What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 January 2019 11:56

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာကုသရေး ငါးထပ်ဆောင်အသစ်ဖွင့်လှစ်

ရန်ကုန်ဆေးရုံကြီးတွင် ကျပ်သန်း ၃,၂၀၀ ကျော် ကုန်ကျ ခံ ဆောက်လုပ်ထားသည့် ကင် ဆာကုသဆောင် ငါးထပ်ဆောင် အသစ်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ ပြီး ကင်ဆာဝေဒနာရှင်များကို ပိုမိုကုသမှုပေးနိုင်မည်ဖြစ်သည်။

အဆိုပါ ကုသဆောင်ကို ၂၀၁၅ တွင် စတင်ဆောက်လုပ်ခဲ့သည်။ ရန်ကုန်ဆေးရုံကြီး ကင် ဆာကုသဆောင်သည် ခုတင် ၈၀ သာ ဆံ့သော်လည်း လူနာ ၂၀၀ ခန့် ရှိနေခြင်းကြောင့် ယခုကဲ့သို့ ငါးထပ်ဆောင်သစ်ကို တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရန်ကုန် ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာခင် ချိုဝင်းက ပြောသည်။

 

‘‘ကင်ဆာဆေးပညာဌာနနဲ့ ဓာတ်ရောင်ခြည်ဌာန နှစ်ခုပေါင်း ကိုမှ ward တစ်ခုပဲရှိပါတယ်။ အဲ ဒါက ခုတင် ၈၀ ပဲဆံ့တယ်။ ဒါပေ မဲ့ တက်တဲ့လူနာပေါင်းက တစ် နေ့တစ်နေ့ကို ၂၀၀ ကျော်တဲ့အ တွက်ကြောင့် လူနာတွေက အမြဲ တမ်း ခုတင်မရဘဲနဲ့ ခုံထိုးအိပ်ရ တာတွေရှိတယ်။ ဒါကြောင့် ကျန်း မာရေးဝန်ကြီးတို့ လာကြည့်တဲ့ အချိန်မှာ တော်တော်လေးကို လူ နာတွေအတွက် စိတ်မကောင်း ဖြစ်ကြတယ်။ ဒီအတွက်ကို ကင် ဆာကုသဆောင် ငါးထပ်ဆောင် အသစ်ကို ဒီနေရာမှာထပ်ပြီးတော့ လုပ်လိုက်ခြင်းအားဖြင့် လူနာတွေ အတွက် ပိုပြီးတော့ အကျိုးရှိမယ်။ လူနာတွေလည်း စိတ်ချမ်းချမ်း သာသာနဲ့ ဆေးကုနိုင်တယ်လို့ ရည်ရွယ်တဲ့ အတွက်ကြောင့်မို့ ထပ်ပြီး တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။ 

 

ယင်းငါးထပ်ဆောင်တွင် ပြင်ပလူနာဌာန၊ ဓာတ်ရောင်ခြည် ကင်ဆာဌာန၊ ကင်ဆာဆေးပညာ ဌာနတို့ ထားရှိမည်ဖြစ်ပြီး ခုတင် ၃၀၀ ကျော် ထပ်မံတိုးချဲ့၍ ကင် ဆာလူနာများကို ပိုမိုကုသပေးနိုင် မည်ဖြစ်သည်။

 

ရန်ကုန်ဆေးရုံကြီးသည် အ နယ်နယ်အရပ်ရပ်မှ ပြည်သူများ အားကိုးအားထား ပြုနေရသော ဆေးရုံကြီးဖြစ်သည်။ ကင်ဆာ လူနာများအတွက် ဓာတ်ရောင် ခြည်ကုသစက်လေးခုဖြင့် ကုသ ပေးနေပြီး ကင်ဆာဆေးဝါးအချို့ လည်း အခမဲ့ပေးနေသည်။ သို့ရာ တွင် လူနာများပြားသဖြင့် ဓာတ် ရောင်ခြည်ကုသရန် စက်များနှင့် ကင်ဆာဆေးဝါးများ လိုအပ်ချက် ရှိနေသေးကြောင်း ဒေါက်တာခင် ချိုဝင်းက ပြောသည်။

 

ယင်းဆေးရုံကြီး၌ ၂၀၁၇ က ကင်ဆာလူနာအသစ် ၇,၂၅၄ ဦး ရှိကာ ၂၀၁၈ တွင် ကင်ဆာလူနာ ၇,၅၀၀ ကျော် လာရောက်ပြသ မှုရှိကြောင်း ဆေးရုံကြီး၏ မှတ် တမ်းများ၌ ဖော်ပြထားသည်။
Source:7daydaily

 

Read: ပုလဲလုံးလေးတွေလို သွားလေးတွေဘယ်လိုဖြူဝင်းအောင်လုပ်မလဲ???

ပုလဲလုံးလေးတွေလို သွားလေးတွေဘယ်လိုဖြူဝင်းအောင်လုပ်မလဲ???

Read times Last modified on Wednesday, 27 February 2019 14:55
Rate this item
(1 Vote)