What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Tuesday, 04 February 2020 15:51
အမြင်အာရုံက ပြောတဲ့ သင့်ရဲ့ ကျန်းမာရေး အကြောင်းများ
အစားအသောက်၊ သောက်နေရတဲ့ ဆေးတွေနဲ့ နေထိုင်မှုပုံစံ တွေကြောင့် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီနေ့မှာတော့ ဝမ်းချုပ်တာ ကြာလာရင် ဘာဖြစ်တတ်လည်း ဆိုတာတွေ လေ့လာရအောင်။ 
ဝမ်းချုပ်တာကြောင့် စိတ်ကသိကအောင့် ဖြစ်တာအပြင် ကျန်းမာရေး ဆိုင်ရာ ပြသနာ တွေလည်း ရှိပါတယ်။ ဘာတွေလည်း ဆိုတာတော့ ကြည့်ရအောင်။ လိပ်ခေါင်းဖြစ်ခြင်း ဝမ်းချုပ်တဲ့အတွက် သင့်အနေနဲ့ ပုံမှန်ထပ် ပိုပြီး အားစိုက်ပြီး ညှစ်ရ ပါတယ်။ 
ဒါကြောင့် စအိုနားမှာ ရှိတဲ့ သွေးပြန်ကြော တွေက ယောင်လာပြီး စအိုကလည်း ယောင်လာတတ်ပါတယ်။ ဒီလိုမျိုး ယောင်လာတဲ့ သွေးပြန်ကြောတွေကို လိပ်ခေါင်းဖြစ်တာလို့ ခေါ်ပါတယ်။ လိပ်ခေါင်း နှစ်မျိုး ရှိပါတယ်။
အတွင်းလိပ်ခေါင်း နဲ့ အပြင်လိပ်ခေါင်း ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အတွင်းလိပ် ကတော့ ယောင်နေတဲ့ သွေးပြန်ကြောတွေက စအိုအတွင်း ဘက်နံရံ မှာရှိနေလို့ပါ။ အတွင်းလိပ် ကတော့ ပုံမှန်အားဖြင့် ဖြစ်နေမှန်း မသိရပါ။
နာဗ်ကြောတွေ နည်းတဲ့ နေရာမှာ ဖြစ်တဲ့အတွက် နာကျင်တာကလည်း နည်းပါတယ်။ သွေးထွက်ခြင်းနဲ့ သာ သိနိုင်ပါတယ်။ အပြင်လိပ်ခေါင်း ကတော့ ယောင်နေတဲ့ သွေးပြန်ကြောတွေက စအိုရဲ့ အရေပြားအောက် နားက သွေးကြောတွေ ဖြစ်နေလို့ပါ။
ဒီနေရာကတော့ နာဗ်ကြောတွေ အရမ်းများတဲ့ အတွက် နာကျင်တာကို ပိုခံစား ရနိုင်ပါတယ်။ နာတာအပြင် သွေးတွေလည်း ထွက်ပါတယ်။ လိပ်ခေါင်း ရောဂါတော့ ယားတာ၊ နာတာတွေ အပြင် သွေးထွက်တွေပါ ဖြစ်တတ်ပါတယ်။
ဝမ်းတစ်ခါ သွားလိုက်တိုင်း သွေးတွေ အများကြီး ထွက်ကျလာတာ တွေဖြစ်တတ်ပါတယ်။ သွေးစလေးတွေကနေ သွေးတွေအများအပြား ထွက်တဲ့ အထိဖြစ်တတ်ပါတယ်။ သွေးခဲ တွေထွက် တာလည်း ဖြစ်တတ်ပါတယ်။
ဒီလိုမျိုး ကြာလာတဲ့ အခါမှာတော့ ပိုးဝင်တာအထိ ဖြစ်တတ်ပါတယ်။ လိပ်ခေါင်းတွေက ကြီးလာတဲ့ အခါမှာ အပြင်ကို ကျွံထွက်လာတတ်ပါတယ်။ စအိုမှာရှိတဲ့ အဆို့ှရှင် အပြင်ဘက်ကို ထွက်လာတဲ့ အခါမှာ ဝမ်းသွားတဲ့ အခါမှာ ပန်းရောင် အလုံးလိုမျိုး ထွက်လာတာကို ဖြစ်စေပါတယ်။
ဒေါက်တာဖြိုးကိုကို
(Zawgyi)
----------
ဒေါက်တာဖြိုးကိုကို
Read times Last modified on Tuesday, 11 February 2020 15:22
Rate this item
(0 votes)