What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 August 2017 10:41

နံနက်ပိုင်း ခေါင်းကိုက်တတ်သူများ ရှောင်ရှားနိုင်မည့် နည်းလမ်းများ

နံနက်ပိုင်း ခေါင်းကိုက်တတ်သူများ ရှောင်ရှားနိုင်မည့် နည်းလမ်းများ google.com

နံနက်အိပ်ရာထချိန်တွင် စိတ်ပျက်စရာ ခေါင်းကိုက်ဝေဒနာနှင့် ကြုံတွေ့ရသည့် အကြောင်းရင်းများစွာရှိပြီး ယင်းဝေဒနာကင်းဝေးရေး ရှောင်ရှားရန် နည်းလမ်းများကို သိထားရန်လိုသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်သည် ပုံမှန်အလုပ်လုပ်ရန်ခုနစ်နာရီမှ ရှစ်နာရီအထိ အိပ်စက်ရန်လိုအပ်သည်။

ယင်းထက်အိပ်စက်ချိန်လျော့နည်းခြင်းကြောင့် နံနက်အိပ်ရာထချိန်တွင် ခေါင်းကိုက်နိုင်သည်။

အိပ်ရေးပျက်ခြင်းကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ကာ နှလုံး ခုန်နှုန်း မြန်လာပြီး သွေးတိုးလာနိုင်သည်။ ယင်းအခြေအနေများ ကြောင့် ခေါင်းကိုက်နိုင်သည်။

READ - လုပ်ငန်းခွင်မှာ ခေါင်းကိုက် တဲ့အခါ ဘာလုပ်သင့်လဲ???

Ibuprofen  (သို့မဟုတ်) Naproxen ဆေးတို့ကဲ့သို့ အလွယ် တကူ ဝယ်ယူနိုင်သော ဆေးဝါးများက ယင်းအခြေအနေကို သက် သာစေနိုင်သည်။

သို့သော် ညဘက် ကိုးနာရီထက်ကြာအောင် အိပ်စက်ခြင်း ကြောင့်လည်း ဦးနှောက်သို့ သွေးစီးဆင်းမှု လျော့ကျစေကာ ခေါင်း ကိုက်နိုင်သည်။

Endorphin ဟုခေါ်သော ဟော်မုန်းများ နည်းပါးခြင်းကြောင့် ဦးနှောက်သို့ ပို့ဆောင်သောသွေးကြောများ ကျဉ်းမြောင်းသွား၍ ခေါင်းကိုက်နိုင်သည်။

ညပိုင်းအရက်အနည်းငယ် သောက်လျှင်ပင် ရေဓာတ်ခန်း ခြောက်နိုင်ပြီး ဦးနှောက်သို့ သွေးစီးဆင်းမှု ပမာဏသည် လျော့နည်းစေသဖြင့် နံနက်ပိုင်း ခေါင်းကိုက်နိုင်သည်။

အကောင်းဆုံးနည်းလမ်းသည် ရေဓာတ်ပြန်ဖြည့်ခြင်းဖြစ်ပြီး ဗီတာမင်စီဆေးပြားများက အရက်ကြောင့် ထိခိုက်မှုများအတွက် အသည်း၏ လုပ်ဆောင်ချက်များကို အထောက်အကူပြုနိုင်သည်။

ညဘက်အိပ်စက်ချိန်တွင် အဆက်မပြတ်ဟောက်တတ်ခြင်း ကြောင့် ဦးနှောက်က အောက်ဆီဂျင်ရရှိနိုင်မှု ထိခိုက်စေနိုင်သည်။

အောက်ဆီဂျင်နည်းပါးခြင်းကြောင့် ဦးနှောက်သွေးကြောများ သွေး စီးဆင်းမှု ပိုများကာ ဦးနှောက်ကို ဖိအားဖြစ်စေပြီး ခေါင်းကိုက်နိုင် သည်။ 

ကော်ဖီသောက်ပြီး နောက်ကျမှ အိပ်ရာဝင်ခြင်းကြောင့်လည်း သွေးကြောများပိုကျယ်လာကာ ခေါင်းကိုက်နိုင်သည်။

စိတ်ဓာတ်ကျခြင်းနှင့် ဆက်စပ်သည့်ခေါင်းကိုက်ဝေဒနာများ အချိန်မရွေး ခံစားရနိုင်သည်။ စိတ်ဓာတ်ကျပါက ဆရာဝန်နှင့် တိုင်ပင်ဖြေရှင်းသင့်သည်။

သွေးတိုးနေခြင်းကြောင့်လည်း မကြာခဏခေါင်းကိုက်နိုင်သည်။ သို့သော် ခေါင်းကိုက်ရသည့် အကြောင်းရင်းများစွာရှိသော ကြောင့် ငုပ်လျှိုးနေသော အကြောင်းရင်း ရှိ၊ မရှိ ဆရာဝန်နှင့် စစ် ဆေးကြည့်ပြီးမှ ကုသမှုခံယူသင့်သည်။

READ - ခေါင်းကိုက်ခြင်းကို ထိန်းချုပ်ဖို့ နည်းလမ်း (၅) မျိုး

Source: 7 day daily

Read times Last modified on Monday, 14 August 2017 10:56
Rate this item
(1 Vote)