What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 08 January 2019 10:03

ဂျပန် သူနာပြုလျှောက်ထားသူများ သတိပြုရန်

၁။ငွေမချေရသေးသူများ ငွေမချေပါနဲ့ဦး။ ရှေ့လူတွေမသွားရသေးပါ။ စာကိုသာ အဆင့်မြင့်လာအောင် ဆက်လက်ကြိုးစားသင်ယူကြပါ။

 

၂။ ဂျပန်နိုင်ငံ အစိုးရရုံးပိတ်ရက်များတွင် နားရက်မရှိ ဆိုသော လုပ်ငန်းကို အင်တာဗျူးအောင်သော်လည်း မလျှောက်သင့်ပါ။

 

၃။ ယန်း ၁၇သောင်းခွဲသည် လစဉ်ရသင့်သည့် ပုံမှန်လစာဖြစ်ပါသည်။ ထိုပမာဏထက်နိမ့်သော လစာဖြင့် ဂျပန်နိုင်ငံနေထိုင်မှုတွင် ရေရှည်ရပ်တည်ဖို့ရာ မလွယ်ကူနိုင်ပါ။ ထိုလုပ်ငန်းမျိုးတွင် စာချုပ်လည်း မချုပ်သင့်ပါ။

 

၎။ တောင်းဆိုပါက အချိန်ပိုမဖြစ်မနေဆင်းပေးရမည်ဆိုသော လုပ်ငန်းအကြောင်းအရာ ပါဝင်ပါက လက်မခံရပါ။

 

၅။ သူနာပြုလုပ်ငန်းတွင် အဆင်မပြေရှိခဲ့ပါက လယ်ယာစိုက်ပျိုးရေး အစရှိသော အခြားလုပ်ငန်း များတွင်ပြောင်းကူး ထမ်းဆောင်ရမည်ဆိုသော စာချုပ်မျိုးကို လက်မခံသင့်ပါ။

 

၆။ နှစ်မပြည့်ပဲ ပြန်လာပါက လျော်ကြေး ဒေါ်လာ မည်၍မည်မျှပေးချေရမည် ဆိုသော အလုပ်မျိုးကို စာချုပ်မချုပ်ဆိုသင့်ပါ။ ဥပမာ ၆နှစ် ဆက်တိုက်အလုပ်လုပ်ပါမည်။ အချိန်မပြည့်ခင် ထွက်ပြေးသည်ဖြစ်စေ စာချုပ်ဖောက်ဖျက်၍တိုင်းပြည်သို့ပြန်သည်ဖြစ်စေ ဒေါ်လာ ၆၆၀၀ ပေးချေပါမည်ဟု စာချုပ်တွင်ပါဝင်ပါက ထိုစာချုပ်မျိုးကို လက်မှတ်မထိုးသင့်ပါ။

 

၇။ အလုပ်ချိန် ၈နာရီထက်ကျော်လွန်သောအခါ အချိန်ပိုကြေး မည်၍မည်မျှပေးချေပါမည်ဟု သတ်မှတ်ထားခြင်းမရှိသော စာချုပ်ကို မချုပ်ဆိုသင့်ပါ။

 

၈။ ဤအလုပ်သည် အလွန်ပင်ပန်းသည်။ မအောင်မြင်ဘဲလည်း ဂျပန်ပြည်က မပြန်သင့်ဘူး။ အိမ်ထောင်ပြုရန် ဂျပန်လူမျိုး အမျိုးကောင်းသားတွေ မိတ်ဆက်ပေးတဲ့လုပ်ငန်းရှိတယ်။ ဘယ်သို့ဘယ်ပုံအကျိုးရှိမယ်စသည် မည်သို့နားချစေကာမူ စိုးစင်းမျှ နားမယောင်မိပါစေနှင့်။ ဂျပန်နိုင်ငံ လူဦးရေကျဆင်းလာမှုသည် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို များစွာထိခိုက်လာလျှက်ရှိရာ အမျိုးကောင်းသမီး မြန်မာနိုင်ငံသားတို့ ဝေးစွာရှောင်ရှားကြစေချင်သည်။ ဂျပန်လူမျိုးကို လက်မထပ်ရမဆိုလိုပေ။ ထိုသို့သော ဆွယ်တရားများကို ရှောင်ရှားနိုင်ကြစေရန်သာ ဖြစ်သည်။

 

၉။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် စိတ်မူမမှန်သူ ကြပ်မပြည့်သူ ရူးသွပ်နေသူ စောင့်ရှောက်ရေးဟူ၍ရှိရာ သေချာစွာစိစစ်ပြီးမှ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးမှန်မှသာ စာချုပ် ချုပ်ဆိုကြပါ။

Source:KYODO NEWS

 

Read: မြန်မာသူနာပြုစောင့်ရှောက်မှုလုပ်သား ပထမဆုံးအသုတ် ဂျပန်ဆိုက်ရောက်

မြန်မာသူနာပြုစောင့်ရှောက်မှုလုပ်သား ပထမဆုံးအသုတ် ဂျပန်ဆိုက်ရောက်

Read times Last modified on Wednesday, 27 February 2019 15:09
Rate this item
(0 votes)