What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 November 2019 15:25

မနက္ေစာေစာ ဆီးခဏခဏသြားခ်င္တာ ျပႆနာရွိပါသလား

မနက္ေစာေစာက်ရင္ ကိုယ္ဝန္လည္းမရွိ၊ ေရလည္းနည္းနည္းပဲေသာက္မိေပမယ့္ ခဏခဏဆီးသြားခ်င္တာမ်ိဳး ႀကဳံရဖူးပါသလား။

ဒါမ်ိဳးက ျဖစ္ေလ့ျဖစ္ထရွိပါတယ္။

 

က်ား၊ မ မေ႐ြးဆိုပါေတာ့။ ဒါက ဒီလိုရွိပါတယ္။ ညဘက္ေတြမွာ ေက်ာက္ကပ္က ဆီးနည္းနည္းကိုသာ စစ္ထုတ္ေပးပါတယ္။ ၿပီးေတာ့ ဆီးအိမ္ဟာလည္း ေလ်ာ့ေနၿပီး ဆီးပမာဏအေျမာက္အျမားကို သိုေလွာင္ၿပီးသား ျဖစ္ေနတတ္ပါတယ္။

 

ဒါ့အျပင္ ေဗဆိုပရက္ဆင္ (Vasopressin) လို႔ေခၚတဲ့ ဟိုမုန္းက ဆဲလ္ေတြကို ေရဆြဲထားဖို႔ အားေပးေနပါေသးတယ္။ ဒီအခ်က္ေတြကို ထည့္စဥ္းစားၾကည့္ရင္ မနက္ခင္းမွာ ဆီးအိမ္ေဖာင္းတင္းေနမယ္ဆိုတာ သေဘာေပါက္ေလာက္ၿပီ ထင္ပါတယ္။

 

တကယ္လို႔ မနက္ခင္းမွာ ေကာ္ဖီတစ္ခြက္အရင္ဆုံးေသာက္မိခဲ့ရင္ ကက္ဖိန္းဓာတ္ဟာ ဆီး႐ႊင္တဲ့ဂုဏ္သတၱိရွိတယ္ ဆိုတာကိုလည္း မေမ့ပါနဲ႔ဦး။

 

ဆိုခဲ့တဲ့အတိုင္း သာမန္ခႏၶာကိုယ္ျဖစ္စဥ္ေတြအျပင္ ဆီးအသြားမ်ားရင္ ထည့္သြင္းစဥ္းစားဖို႔လိုတဲ့အခ်က္ကေတာ့ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (ဆီးပူ၊ ဆီးက်ဥ္ခံစားရႏိုင္) သို႔မဟုတ္ လိုတာထက္ပိုၿပီးတက္ႂကြလႈပ္ရွားေနတဲ့ ဆီးအိမ္မ်ား ျဖစ္ေနျခင္း၊ ဆီးခ်ိဳေရာဂါ (ေရမၾကာခဏငတ္ျခင္းႏွင့္ တြဲျဖစ္ေလ့ရွိ)၊ သားအိမ္အလုံး (ကင္ဆာမဟုတ္တဲ့အလုံးျဖစ္ၿပီး ဗိုက္ထဲမွာဖိေနသလိုခံစားရႏိုင္ သို႔မဟုတ္ ရာသီလာလွ်င္ ေသြးအဆင္းမ်ားႏိုင္) တို႔ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးေတြ သံသယရွိရင္လည္း ေဆးခန္းျပဖို႔ အေရးႀကီးပါတယ္။

 

ေဒါက္တာခ်စ္ေဆြ M.B., B.S (YGN)

{Unicode}

=======

 

မနက်စောစော ဆီးခဏခဏသွားချင်တာ ပြဿနာရှိပါသလား

မနက်စောစောကျရင် ကိုယ်ဝန်လည်းမရှိ၊ ရေလည်းနည်းနည်းပဲသောက်မိပေမယ့် ခဏခဏဆီးသွားချင်တာမျိုး ကြုံရဖူးပါသလား။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။

 

ကျား၊ မ မရွေးဆိုပါတော့။ ဒါက ဒီလိုရှိပါတယ်။ ညဘက်တွေမှာ ကျောက်ကပ်က ဆီးနည်းနည်းကိုသာ စစ်ထုတ်ပေးပါတယ်။ ပြီးတော့ ဆီးအိမ်ဟာလည်း လျော့နေပြီး ဆီးပမာဏအမြောက်အမြားကို သိုလှောင်ပြီးသား ဖြစ်နေတတ်ပါတယ်။

 

ဒါ့အပြင် ဗေဆိုပရက်ဆင် (Vasopressin) လို့ခေါ်တဲ့ ဟိုမုန်းက ဆဲလ်တွေကို ရေဆွဲထားဖို့ အားပေးနေပါသေးတယ်။ ဒီအချက်တွေကို ထည့်စဉ်းစားကြည့်ရင် မနက်ခင်းမှာ ဆီးအိမ်ဖောင်းတင်းနေမယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။

 

တကယ်လို့ မနက်ခင်းမှာ ကော်ဖီတစ်ခွက်အရင်ဆုံးသောက်မိခဲ့ရင် ကက်ဖိန်းဓာတ်ဟာ ဆီးရွှင်တဲ့ဂုဏ်သတ္တိရှိတယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦး။

 

ဆိုခဲ့တဲ့အတိုင်း သာမန်ခန္ဓာကိုယ်ဖြစ်စဉ်တွေအပြင် ဆီးအသွားများရင် ထည့်သွင်းစဉ်းစားဖို့လိုတဲ့အချက်ကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (ဆီးပူ၊ ဆီးကျဉ်ခံစားရနိုင်) သို့မဟုတ် လိုတာထက်ပိုပြီးတက်ကြွလှုပ်ရှားနေတဲ့ ဆီးအိမ်များ ဖြစ်နေခြင်း၊ ဆီးချိုရောဂါ (ရေမကြာခဏငတ်ခြင်းနှင့် တွဲဖြစ်လေ့ရှိ)၊ သားအိမ်အလုံး (ကင်ဆာမဟုတ်တဲ့အလုံးဖြစ်ပြီး ဗိုက်ထဲမှာဖိနေသလိုခံစားရနိုင် သို့မဟုတ် ရာသီလာလျှင် သွေးအဆင်းများနိုင်) တို့ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးတွေ သံသယရှိရင်လည်း ဆေးခန်းပြဖို့ အရေးကြီးပါတယ်။

Read times
Rate this item
(0 votes)