What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 12 March 2018 17:23

ယောဂကျင့်စဉ် စတင်ပြုလုပ်တော့မည်ဆိုရင် သိသင့်သည့်အချက်များ

ယောဂကျင့်စဉ် စတင်ပြုလုပ်တော့မည်ဆိုရင် သိသင့်သည့်အချက်များ google.com

လေ့လာချက်တွေအရ- ယောဂကျင့်ခြင်းသည် ခန္ဓာကိုယ်အတွက်ကောင်းရုံသာမက စိတ်ခွန်အားပါ ကျန်းမာသန်စွမ်းစေပါတယ်။ 

အသက်၅၅ နှစ်ဝန်းကျင် ရှိသောသူ ၂၅ ယောက်၏ စဉ်းစားဉာဏ် နဲ့ မှတ်ဉာဏ်တို့၏ ပြဿနာများကို လေ့လာမှုအရ ဒီအချက်ကို သိခဲ့ရတာ ဖြစ်ပါတယ်။

 

သူတို့ကို သုံးလတိုင်တိုင် ဆေးဝါးများ၊ ယောဂကျင့်စဉ်များ နှင့် မှတ်ဉာဏ်လေ့ကျင့်ခန်းများနှင့် အလှည့်ကျစမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုအဆုံးမှာ အုပ်စုနှစ်ခုလုံးတွင် တူညီသော မှတ်ဉာဏ်စမ်းသပ်မှုများပြုလုပ်ပြီး နာမည်နှင့်တကွ စာရင်းပြုစုခဲ့ပါတယ်။

 

ယောဂကျင့်စဉ်ဖြင့် စမ်းသပ်ခဲ့သူများ၏ မှတ်ဉာဏ်များဟာ လမ်းနှင့် တည်နေရာများကို အလွတ်ကျက်နိုင်တဲ့အထိ တိုးတက်ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ စိတ်ကျရောဂါနှင့် စိုးရိမ်လွန်ကဲခြင်းရောဂါများကိုပါ လျော့ကျပျောက်ကင်းစေနိုင်ပါတယ်။ ယောဂကျင့်စဉ်သည် အသက်ရှုလေ့ကျင့်ခန်း၊ စိတ်တည်ငြိမ်ခြင်း၊ လက်သွေးပူလေ့ကျင့်ခန်း၊ အလင်းကြည့်ရှုခြင်း၊ တို့အပေါ်တွင် အခြေခံထားတာပါ။ စမ်းသပ်မှုတွင် ပါဝင်ခဲ့သူများကိုလည်း အိမ်တွင် တစ်နေ့ကိုမိနစ် ၂၀ ခန့်ပုံမှန်ပြုလုပ်ပေးရန် မှာကြားခဲ့ပါတယ်။

 

အခုမှယောဂစကျင့်မည့်သူများအတွက် ယောဂကျင့်စဉ်များထဲမှ ကျင့်နည်း (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခြေထောက်နှစ်ဖက်စုပြီး ရပ်ပါ။ ညာခြေထောက်ကို ကွေးပြီး ခြေဖဝါးကို ပေါင်ရင်းနားထားပါ။ လက်နှစ်ဖက်ကို ဆန့်ပြီး လက်ဖဝါးနှစ်ဖက်ထောင်ထားပါ။ မျက်နာရှေ့တည့်တည့်ကြည့်ပါ။ ပုံမှန်အသက်ရှုပါ။

 

အကျိုးကျေးဇူး- စိတ်ကို အေးချမ်းစေသည်။ မိမိကိုယ်ကို ယုံကြည်မှုကို စိတ်တွင် ဖြစ်ပေါ်စေသည်။ တရားကျင့်ရန် သင့်တော်သော အာဆနတစ်ခုဖြစ်သည်။ဤ ပုံစံဖြင့် ဆုတောင်းမှုကို အကျိုးပြုစေသည်။

 

(၂) ပထမဦးစွာ ခြေထောက်နှစ်ဖက်ကို ဆန့်ပြီးထိုင်ပါ။ ခြေထောက်နှစ်ဖက် ဘေးသို့ ဖြန့်ထားပါ။ လက်ချောင်းများယှတ်ပြီး လက်ဖဝါးကို ခေါင်းနောက်တွင် မြဲမြံစွာထားပါ။ တစ်တောင်ဆစ်နှစ်ဖက် ရသလောက်ကားထားပါ။ လေကို အောင့်ထားပြီး ညာဘက်သို့ကိုင်းညွတ်ပြီး ညာဘက်တစ်တောင်ဆစ်ကို ညာဒူးသို့သွားထိပါ။ ဘယ်ဘက်တစ်တောင်ဆစ်အပေါ်သို့ ထောင်ထားပါ။ ရသလောက်နေပြီး မူလအနေအထားသို့ပြန်လာပါ။ ဤအတိုင်း ဘယ်ဘက်ကိုလည်း လုပ်ပါ။

 

အကျိုးကျေးဇူး- ဤနည်း၏ အကျိုးသက်ရောက်မှုသည် နောက်ကျောနှင့် ကျောရိုးပေါ်သက်ရောက်သည်။ ခါးနှင့် ဗိုက်ပေါ်သက်ရောက်သည်။ ဗိုက်နှင့်ခါး ဆက်စပ်နေသော ကြွက်သားများ ကောင်းစွာ လေ့ကျင့်ပြီး ဖြစ်စေသည်။ ကျောရိုးကို ပျော့ပျောင်း စေသည်။ အစာချေအားကောင်းစေသည်။ ခါးသေးစေသည်။ အူများ ကောင်းစွာ အလုပ်လုပ်စေသည်။ ခါးကြွက်သားများ သန်မာစေသည်။

