What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 May 2018 10:46

ဓမ္မတာလာချိန် မစားသင့်သော အစားအစာများ

ဓမ္မတာလာချိန် မစားသင့်သော အစားအစာများ Google.com

ကြည်လင်တဲ့အသားအရေ၊ ကောင်းမွန်တဲ့ဆံသား၊ ပိုကောင်းတဲ့မှတ်ဥာဏ်နဲ့ ပိုလို့ကောင်းတဲ့ဘဝတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် အစားအသောက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်မတို့ စားသုံးနေကြပါတယ်။

အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာကို ကျွန်မတို့ သိပြီးသားပါ။အခြားတစ်ဘက်မှာတော့ အမျိုးသမီးတွေအနေနဲ့ မိမိတို့ လစဉ်ဓမ္မတာလာတဲ့အချိန်မှာ လုံးဝရှောင်ကြဉ်သင့်တဲ့ အစားအစာတွေ ရှိပါတယ်။

ဆာလောင်မှုကို ဖြေဖျောက်နိုင်ဖို့ စိတ်အလိုအတိုင်း ဆိုဒါအအေးနဲ့ ဆီကြော်တွေ တဝကြီးစားလိုက်တာဟာ အထူးသဖြင့် ဓမ္မတာလာချိန်အတွင်း သင့်ရဲ့ခန္ဓာကိုယ်အတွင်းရော၊ အပြင်ရောအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

၁။ ဆီကြော်မုန့်

 

Related image

အဆီဓာတ်နဲ့ အက်စ်ထရိုဂျင် (Estrogen) ဟော်မုန်းကို မြင့်တက်စေနိုင်တဲ့ ဆီကြော်မုန့်တွေကို ရှောင်ကြဉ်စားသုံးတာက သင့်ကိုဓမ္မတာလာစဉ်အတွင်း နာကျင်ကိုက်ခဲမှု နည်းစေပါတယ်။ နောက်ထပ် အသီးအရွက်ဆီ သုံးထားတဲ့ အစားအသောက်တွေကိုတောင် တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

၂။ ဂျုံမုန့်များ

Related image

တဖန်ပြန်လည်ဆန်းသစ်ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ဂျုံမှာပါဝင်တဲ့ မူလအာဟာရဓာတ်တွေကို လျော့နည်းစေပါတယ်။ ဒီအရာဟာ သင့်ရဲ့ဓမ္မတာလာချိန်အတွင်း သွေးတွင်းသကြားဓာတ်အပြင် ပုံမှန်အစားစားချင်စိတ်ထိန်းချုပ်မှုတွေနဲ့ ဆက်စပ်နေပါတယ်။ သဘာဝအစေ့အဆံရဲ့ အာဟာရဓာတ်တွေ အပြည့်ပါဝင်တဲ့ ပေါင်မုန့်၊ ပါစတာ၊ ထမင်း၊ ကောက်ပဲသီးနှံ၊ ကိတ်မုန့်နဲ့ ကွတ်ကီးတွေကိုသာ ရွေးချယ်စားသုံးစေလိုပါတယ်။

၃။ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတ်တစ်ခုခု ရောထားတဲ့ ဖျော်ရည်များ

 Related image

ဆိုဒါလိုမျိုး သကြား၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတ်တစ်ခုခုရောထားတဲ့ ဖျော်ရည်တွေကို ဓမ္မတာလာစဉ် သောက်သုံးမိတဲ့အခါ ခန္ဓာကိုယ်ဖောယောင်တာကို ဖြစ်စေတတ်ပါတယ်။ စပါကလင်လို ဂတ်စ်ပါဝင်မှုရှိတဲ့ အရည်မျိုးကို ရှောင်ကျဉ်ပြီး ရေသန့်ကိုသာ ရွေးချယ်သောက်သုံးပေးခြင်းဖြင့် ဖောယောင်ခြင်းနဲ့ ခန္ဓာကိုယ်ဖောင်းကားခြင်းတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၎။ လိမ္မော်သီး

Image result for လိမ္မော်သီး

ကယ်ဆီယမ်ဓာတ်ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်းစေနိုင်ပါတယ်။ ကယ်ဆီယမ်ဓာတ်ပမာဏ ကြွယ်ဝလေလေ ကြွက်သားအနားရလေဖြစ်ပြီး ကြွက်တက်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ကိုက်ခဲခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။ လိမ္မော်သီး၊ ရှောက်သီး၊ သံပရိုသီး၊ သံပရာသီးနဲ့ အခြားအစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ရှာဖွေစားသုံးပေးနိုင်ပါတယ်။

၅။ ငှက်ပျောသီး

Image result for ငှက်ပျောသီး

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီးဟာ သင့်ရဲ့စိတ်ခံစားချက်ကို မြှင့်တင်ဖို့ အကောင်းဆုံးသော အသီးတစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ပါဝင်တဲ့အတွက်လည်း ဖောယောင်ခြင်းနဲ့ ခန္ဓာကိုယ်ဖောင်းကားခြင်းတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အစာချေစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပြီး ဓမ္မတာလာစဉ် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ အစားအလွန်အကျွံစားချင်စိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

၆။ ဖရဲသီး

Related image

ဖရဲသီးဟာ ဓမ္မတာလာစဉ် အားအင်ကုန်ခမ်းတတ်ပြီး မောပန်းနွမ်းနယ်တတ်တဲ့ အမျိုးသမီးတို့အတွက် အကောင်းဆုံး ဆေးဘက်ဝင်အသီးတစ်မျိုး ဖြစ်ပါတယ်။ နောက်ထပ် သဘာဝသကြားဓာတ်ပါဝင်တဲ့ ဖရဲသီး၊ ဆီးသီး၊ သဖန်းသီးနဲ့ ဘာလီသီးတွေဟာလည်း ဖောယောင်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၇။ အနက်ရောင်ချောကလက်

Image result for အနက်ရောင်ချောကလက်

မက်ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်နေတဲ့ အနက်ရောင်ချောကလက်ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ဓာတ်တက်ကြွစေနိုင်တဲ့ စရာတိုးနင်း (Serotonin) ဟော်မုန်းကို တိုးမြှင့်ပေးနိုင်တဲ့အတွက် ဓမ္မတာလာစဉ် စားသုံးပေးဖို့ အထူးသင့်လျော်ပါတယ်။

Source”Yoyarlay”

Read:ကလေးငယ်တွေကို အရုပ်နဲ့ပေးဆော့တဲ့ပြဿနာ

ကလေးငယ်တွေကို အရုပ်နဲ့ပေးဆော့တဲ့ပြဿနာ

Read times Last modified on Thursday, 24 May 2018 11:19
Rate this item
(0 votes)