What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 October 2022 14:50

အီသလင်းအောက်ဆိုဒ် ပါဝင်တဲ့ Mie Sedaap ဆီချက်ခေါက်ဆွဲကို နှစ်ခု ပြန်လည်သိမ်းဆည်း

စင်ကာပူအစားအစာ အာဏာပိုင် အေဂျင်စီ (SFA) သည် Mie Sedaap အမှတ်တံဆိပ် ကုန်ပစ္စည်းနှစ်ခုတွင် ethylene oxide ပိုးသတ်ဆေးတစ်မျိုးကို တွေ့ရှိပြီးနောက် ပြန်လည်သိမ်းဆည်းရန် ကြာသပတေးနေ့ (အောက်တိုဘာ ၆ ရက်) ထုတ်ပြန်ခဲ့သည်။

 

Mie Sedaap Korean Spicy Soup အသင့်စားခေါက်ဆွဲနှင့် Mie Sedaap Korean Spicy Chicken အသင့်စားခေါက်ဆွဲ တွေကို ပြန်လည်သိမ်းဆည်းရန် SFA မှ ညွှန်ကြားထားသည်။

 

ပြန်လည်သိမ်းဆည်းရမယ့် ထုတ်ကုန်တွေဖြစ်တဲ့ Mie Sedaap Korean Spicy Soup သက်တမ်းကုန်ဆုံးရက် မတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ် နဲ့ Mie Sedaap Korean Spicy Chicken သက်တမ်းကုန်ဆုံးရက် မေလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ် ဖြစ်ပါတယ်။

 

အဆိုပါ တွေ့ရှိတဲ့ Ethylene Oxide ပိုးသတ်ဆေးတစ်မျိုးက အစားအသောက်များတွင် အသုံးပြုရန် ခွင့်မပြုသော ပိုးသတ်ဆေးဖြစ်တယ်လို့ SFA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Mie Sedaap အသင့်စားခေါက်ဆွဲမှလွဲ၍ တခြား ထုတ်ကုန်တွမှာ Ethylene Oxide တွေကို မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။

 

Mie Sedaap အသင့်စားခေါက်ဆွဲမှာ Ethylene Oxide ပါဝင်သော အကြောင်းအရာနှင့် ပတ်သက်ပြီး ထုတ်ကုန် တင်သွင်းသူများနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေကလည်း ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

"Ethylene Oxide (အီသလင်းအောက်ဆိုဒ်) ပါဝင်မှုနည်းသော အစားအစာများကို စားသုံးရန် ချက်ခြင်းအန္တရာယ်မရှိသော်လည်း၊ ရေရှည်ထိတွေ့မှုသည် ကျန်းမာရေးပြဿနာများဆီသို့ ဦးတည်သွားနိုင်သည်" ဟု SFA က မီဒီယာတစ်ခုတွင် ပြောကြားခဲ့သည်။

 

Source: CNA

Myanmar Health Products Guide

Read times
Rate this item
(0 votes)