများဟာ လစဉ်ရာသီစက်ဝန်းလာနေချိန်မှာ နေထိုင်စားသောက်မှုပုံစံမှားယွင်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် အမျိုးသမီးတိုင်း လစဉ်ရာသီလာချိန်မှာ ဘယ်လိုနေထိုင်စားသောက်သင့်လဲဖော်ပြပေးလိုက်ပါတယ်။

(၁) လေ့ကျင့်ခန်းမပြုလုပ်ခြင်း

ဓမ္မတာလာနေချိန်မှာ လေ့ကျင့်ခန်းမလုပ်ပဲနေတာများပါတယ်။ အထူးသဖြင့် GYM ဆော့ခြင်းကဲ့သို့ ပုံမှန်လုပ်နေကျလေ့ကျင့်ခန်းတွေကို အဲ့ဒီလိုရက်တွေမှာ ခဏနားလိုက်ကြပါတယ်။ ဒါကလည်း ကိုယ်အလေးချိန်တတ်ရတဲ့ အကြောင်းတစ်ခုပါပဲ။

(၂) အစားအစာများတောင်းတခြင်း

အမျိုးသမီးအများစု ဖြစ်တတ်တဲ့ လက္ခဏာတစ်ရပ်ပါ။ ရာသီလာနေချိန်မှာ အချို၊ အဆီအစိမ့်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများကို စားချင်စိတ်များကြပါတယ်။ ဒါကလည်း ကိုယ်အလေးချိန်တတ်ရတဲ့ အကြောင်းရင်းထဲက တစ်ခုပါပဲ။

(၃) ရေဓာတ်ခန်းခြောက်ခြင်း

ဓမ္မတာလာနေချိန်မှာ ရေဓာတ်ခန်းခြောက်မှု ပိုမိုဖြစ်ပေါ်စေနိင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်ခြင်းကြောင့် အဆီပိုလောက်ကျွမ်းမှုကို နှောင့်နှေးစေပြီး ဝိတ်တတ်စေပါတယ်။ ရာသီလာနေချိန်မှာ အချိုရည်သောက်တာထက်စာရင် ရေများများသောက်ပေးသင့်ပါတယ်။

(၄) ဗီတာမင် စားသုံးခြင်း

ကိုယ်တွင်းဟော်မုန်းဓာတ် မညီမျှခြင်းသည် ကိုယ်အလေးချိန်တတ်ရခြင်းအကြောင်းရင်တစ်ခုပါပဲ။ ကိုယ်ခန္ဓာအတွက်လိုအပ်သော ဟော်မုန်းဓာတ်များဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်လို့ ဗီတာမင်အာဆေးများကို မှီဝဲဖို့မမေ့ပါနဲ့။

Read:၀ိတ်ချနေသူတို့ ကြိုက်နှစ်သက်သလောက် စားနိုင်သည့် အစားအစာများ

Read times Last modified on Friday, 09 March 2018 11:49
Rate this item
(1 Vote)