What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 May 2020 13:14

ကာကွယ်ဆေးထိုးပြီးချိန်တွင် ဖြစ်တတ်သော လက္ခဏာများနှင့် သက်သာစေမည့် နည်းလမ်းများ

မွေးကင်းစကနေ တစ်နှစ်ခွဲအထိ ကလေးတိုင်း ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများနှင့် ဆေးထိုးပြီးချိန်တွင် ဖြစ်တတ်သော လက္ခဏာများကို သက်သာစေမည့် နည်းလမ်းများအား အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။ 

 

ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများ

၁။ ဘီစီဂျီ

၂။ အသည်းရောင်အသားဝါ (ဘီ)

၃။ ပိုလီယိုအစက်ချဆေး

၄။ ငါးမျိုးစပ်

၅။ ပိုလီယိုထိုးဆေး

၆။ ဝက်သက် - ဂျိုက်သိုး

၇။ ဂျပန်ဦးနှောက်ရောင်

 

ဆေးထိုးပြီး ဖြစ်တတ်သော လက္ခဏာများ

၁။ ဘီစီဂျီကာကွယ်ဆေး ထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

၂။ အသည်းရောင်အသားဝါ (ဘီ) ဆေးထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။

 

၃။ ပိုလီယိုအစက်ချဆေး တိုက်ပြီးလျှင် ဖျားခြင်းနှင့် မအီမသာဖြစ်ခြင်း ဖြစ်စေနိုင်ပါတယ်။

၄။ ငါးမျိုးစပ်ဆေးတိုက်ပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်းနှင့် မအီမသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

 

၅။ ပိုလီယိုထိုးဆေး တိုက်ပြီးလျှင် ဖျားခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၆။ ဝက်သက်- ဂျိုက်သိုး ဆေးထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း၊၊ အရေပြားတွင် အနီစက်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

 

၇။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီးလျှင် ဖျားခြင်း၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း၊၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ အဆစ်ကိုက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။

 

ကာကွယ်ဆေးထိုးပြီးချိန်တွင် မိမိကလေး သက်သာစေရန် ပြုစုရမည့် နည်းလမ်းများ

ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း ဖြစ်ပေါ်ပါက ဆေးထိုးသောနေရာကို သန့်ရှင်းသော ရေအေးဖတ်ဖြင့် အုပ်ပါ။ Paracetamol တိုက်ပါ။ ဖျားလျှင် အရည်များများတိုက်ပါ။ အေးသောအဝတ်အစားများ ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ ပါရာစီတမော့ တိုက်ပါ။

 

အခြားလက္ခဏာများ ဖြစ်ပေါ်လျှင် တစ်ရက်၊ နှစ်ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။ လက္ခဏာပြင်းထန်လျှင်သော်လည်းကောင်း၊ အဖျားအချိန်ကြာလျှင်သော်လည်းကောင်း ဆေးထိုးပေးသော သားဖွားဆရာမ (သို့) ဆရာဝန်နှင့် ချက်ချင်းပြသပါ။

သတ်မှတ်ထားသည့် အသက်အရွယ်အတိုင်း အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးမှသာ ရောဂါများမှ အပြည့်အဝ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

MOHS

Read times
Rate this item
(0 votes)