What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 16:32

နှလုံးခုန်မမှန် ဖြစ်ခြင်း၏ လက္ခဏာ ခုနစ်ခု

နှလုံးခုန်နှုန်း မမှန်တာကို သတိမမူဘဲ နေတာက အန္တရာယ်များပါတယ်။

ဒါကြောင့် နှလုံးခုန်နှုန်း မမှန်တဲ့ လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။

ပုံမှန် မဟုတ်ဘဲ ထူးဆန်းတဲ့ နှလုံးခုန်သံနဲ့ အတူ နုံးတာ၊ အသက်ရှူမဝတာနဲ့ ရင်ဘတ်အောင့်တာ စတဲ့ နှလုံး ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်းပြတဲ့ တခြား လက္ခဏာတွေပါ တွဲပြီး ခံစားနေရရင်၊ နှလုံးခုန် မမှန်တာက အချိန် စက္ကန့် ၃၀ ထက် ပိုပြီး ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။ သင်က အရင်က နှလုံးရောဂါ တစ်ကြိမ် ထဖူးရင် ဒါမှမဟုတ် သင့်မှာ နှလုံးရောဂါ ရှိနေရင် နှလုံးခုန်နှုန်းက ပုံမှန် မဟုတ်ဘဲ ပြောင်းလဲတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ ချက်ချင်း တွေ့ဆုံသင့်ပါတယ်။

 

နှလုံးခုန်နှုန်း မမှန်ကြောင်း ပြသသော လကဏ္ခဏာများ

- နှလုံးတုန်ခြင်း၊

- နှလုံးခုန်နှုန်း ပုံမှန် မဟုတ်ခြင်း၊

- အသက်ရှူ မဝခြင်း၊ (အထူးသဖြင့် လေ့ကျင့်ခန်း လုပ်ချိန်နဲ့ စိတ်ဖိစီးမှု ခံစားနေရချိန် အတောအတွင်း)

- အားနည်းခြင်း၊ ပင်ပန်းနုံးခွေခြင်း

- မူးဝေခြင်း၊ သတိလစ်ချင်သလိုလို ဖြစ်ခြင်း၊

- ရီတီတီ မူးနောက်နောက် ဖြစ်ခြင်း၊

- ရင်ဘတ်အောင့်ခြင်း တို့ပဲ ဖြစ်ပါတယ်။

နှလုံးခုန်သံ မမှန်တာကို လူအများစုက ကိုယ့်ကိုယ်ကိုယ် သတိမထားမိတတ်ကြပါဘူး။ တချို့လူတွေက ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရင်းနဲ့ နှလုံးခုန်နှုန်း မမှန်တာကို တွေ့ရရှိပါတယ်။


Source:ဇွန် (yatanarpon)

Read: ဦးနှောက်စွမ်းရည်ကို ကျစေသော အလေ့အကျင့်ဆိုးများ

ဦးနှောက်စွမ်းရည်ကို ကျစေသော အလေ့အကျင့်ဆိုးများ

Read times Last modified on Wednesday, 27 February 2019 15:10
Rate this item
(0 votes)