What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 March 2018 17:21

ဝယ်ပြီးပြီးချင်း အထည်တွေကို မလျှော်ပဲမဝတ်သင့်

ဝယ်ပြီးပြီးချင်း အထည်တွေကို မလျှော်ပဲမဝတ်သင့် google.com

အ၀တ်အစား အသစ်က ကော့နေတယ်။ တောက်ပြောင်နေတယ်။

အသစ်မှန်း သိသာနေစေတယ်။ တစ်ရေလျှော်ချလိုက်ရင် အဲဒီအမြင်ကို မရတော့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အသစ်ကို ရေမလျှော်ဘဲ တန်းပြီး မ၀တ်သင့်ပါဘူး။

ဆိုင်မှာ ပြထားတာကို ၀ယ်တယ်ဆိုရင် ကိုယ့်အရင် ဘယ်နှယောက် ကိုင်ကြည့်ထားသလဲ။ အပ်စပ်လိုက်ဖက်ခြင်း ရှိမရှိ ရင်ဘတ်ပေါ် အပ်ကြည့်ပြီး ဆန်းစစ်ကြည့်တာမျိုးလည်း ရှိမယ်။ ဆိုင်က စီစဉ်ပေးထားရင် အစမ်းဝတ်ကြည့်တဲ့ အခန်းထဲဝင်ပြီး ၀တ်ကြည့်ထားတာမျိုးလည်း ရှိမယ်။ သူတို့ရဲ့ လက်တွေ၊ ကိုယ်တွေ ထိထားတာမို့ အ၀တ်အစား အသစ်ကို ရေနိုင်နိုင်နဲ့ တစ်ရေတော့ လျှော်ဖြစ်အောင် လျှော်ပြီးမှ ၀တ်ပါ။

နောက်တစ်ချက်က ဓာတုပစ္စည်းတွေ သုံးစွဲပြီး ထုတ်လုပ်ထားတာမို့ အကြွင်းအကျန်တွေ အ၀တ်အစားမှာ ရှိနေနိုင်တယ်။ ဆိုးဆေးမှာလည်း လူနဲ့ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းတွေ သုံးထားနိုင်တယ်။ ဟိုလူနဲ့ တည့်ပေမဲ့ ကိုယ်နဲ့ မတည့်တဲ့ ဓာတုပစ္စည်းမျိုးလည်း သုံးထားနိုင်တယ်။ တောက်ပြောင်တဲ့ အရောင်တွေ ထွက်နေအောင် ဆိုးဆေးမှာ ဓာတုပစ္စည်းတွေ ထည့်သုံးပေးကြရပါတယ်။
ဒီတော့ အ၀တ်အစား အသစ်ကို ရေနိုင်နိုင်နဲ့ တစ်ရေတော့ လျှော်ဖြစ်အောင် လျှော်ပြီးမှ ၀တ်ပါ။

နောက်ထပ် ဓာတုပစ္စည်းက အ၀တ်အစားကို ချုပ်လုပ်ပြီးတဲ့အခါ တင်ပို့တဲ့ လမ်းခရီးမှာ အစိုဓာတ်ကြောင့် မှိုမစွဲအောင် ဖားဥမတက်အောင် စပရေး ဖြန်းလေ့ရှိပါတယ်။ အဲဒီ စပရေးက ညှင်းကွက်တွေ ပေါက်တဲ့အထိ ဒုက္ခပေးတတ်တယ်။ အသက်ရှူလမ်းကြောင်းမှာလည်း ဒုက္ခပေးတတ်တယ်။ အဲဒါကြောင့် အ၀တ်အစား အသစ်ကို ရေနိုင်နိုင်နဲ့ တစ်ရေတော့ လျှော်ဖြစ်အောင် လျှော်ပြီးမှ ၀တ်ပါ။

အ၀တ်အစားအသစ်ကို နေပူထဲဝတ်မယ်ဆိုရင် ဓာတ်ပြုတာ ပိုပြင်းထန်တတ်တယ်။ ချွေးထွက်ရင် ချွေးထဲ ဓာတုပစ္စည်းပျော်ဝင်ပြီး အရေပြားကို ဒုက္ခပေးဖို့ ဖြစ်လာမယ်။
တချို့က ရေးကြတယ်။ ချွေးထွက်ရင် ချွေးပေါက်ကျယ်တယ်။ ဒီတော့ အရေပြားအောက်ကို ဓာတုပစ္စည်းတွေ စိမ့်ဝင်ဖို့ ပိုလွယ်သွားတယ်တဲ့။ အဲဒါက ထင်ရာတွေ လျှောက်ရေးတာပါ။ ချွေးထွက်နေချိန် အပြင်ဘက်ကိုပဲ ချွေးတွေ ထွက်ပါတယ်။ အထဲကို စိမ့်ဝင်နိုင်ဖို့ အင်မတန် ခက်ပါတယ်။ ချွေးမထွက်ဘူးဆိုရင်သာ အထဲဆီသို့ စိမ့်ဝင်ဖို့ လွယ်ကူသွားတာ ဖြစ်ပါတယ်။ ချွေးထွက်ချိန် ချွေးပေါက်ကျယ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ချွေးပေါက်က ကျဉ်းတယ်ကျယ်တယ် မရှိပါဘူး။ နဂိုအတိုင်းပဲ။ မပြောင်းလဲဘူး။
အရေပြားကို ချွေးစားအောင် ဓာတုပစ္စည်းက ကူညီတယ်။ ဓာတ်ကူတယ်ဆိုတာတော့ ဟုတ်ပါတယ်။ မှန်ပါတယ်။ အဲဒါကြောင့် အ၀တ်အစား အသစ်ကို ရေနိုင်နိုင်နဲ့ တစ်ရေတော့ လျှော်ဖြစ်အောင် လျှော်ပြီးမှ ၀တ်ပါ။

ကလေးပေါက်စတွေအတွက် အ၀တ်အစားဆိုရင် ရေလျှော်ဖို့ ပိုလို့တောင် လိုအပ်ပါတယ်။ သူတို့ရဲ့ အရေပြားက နုနယ်တယ် မဟုတ်လား။

Read times Last modified on Monday, 05 March 2018 17:30
Rate this item
(0 votes)