What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 24 May 2018 11:38

နေ့စဉ် ဘာကြောင့် တရုတ်နံနံပင်ကိုစားသင့်သလဲ

နေ့စဉ် ဘာကြောင့် တရုတ်နံနံပင်ကိုစားသင့်သလဲ Google.com

တရုတ်နံနံပင်က နှလုံးရောဂါကို ကာကွယ်ပေးတဲ့အပြင် အစာခြေစနစ်ကို ကောင်းစေပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။

တရုတ်နံနံပင်ကို ဟင်းလျာတွေချက်ပြုတ်ရာမှာ ဥပမာ အသုပ်၊ ဟင်းချိုတွေချက်ပြုတ်ရာမှာထည့်ပေးရင်း စားသုံးနိုင်ပါတယ်။

တရုတ်နံနံပင်ကို စားပေးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

သဘာဝနည်းဖြင့် ဆီးရွင်စေ

Image result for ဓမ္မတာလာချိန်

ဆီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးနိုင်တဲ့ အဓိက နည်းလမ်းပါဘဲ။အဲ့ဒီအပြင် တရုတ်နံနံပင်မှာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ထဲမှာ အရည်တွေ ရှိနှုန်းကို ထိန်းချုပ်ပေးနိုင်ပြီး သွေးတိုးကို ကျစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

Image result for ကင်ဆာဆဲလ်
တရုတ်နံနံပင်မှာ Phthalides ၊ Flavonoids နဲ့ Polyacetylenes ဓာတ်တွေပါဝင်ပြီး ဒီဓာတ်တွေက ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ အဓိက ဓာတ်တွေဖြစ်ပါတယ်။ ဒီဓာတ်တွေက ကင်ဆာကိုဖြစ်စေတဲ့ Carcinogens ဓာတ်တွေကို တိုက်ဖျက်ပေးပါတယ်။

အဲ့ဒီအပြင် တရုတ်နံနံမှာပါဝင်တဲ့ Antioxidants ဓာတ်တွေက ဆဲလ်တွေပျက်စီးတာ၊ Free Radicals တွေ ဖယ်ရှားတာတွေကို လုပ်ဆောင်ပေးပါတယ်။

မကောင်းတဲ့ကိုလက်စထရောကို လျော့ချပေး

Image result for လက်စထရော

တရုတ်နံနံပင်မှာ Butylphthalide ဓာတ်ပါဝင်တဲ့ စိမ်းရွှင်ရွင်အနံ့လေးရနေတာဖြစ်ပါတယ်။ အဲ့ဒီဓာတ်က မကောင်းတဲ့ကိုလက်စထရောကို လျော့ချပေးပါတယ်။

ချီကာကိုတက္ကသိုလ်ရဲ့ သုတေသနအရ တစ်နေ့ကို တရုတ်နံနံပင် ၂ချောင်းစားရင် ကိုလက်စထရော အဆင့်ကို 7 points လောက်လျော့ချပေးနိုင်တယ်လို့ ပြောထားပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

Image result for အစာခြေစနစ်

ရေဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ရောင်ရမ်းတာကိုကျစေပြီး အစာအိမ်ကို ရောင်တာကို၊ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

Image result for နှလုံးရောဂါ
Antioxidants ဓာတ်တွေပါဝင်တာကြောင့် နှလုံးကို ကျန်းမာသန်စွမ်းစေပါတယ်။ တရုတ် နံနံပင်မှာပါဝင်တဲ့ Phytonutrients ဓာတ်တွေက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
source : "MyFood"

 

Read:ရုတ်တရက် လေဖြတ်ခံရသောလူနာ ဘာလုပ်ရမလဲ

ရုတ်တရက် လေဖြတ်ခံရသောလူနာ ဘာလုပ်ရမလဲ

Read times Last modified on Thursday, 24 May 2018 11:56
Rate this item
(0 votes)