What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 30 November 2018 17:24

အဆုတ်ကင်ဆာလက္ခဏာနှင့် ရောဂါအဆင့်များ

အဆုတ်ကင်ဆာသည် ချောင်းဆိုးခြင်း (သို့) မောခြင်း လက္ခဏာနှင့် စတင်လေ့ရှိသည်။ ထို့နောက် ရင်ဘတ်အောင့်ခြင်းကို ခံစားရသည်။

နောက်ပိုင်းတွင် ပိုမိုသော ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။ တစ်နှစ်လျှင် အဆုတ်ကင်ဆာနှင့် လူပေါင်း ၁.၃ သန်းခန့် သေဆုံးလျက်ရှိကာ ၎င်းသည် ကင်ဆာနှင့် သေဆုံးခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်လာသည်။အဆုတ်ကင်ဆာ အဓိက အမျိုးအစားနှစ်ခုမှာ non-small cell နဲ့ small-cell carcinoma ဖြစ်ပါတယ်။ အခြားသော အမျိုးအစားများလည်းရှိပြီး ၎င်းတို့တစ်ခုချင်စီမှာ ကိုယ်ပိုင်ပုံစံထူးခြားချက်များ ရှိပါတယ်။ အစပျိုး သတိပေးအဆင့်မှစ၍ အဆင့်လေး အဆုတ်လေပြွန်နှင့်လေအိတ်ကင်ဆာ (bronchioalveolar carcinoma) အဆင့်အထိတွင် အောက်ပါ အကြောင်းရင်း၊ ရောဂါလက္ခဏာ၊ အမျိုးအစားနှင့် ရောဂါအဆင့်များရှိပါတယ်။

အကြောင်းရင်းနှင့် ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များ

အဆုတ်ကင်ဆာဖြစ်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ဆေးရွက်ကြီးဆေးလိပ်သောက်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်းသည်ပင်လျှင် ဖြစ်ပွားနိုင်ချေ အန္တရာယ်မြင့်မားစေပါတယ်။ မျိုးရိုးလိုက်ခြင်းနှင့်အတူ အောက်ပါအချက်များသည် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသော အချက်များတွင် ပါဝင်နေပါတယ်။

လေထုညစ်ညမ်းမှု မြင့်မားခြင်း
သောက်သုံးရေတွင် အာဆင်းနစ် ပါရှိခြင်း
ရေဒွန်ဓါတ်ငွေ့
ကျောက်ဂွမ်းမှုန့်
ယူရေနီယမ်၊ မီးသွေးထွက်ကုန်၊ ဓါတ်ဆီ၊ ဒီဇယ်ဓါတ်ငွေ့ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်သော အရာများနှင့် ထိတွေ့ခြင်း
ရောဂါ လက္ခဏာများ
ဆေးလိပ်သောက်သူများတွင် ချောင်းဆိုးခြင်းကို သာမန်ချောင်းဆိုးခြင်းဟုသာ အထင်လွဲမှားတတ်မိကြသည်။ အကယ်၍ ချောင်းဆိုးခြင်းသည် မသက်သာလျှင် (သို့) ချောင်းဆိုးသွေးပါလျှင် ပြင်းထန်သော လက္ခဏာတစ်ရပ်ဖြစ်သည်။ အသက်ရှုမ၀ခြင်း၊ မောခြင်း၊ အသက်ရှုသံ တရွှီရွှီ ကြားနေရခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့သည် လျစ်လျူရှုခံရတတ်သော အဆုတ်ကင်ဆာ၏ လက္ခဏာရပ်များ ဖြစ်ပါတယ်။

အခြားသော လက္ခဏာများမှာ အစာစားချင်စိတ် မရှိခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစာမျိုချရခက်ခြင်း၊ အသံအက်ကွဲခြင်း၊ အဆစ်နာခြင်း၊ မျက်နှာလေဖြတ်ခြင်း၊ မျက်ခွံတွဲကျခြင်း၊ အရိုးနာခြင်းတို့ဖြစ်ပါတယ်။ အချို့ လက္ခဏာများသည် သိပ်မပြင်းထန်သော အခြေအနေနဲ့ ဆက်နွယ်နေသည်။ မည်သို့ပင်ဆိုစေကာမူ သင်သည် လက္ခဏာတစ်စုံတစ်ရာကို ခံစားနေရပြီဆိုလျှင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အရေးကြီးပါတယ်။

Non-small cell carcinoma အဆုတ်ကင်ဆာ

ဤအမျိုးအစားသည် အဖြစ်အများဆုံး အဆုတ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ၎င်းကို သုံးမျိုးထပ်မံ ခွဲခြားထားပါတယ်။

Squamous

ဤအမျိုးအစားသည် ပင်မ အဆုတ်လေပြွန်အနီးတွင် စတင်ဖြစ်ပွားလေ့ရှိသည်။ ဆဲလ်သေခြင်းသည် ကင်ဆာကျိတ်၏အလယ်တွင် ဖြစ်ပွားပါသည်။

Adenocarcinoma

ဤအမျိုးအစားသည် ဆေးလိပ်မသောက်သူများတွင် အဖြစ်အများဆုံး အဆုတ်ကင်ဆာ အမျိုးအစားဖြစ်သည်။ ၎င်းသည် အစွန်အဖျား အဆုတ်တစ်ရှုးများကို ထိခိုက်စေသည်။ အမျိုးအစားခွဲတစ်မျိုးဖြစ်သည့် အဆုတ်လေပြွန်နှင့် လေအိတ်များတွင် ဖြစ်သော ကင်ဆာ(bronchioalveloar carcinoma)သည် ဆေးလိပ်လုံးဝမသောက်ဖူးသော အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်သည်။

