What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 April 2019 15:04

ရန်ကုန်ဆေးရုံကြီး အထူးကုပြင်ပဌာနများ သင်္ကြန်တွင်း ငါးရက် ရပ်နားမည်

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပဌာနများကို ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ငါးရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောကြားလိုက်ပါတယ်။

ပြင်ပလူနာဌာန အကုန်လုံးကို ငါးရက်တာ ရပ်နားထားမယ်လို့ သိရပါတယ်။

 

အဆိုပါဆေးရုံကြီးတွင် အစာအိမ်နှင့် အူလမ်းကြောင်းဌာန၊ နှလုံးဆေးကုဌာန၊ သွေးရောဂါကုဌာန၊ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုဌာန၊ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ရောဂါများ ကုသဌာန၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုဌာန၊ ဆီးချိုရောဂါနှင့် ဆက်နွယ်သော ခြေထောက်အနာများ ကုသဌာန၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန၊ ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုဌာန၊ ကင်ဆာရောဂါ ဆေးသွင်းကုသဌာန၊ အကြောအဆစ်ရောဂါကုဌာန၊ သွားရောဂါဌာန၊ အရေပြားရောဂါဌာနများအပြင် အခြားပြင်ပလူနာဌာနများကို ရပ်နားထားမှာ ဖြစ်ပါတယ်။

 

 

ခုတင် ၂၀၀၀ ဆံ့ ဆေးရုံကြီးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အနယ်နယ် အရပ်ရပ်မှလာရောက်၍ ဆေးကုသသူများ များပြားလျက်ရှိပြီး ယင်းဆေးရုံကြီးရှိ ပြင်ပလူနာဌာနများကို နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ကာ ကုသမှုပေးလျက်ရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရပါတယ်။

 

အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဌာနများတွင် ပြင်ပလူနာလာရောက်ပြသကုသမှုသည် ၂၀၁၃ ခုနှစ်တွင် ၂၄၅,၇၉၀ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၄၄၀,၂၃၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရပါတယ်။

 

Source: The Voice

Read times Last modified on Thursday, 04 April 2019 15:12
Rate this item
(1 Vote)