What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 January 2019 18:10

ကြာစူး (ခေါ်) မွှေးညှင်းပေါက်ပိတ်လို့ဖြစ်တတ်တဲ့ အဖုလေးတွေကို ပျောက်ကင်းစေမယ့် နည်းလမ်း (၅)မျိုး

ကြာစူးလို့ခေါ်တဲ့ မွှေးညှင်းပေါက်ပိတ်ရာမှ ဖြစ်တတ်တဲ့ အဖုလေးတွေဟာဆိုရင် လူတော်တော်များများ တွေ့ကြုံနေရတဲ့ ပြဿနာဖြစ်ပါတယ်။

အမွှေးတွေက ရှည်မလာဘဲ မွှေးညှင်းပေါက်ထဲမှာပဲ ပိတ်နေတဲ့အခါမှာ ဒီလိုအဖုလေးတွေဖြစ်လာတာဖြစ်ပါတယ်။ ဒီလိုအဖုလေးတွေက စိုးရိမ်စရာကောင်းတဲ့ ရောဂါမျိုးတော့မဟုတ်ပေမယ့်လည်း ကြည့်လို့လုံးဝမလှတာတော့ အသေအချာပါပဲနော်။ ဒါကြောင့် ဒီလိုအဖုလေးတွေကို ပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သကြား
သကြားကို သံလွင်ဆီအနည်းငယ်ရောပြီး ကြာစူးဖြစ်တဲ့ အရေပြားပေါ်ကို စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ညင်ညင်သာသာ ပွတ်လိမ်းပေးပြီးနောက်မှာတော့ ရေနွေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ အသားခြောက်တတ်သူဆိုရင်တော့ ခြောက်အောင် သုတ်ပြီး လိုးရှင်းလေး လိမ်းပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို မကြာမကြာ ပြုလုပ်ပေးခြင်းဖြင့် ချောမွေ့တဲ့ အသားအရေလေးကို ရရှိမှာဖြစ်ပါတယ်။

 

(၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးနဲ့တို့ပြီး ကြာစူးဖြစ်တဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိ စောင့်ပြီး ရေနွေးလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းလေးကို တစ်နေ့ (၂)ကြိမ် ပုံမှန်လေးပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

 

(၃) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အခွံနွှာပြီး အထဲက အနှစ်လေးတွေကို ယူကာ ကြာစူးဖြစ်တဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ တစ်နာရီခွဲခန့် ထားပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ရက် ၃ကြိမ်၊ ၄ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အမြန်ဆုံး ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

 

(၄) ပျားရည်
ပျားရည် (လိုသလောက်) ကို ကြာစူးဖြစ်တဲ့ အရေပြားပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ခန့် အခြောက်ခံထားလိုက်ပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်နေ့ ၃ ကြိမ် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

 

(၅) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ တို့ကာ ကြာစူးဖြစ်တဲ့နေရာကို လိမ်းပေးပါ။ ၅ မိနစ်ခန့်အကြာမှာတော့ ရေအေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်နေ့ ၃ကြိမ်ခန့်ပုံမှန်လေး ပြုလုပ်ပေးခြင်းဖြင့် အချိန်တိုအတွင်းမှာ ကြာစူး တွေပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Source:auntymay

 

Read: Bartholin’s cyst (မိန်းမကိုယ် အရည်အိတ်)

Bartholin’s cyst (မိန်းမကိုယ် အရည်အိတ်)

Read times Last modified on Wednesday, 27 February 2019 14:54
Rate this item
(1 Vote)