What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 14 January 2020 16:03

ဆေးကုမ္ပဏီများထံက ဆရာဝန်များ၏ လာဘ်ယူခြင်းကို တားမြစ်သတိပေး

ဆေးကုမ္ပဏီ အနေနဲ့ မိမိတို့ ထုတ်လုပ်တဲ့ ဆေးဝါးတွေကို ကျယ်ကျယ်ပြန့်ပြန် အသုံးပြုဖို့ ဆရာဝန်တွေကို အဓိက ပစ်မှတ်ထားလေ့ရှိပါတယ်။ 

ဆေးကုမ္ပဏီအနေဖြင့် မိမိတို့ ဆေးဝါးတွေကို ဆရာဝန်တွေရဲ့ ထောက်ခံချက် ရရှိဖို့အတွက် နိုင်ငံခြားခရီးစဉ်များ စီစဉ်ပေးခြင်း ၊ တန်ဖိုးကြီးပစ္စည်းများပေးခြင်း ၊ အပျော်မယ်များဖြင့် စီစဉ်ပေးခြင်း စတာတွေ လုပ်ပေးလေ့ရှိပါတယ်။ ဒါတွေကို ဆက်မလုပ်ဖို့နဲ့ စည်းလေးထားဖို့ အတွက် ဝန်ကြီးချုပ် အနေဖြင့် သတိပေးလိုက်ပါတယ်။

 

၎င်းတို့ရဲ့ ဆေးဝါးတွေကို ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာဖို့အတွက် ဆရာဝန်တွေကို ဒီလိုကိစ္စရပ်တွေ ပြုလုပ်ခြင်းကို အစိုးရဆွေးနွေးပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အစိုးရအနေနဲ့ အခုလိုလုပ်နေတဲ့ အရာတွေကို သိထားပေးမယ့်လည်း ဒီလုပ်ရပ်တွေက ဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူး ၊ ဒါကြောင့် ယခုအခါမှာတော့ ဆရာဝန် အနေနဲ့ ဒီလုပ်ရပ်တွေကို မဖြစ်လာဖို့ စတင်ပြီး စစ်ဆေးနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

 

အစိုးရအနေဖြင့် ကျန်းမာရေး နှင့် ညီညွှတ်တဲ့ ဆေးဝါးတွေကို ယခုလို လာဘ်ထိုးလိုက်လို့ ဘာပြဿနာမှ မရှိပါဘူး ။ ကျန်းမာရေး နှင့် မညီညွှတ်တဲ့ ဆေးဝါးတွေကို ယခုလို လာဘ်ထိုးမှုများရယူပြီး အသိအမှတ်ပြုပေးလိုက်ပါက အများပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ကျန်းမာရေး ကဏ္ဍ ထိခိုက်လာပါက အခြားဖွံ့ဖြိုးရေးဖြစ်တဲ့ ဘဏ္ဍာရေး ၊ ပညာရေး အစရှိတဲ့ ကဏ္ဍ အသီးသီး၌ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ယခုလို ကိစ္စရပ်သည် အိန္ဒိယ နိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး လတ်တလော ဂယက်ထနေသော ကိစ္စကို အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က နယူးဒေလီမြို့ ၊ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံ သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://theprint.in/health/pm-modi-warns-pharma-companies-not-to-bribe-doctors-with-women-foreign-trips-and-gadgets/347805/?

 

Ref :theprint.in

Written By Aung Win (Health Products Directory)

{Zawgyi}

======

ေဆးကုမၸဏီမ်ားထံက ဆရာ၀န္မ်ား၏ လာဘ္ယူျခင္းကုိ တားျမစ္သတိေပး


ေဆးကုမၸဏီ အေနနဲ႔ မိမိတို႔ ထုတ္လုပ္တဲ့ ေဆးဝါးေတြကို က်ယ္က်ယ္ျပန႔္ျပန္ အသုံးျပဳဖို႔ ဆရာဝန္ေတြကို အဓိက ပစ္မွတ္ထားေလ့ရွိပါတယ္။ ေဆးကုမၸဏီအေနျဖင့္ မိမိတို႔ ေဆးဝါးေတြကို ဆရာဝန္ေတြရဲ႕ ေထာက္ခံခ်က္ ရရွိဖို႔အတြက္ ႏိုင္ငံျခားခရီးစဥ္မ်ား စီစဥ္ေပးျခင္း ၊ တန္ဖိုးႀကီးပစၥည္းမ်ားေပးျခင္း ၊ အေပ်ာ္မယ္မ်ားျဖင့္ စီစဥ္ေပးျခင္း စတာေတြ လုပ္ေပးေလ့ရွိပါတယ္။ ဒါေတြကို ဆက္မလုပ္ဖို႔နဲ႔ စည္းေလးထားဖို႔ အတြက္ ဝန္ႀကီးခ်ဳပ္ အေနျဖင့္ သတိေပးလိုက္ပါတယ္။

 

၎တို႔ရဲ႕ ေဆးဝါးေတြကို ေဈးကြက္ထဲမွာ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာဖို႔အတြက္ ဆရာဝန္ေတြကို ဒီလိုကိစၥရပ္ေတြ ျပဳလုပ္ျခင္းကို အစိုးရေဆြးေႏြးပြဲမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ အစိုးရအေနနဲ႔ အခုလိုလုပ္ေနတဲ့ အရာေတြကို သိထားေပးမယ့္လည္း ဒီလုပ္ရပ္ေတြက ဥပေဒနဲ႔လည္း ကိုက္ညီမႈ မရွိဘူး ၊ ဒါေၾကာင့္ ယခုအခါမွာေတာ့ ဆရာဝန္ အေနနဲ႔ ဒီလုပ္ရပ္ေတြကို မျဖစ္လာဖို႔ စတင္ၿပီး စစ္ေဆးေနပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

 

အစိုးရအေနျဖင့္ က်န္းမာေရး ႏွင့္ ညီၫႊတ္တဲ့ ေဆးဝါးေတြကို ယခုလို လာဘ္ထိုးလိုက္လို႔ ဘာျပႆနာမွ မရွိပါဘူး ။ က်န္းမာေရး ႏွင့္ မညီၫႊတ္တဲ့ ေဆးဝါးေတြကို ယခုလို လာဘ္ထိုးမႈမ်ားရယူၿပီး အသိအမွတ္ျပဳေပးလိုက္ပါက အမ်ားျပည္သူေတြရဲ႕ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ တိုင္းျပည္ရဲ႕ က်န္းမာေရး က႑ ထိခိုက္လာပါက အျခားဖြံ႕ၿဖိဳးေရးျဖစ္တဲ့ ဘ႑ာေရး ၊ ပညာေရး အစရွိတဲ့ က႑ အသီးသီး၌ ထိခိုက္မႈမ်ား ရွိလာႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

ယခုလို ကိစၥရပ္သည္ အိႏၵိယ ႏိုင္ငံတြင္ျဖစ္ပြားခဲ့ၿပီး လတ္တေလာ ဂယက္ထေနေသာ ကိစၥကို အိႏၵိယ ဝန္ႀကီးခ်ဳပ္ Narendra Modi က နယူးေဒလီၿမိဳ႕ ၊ အစည္းအေဝးတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။ သတင္းအျပည့္အစုံ သိရွိလိုပါက ေအာက္ပါလင့္တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

https://theprint.in/health/pm-modi-warns-pharma-companies-not-to-bribe-doctors-with-women-foreign-trips-and-gadgets/347805/?

 

Ref :theprint.in

Written By Aung Win (Health Products Directory)

Read times
Rate this item
(0 votes)