What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 December 2018 17:49

ကြယ်သီးစေ့အရွယ် ဘက်ထရီများကို ကလေးများ မျိုချမိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်

လက်ပတ်နာရီနှင့် အချို့သော ကလေးကစားစရာ ဘက်ထရီ အရုပ်များတွင် အသုံးပြုသော ကြယ်သီးစေ့အရွယ် ဘက်ထရီများတယ်။

လူတို့၏ခန္ဓာကိုယ်တွင် ပြင်းထန်သော ဓာတုလောင်ကျွမ်း မှုဖြစ်စေသောကြောင့် ကလေးငယ်များ မျိုချမိပါက နာရီပိုင်းအ တွင်း သေဆုံးနိုင်ကြောင်း ကျွမ်းကျင်သူများက အရေးပေါ်သတိပေး ချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

 

ယင်းသေးငယ်သော ဘက်ထရီတစ်လုံးကို မျိုချမိသော ကလေး ငယ်တစ်ဦး ယခုနှစ်အတွင်း သေဆုံးပြီးနောက် အမေရိကန်သုတေ သီများက ယခုကဲ့သို့ သတိပေးချက်ထုတ်ပြန်ခြင်းဖြစ်သည်။ ခရစ္စ မတ်ပစ္စည်းများစွာတွင် ယင်းကဲ့သို့ ဘက်ထရီများသုံးထားသော ကြောင့် ကလေးငယ်များ မျိုချမိပါက အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ခံတွင်းကဲ့သို့ လူ့ခန္ဓာကိုယ်အတွင်းပိုင်း စိုစွတ်သော အစိတ်အ ပိုင်းနှင့် ယင်းဘက်ထရီများထိတွေ့ချိန်တွင် အန္တရာယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။ ဘက်ထရီက ၎င်း၏ဓာတ်အား ထုတ်လွှတ်ချိန်တွင် စိုစွတ်သော မျက်နှာပြင်များက ဓာတုတုံ့ပြန်မှုဖြစ်ပေါ်စေပြီး ယင်းဓာတ်ပြုမှုက သက်ရှိတစ်သျှူးများကို ပြင်းထန် စွာ လောင်ကျွမ်းစေနိုင်သည်။

 

ဘက်ထရီတစ်လုံး မျိုချမိသည် (သို့မဟုတ်) ခန္ဓာကိုယ်ထဲ ထည့်သွင်းပါက နာရီပိုင်းအတွင်း ခန္ဓာကိုယ်အတွင်း လောင်ကျွမ်း မှုများ ဖြစ်စေနိုင်ပြီး မျိုချခြင်း၊ အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ဆီသို့ ဦးတည်နိုင်သည်။

 

ဘက်ထရီ လုံးဝနီးပါးမရှိတော့သည့် အခြေအနေမျိုးမှာပင် ဆိုးရွားသောအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သောကြောင့် မိဘများ အနေဖြင့် ဘက်ထရီများကို အသေအချာစွန့်ပစ်သင့်ကြောင်း လက် စတာတော်ဝင်ဆေးရုံမှ ဒေါက်တာရာချဲလ်ရိုးလန်းစ်က ပြောကြား သည်။

 

ယင်းကဲ့သို့ အင်္ကျီကြယ်သီးအသေးစားအရွယ် ဘက်ထရီများ ကို ပစ္စည်းများစွာတွင် ထည့်သွင်းအသုံးပြုသဖြင့် စူးစမ်းလိုသော ကလေးငယ်များ လက်ထဲရောက်နိုင်ကာ မျိုချမိနိုင်ကြောင်း ဒေါက် တာ ရာချဲလ်က ပြောသည်။

 

ကလေးငယ်များသည် တွေ့သမျှအရာတိုင်းကို ပါးစပ်ထဲထည့် လေ့ရှိတတ်သဖြင့် ဆိုးရွားသော နောက်ဆက်တွဲအခြေအနေမျိုးနှင့် ကြုံနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးသည်။ အကယ်၍ ယင်းဘက်ထရီမျိုးကို ကလေးငယ်မျိုချမိပါက ဆေးရုံသို့ တိုက်ရိုက် တင်ပို့ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။

 

နှစ်စင်တီမီတာနှင့်အထက်ကြီးသော ဘက်ထရီများသည် ကလေးများ၏ လည်ချောင်းအတွင်း တစ်ဆို့နေနိုင်သောကြောင့် အန္တရာယ်ပိုများကြောင်း ကျွမ်းကျင်သူများကပြောသည်။
Source:7daydaily

Read times Last modified on Wednesday, 27 February 2019 15:25
Rate this item
(1 Vote)