Large-cell lung carcinoma

ဤအမျိုးအစားသည် အဆုတ်၏ မည်သည့် အစိတ်အပိုင်းတွင် မဆို လျင်မြန်စွာ ကြီးထွား ပြန့်ပွားပြီး ကုသရ ခက်ခဲသည်။

Small–Cell Carcinoma

ဤအမျိုးအစားသည် ပို၍ ကြီးသော လေလမ်းကြောင်းတွင် ဖြစ်ပွားပြီး ဆေးလိပ်သောက်ခြင်းနှင့် အဓိက ဆက်နွယ်နေပါသည်။ အဖြစ်နည်းပြီး ရောဂါအလားအလာ ပိုဆိုးရွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို သိလိုက်ရချိန်တွင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပျံ့ နှံ့နေပြီး ဖြစ်နေသောကြောင့်ဖြစ်သည်။ ကင်ဆာပျံ့ နှံ့မှုအကြောင်းကို အောက်တွင် ဆက်လက်ရှင်းပြထားပါတယ်။

ကင်ဆာပျံ့ နှံ့မှု
ကင်ဆာပျံ့ နှံ့မှု ဆိုသည်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုမှာ စတင်ဖြစ်ပွားပြီး အခြားသော နေရာများကို ကင်ဆာဆဲလ်များ ပွားများရောက်ရှိခြင်းကို ဆိုလိုသည်။ အဆုတ်ကင်ဆာသည် သေစေနိုင်ပြီး ကုသရခက်ခဲသော အကြောင်းရင်းတစ်ချက်မှာ ကင်ဆာဖြစ်သည်နှင့် စောစီးစွာ ကင်ဆာဆဲလ်များ ပျံ့ နှံ့သောကြောင့်ဖြစ်သည်။

အဆုတ်ကင်ဆာ ပျံ့ နှံ့လေ့ရှိသော နေရာများမှာ အသည်း၊ ဦးနှောက်၊ အရိုး နှင့် အက်ဒရီနယ်ဂလင်း တို့ပါဝင်ပါတယ်။ အဆုတ်ကိုယ်တိုင် သည်လည်း အခြားနေရာမှ ကင်ဆာဆဲလ်များ ပြန့်ပွားရောက်ရှိလေ့ရှိသော နေရာတစ်ခုဖြစ်ပါတယ်။

အဆုတ်ကင်ဆာ ရောဂါ အဆင့်များ
အဆုတ်ကင်ဆာကို TNM စကေးကို သုံးပြီး အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ဂဏန်းကြီးလာခြင်းသည် ကင်ဆာ အဆင့်ပိုမြင့်လာခြင်းကို ဆိုလိုပါတယ်။
အသုံးများသော အဆင့်သတ်မှတ်သည့် စကေးတွင် ရောမဂဏန်းများကို အသုံးပြုထားပါတယ်။
အဆင့် 0 – ကင်ဆာသည် စတင်ဖြစ်ပွားသော ဆဲလ်တွင်သာ ရှိသည်။
အဆင့် I – ကင်ဆာသည် ကြီးထွားလာပါသည်။ သို့သော် မပျံ့ နှံ့သေးပါ။
အဆင့် II, III – ကင်ဆာသည် မူလစတင်ဖြစ်ပွားရာနေရာတွင်ရှိနေသေးသော်လည်း စတင်ပြန့်ပွားပြီး အနီးအနားရှိ အင်္ဂါ အစိတ်အပိုင်းများဆီ ပြန့်ပွားမှုရှိနေနိုင်သည်။
အဆင့် IV – ကင်ဆာသည် အပြည့်အ၀ ပျံ့ နှံ့ပြီး ခန္ဓာကိုယ်တစ်လျှောက် အခြားအစိတ်အပိုင်းများသို့ ပြန့်ပွားလျက်ရှိသည်။
အမြဲ လေ့လာသတိပြုပါ။
အဆုတ်ကင်ဆာသည် သေစေနိုင်ပါသည်။ သို့သော် ၎င်းကို ကာကွယ်ဖို့ ကူညီနိုင်ပါသည်။ ဖြစ်ပွားနိုင်ချေ အန္တရာယ်ကို လျော့ချဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ဖို့ပဲဖြစ်သည်။ ဆေးလိပ်ဖြတ်လိုက်သည်နှင့် သင်သည် ကောင်းကျိုးများ စတင်ခံစားရမည်ဖြစ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် သင့်ခန္ဓာကိုယ်က စတင်ကောင်းမွန်လာမှာဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားသုံးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အခြား ကျန်းမာစေသော ရွေးချယ်မှုများနှင့် အတူ အဆုတ်နှင့် အခြား ကင်ဆာ ဖြစ်ပွားနိုင်ချေမြင့်မားစေသည့် အန္တရာယ်အကြောင်းရင်းများအကြောင်း အမြဲ လေ့လာမှတ်သား သတိထားနေခြင်းသည် ကာကွယ်ခြင်း၏ သော့ချက်ပင်ဖြစ်သည်။

Source:hellosayarwon

 

အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး

အရေပြားနဲ့ပတ်သက်တဲ့ ပြဿနာတွေအတွက် အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး

Read times Last modified on Friday, 30 November 2018 17:28
Rate this item
(0 votes)