What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 14:27

သွေးဖြူဥတွေက ဘာလုပ်ပေးသလဲ

ခန္ဓာကိုယ် အသက်ရှင်ဖို့ သွေးက အရေးကြီးကြောင်း သိကြမှာပါ။ သွေးဟာ မြင်တွေ့ရတဲ့ အတိုင်း အနီရောင် အရည် သက်သက်သာ မဟုတ်ပါဘူး။ သွေးထဲမှာ ပစ္စည်းမျိုးစုံ ပါရှိကာ ပစ္စည်းတိုင်းက သူဟာနဲ့သူ အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။

သွေးထဲမှာ ပါရှိတဲ့ အရာတွေကတော့ သွေးနီဥ၊ သွေးဖြူဥ၊ ရေ၊ ပရိုတင်း၊ ဆား၊ ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ တခြား ပစ္စည်းတို့ပဲ ဖြစ်ပါတယ်။ သွေးနီဥတွေဟာ သွေးထဲမှာ များပြားစွာ တွေ့ရတဲ့အပြင် သွေးကို အနီရောင် ထွက်စေနိုင်တာကြောင့် အရေးကြီးတယ်လို့ ဆိုရပေမယ့် သွေးဖြူဥတွေဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါရှိနေတာကို တွေ့ရပါတယ်။

 

သွေးဖြူဥရဲ့ ဆေးပညာ အခေါ်အဝေါ်က Leucocyte ပါ။ အတွေ့ရ အများဆုံး သွေးဖြူဥတွေကို Granular Cells လို့ ခေါ်ပါတယ်။ ဒီဆဲလ်တွေဟာ ပိုးမွှား ဒါမှမဟုတ် ဒဏ်ရာရ တစ်သျှူးတွေ စုစည်းနေတဲ့ နေရာတွေဆီ အရောက် သွေးထဲကနေ ထွက်လိုက် ဝင်လိုက် လုပ်နေကြပါတယ်။ အဲဒီ ဆဲလ်တွေက Neutrophiles လို့ခေါ်တဲ့ ဆဲလ်တွေဆိုရင် သူတို့ကိုယ်ထဲ ဘက်တီးရီးယားတွေကို ဝါးမျိုကာ ဖျက်ဆီး ပေးပါတယ်။

 

ဒါ့အပြင် ဒီဆဲလ်တွေဟာ တစ်သျှူး သေတွေကို ပျော့ပျောင်းစေကာ ချေဖျက်ပစ်ပြီး ပြည်ဖြစ်ပေါ်စေနိုင်တဲ့ အရာတွေကို လွှတ်ထုတ်ပေးပါတယ်။ သွေးထဲရှိ သွေးဖြူဥ နောက်တစ်မျိုးကတော့ Lymphocytes ပါ။ ဒီဆဲလ်တွေဟာ ရောဂါပိုးမွှားတွေ အချိန်အတန်ကြာ နေရာယူနေတဲ့ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းမှာ တဖြည်းဖြည်း ပွားများလာပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် သူတို့ရဲ့ အလုပ်ကလည်း အရေးကြီးတယ်လို့ ဆိုရမှာပါ။ ဒါ့ပြင် Monocytes လို့ခေါ်တဲ့ သွေးဖြူဥမျိုးလည်း ရှိပါသေးတယ်။ ဒီဆဲလ်တွေဟာ တစ်သျှူးရှိ တခြား ဆဲလ်တွေနဲ့ တွဲဖက်ပြီး ဆဲလ်သေ၊ တစ်သျှူးသေတွေဆီက အရာတွေကို သယ်ဆောင်နိုင်စွမ်း ရှိပါတယ်။

 

ဖုန်လိုမျိုး အရာတွေကို ပတ်လည်ဝိုင်းကာ ကျန်းမာတဲ့ တစ်သျှူးဆဲလ်တွေနဲ့ မထိအောင်လည်း ကာကွယ်ပေးပါသေးတယ်။ သွေးဖြူဥတွေက ခန္ဓာကိုယ်ရှိ ရောဂါပိုးတွေကို ကာကွယ် တိုက်ဖျက်ပေးလို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရာလို့ ဆိုနိုင်ပေမယ့် သွေးဖြူဥတွေ လိုတာထက် ပိုများနေပြန်ရင်လည်း မကောင်းပါဘူး။ သွေးဖြူဥတွေ အများကြီး ထွက်ရှိလာပါက ထိုဆဲလ်တွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကျန်းမာ သန်စွမ်းတဲ့ ဆဲလ်တွေ ဖြစ်မလာဘဲ ခန္ဓာကိုယ်ကိုတောင် ဒုက္ခ ဖြစ်စေပါတယ်။ ဒီလို အခြေအနေမျိုးကို လူကီးမီးယား (Leukemia) သွေးကင်ဆာလို့ ခေါ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ သွေးထဲရှိ အရာတွေဟာ သူ့အချိုးနဲ့သူ အဆင်ပြေ ညီမျှစွာ ရှိနေမှ ခန္ဓာကိုယ်မှာ ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာ သန်စွမ်းမှာပါ။

Source: ဒေါက်တာနုမြတ် (yatanarpon)

 

Read: သားအိမ်ကျခြင်း ရောဂါလက္ခဏာ (Prolapse Of Uterus)

သားအိမ်ကျခြင်း ရောဂါလက္ခဏာ (Prolapse Of Uterus)

Read times Last modified on Wednesday, 27 February 2019 15:11
Rate this item
(0 votes)