 

(၃) ပထမဦးစွာ ခြေထောက်နှစ်ဖက်ဆန့်၍ ထိုင်ပါ။ ခြေထောက်နှစ်ဖက်ကို ဘေးသို့ ရသလောက်ကားထားပါ။ လက်နှစ်ဖက်ကို နောက်ကျောသို့ယူသွားပြီး ပိုက်ထားပါ။ ဘယ်လက်ဖဝါး ညာဘက်တစ်တောင်၊ ညာဘက်လက်ဖဝါး၊ ဘယ်ဘက်တစ်တောင်ဆစ်တွင် မြဲမြံစွာကိုင်ထားပါ။ ပြီးလျှင် တဖြည်းဖြည်း ရှေ့သို့ ညွန့်ပြီး၊ရင်ဘက်၊ မေးတို့ကို မြေကြီးထိသည်အထိသွားပါ။ ဤပုံစံအတိုင်း ရသလောက်နေပြီး မူလအနေအထားသို့ပြန်လာပါ။ ၃ ကြိမ်လုပ်ပါ။

 

အကျိုးကျေးဇူး- ဤနည်းကို ကျင့်ခြင်းဖြင့် ခါး၊ပေါင်၊ အကြောများ၊ ကြွက်သားများ၊ သန်မာထွားကျိုင်းစေသည်။ ဝမ်းချုပ်ခြင်း၊ဗိုက်တွင်လေအောင့်ခြင်းမဖြစ်ပါ။ ကျင်ကြီး၊ ကျင်ငယ် စွန့်ရာတွင် လွယ်ကူစေသည်။

 

(၄) ဒူးထောက်ထိုင်ပါ။ ညာခြေထောက်ကို ဘယ်ဒူးရှေ့တစ်တောင်ခန့် အကွာထားပါ။ လက်ဖဝါးနှစ်ဖက်ကို ကြမ်းခင်းမှာ ထောက်ပါ။ လက်နှစ်ဖက်ကိုအားပြုပြီး ညာခြေထောက်ကို ရှေ့သို့ ရသလောက်သွား၊ ဘယ်ခြေထောက်ကို နောက်သို့တဖြည်းဖြည်းပို့ပါ။ ခြေထောက်နှစ်ဖက်ကို ရသလောက်ဆန့်ပါ။တင်ပါးကို အောက်ထိနိုင်အောင် ကြိုးစားပါ။ မျက်လုံးပိတ်ခန္ဓာကိုယ်ကိုလျှော့ထား၊ လက်အုပ်ချီပါ။ ဤပုံစံအတိုင်း သက်သက်သာသာ ရသလောက်နေပါ။ မူလအနေအထားသို့ပြန်လာပါ။ ခြေထောက်ပြောင်းလုပ်ပါ။ ဤနည်းလုပ်ပြီးရင် ခြေထောက်နှစ်ဖက်ကိုဆန့်ပြီး ထိုင်ပါ။

 

(မှတ်ချက်။ ။ ခါးရိုးနာနေသူ၊အူကျနေသူ၊ တင်ပါးအဆစ်လွဲနေသူများမပြုလုပ်ရပါ။

 

အကျိုးကျေးဇူး- ခြေထောက်ပေါင်အပိုင်း၊ တင်ပါးပိုင်းတို့ကို ပျော့ပျောင်းစေသည်၊ သားအိမ်လမ်းကြောင်းကို စွမ်းအင်တိုးစေသည်၊ အမျိုးသမီးများ ကလေးမွေးရာတွင် လွယ်ကူချော့မွေ့စေသည်။ အသက် ၅၀၊ ၆၀ အရွယ်များ အတင်းအဓမ္မလုပ်လျှင် အူကျွံတတ်သည်။

 

(၅) ပထမ ခြေထောက်နှစ်ဖက်ကို ဆန့်ပြီးထိုင်ပါ။ ပြီးနောက် “ပ” ပုံစံထိုင်ပြီး ကျောပြင်ကို အားပြု၍ လှဲပါ။ လက်နှစ်ဖက်လက်သီးဆုပ်ပြီး ဒူးနှစ်ဖက်မပြီး လက်သီးကို တင်ပါးအောက်ထားပါ။ လက်သီးနှစ်ဖက်ပက်လက်အနေအထားရှိပါစေ၊ ခန္ဓာကိုယ်တစ်ခုလုံး တစ်တောင်ဆစ်နှင့် လက်သီးဆန့်ပေါ်ရှိပါစေ၊ ဟန်ချက်ကိုထိန်းပေးပါ။ အသက်ကို ပုံမှန်ရှုပါ။ ခေါင်းလည်ပင်းတို့ကို မနိုင်အောင်ကြိုးစားပါ။

 

အကျိုးကျေးဇူး- ဝမ်းဗိုက်ပိုင်းကို အဓိက အကျိုးသက်ရောက်သည်။ အစာချေအားကောင်းစေသည်။ အူသိမ်၊အူမကြီးတို့ကို အားရှိစေသည်။ အတွင်းပိုင်း ကို ပုံမှန်အလုပ်လုပ်စေသည်။လက်ချောင်းများအားရှိစေပြီး လက်တုံခြင်းကို ကင်းဝေးစေသည်။

 

Yoga

Read times Last modified on Thursday, 28 May 2020 10:51
Rate this item
(0 votes)