What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 January 2019 17:40

ပင်ပန်းညောင်းညာနေတဲ့ ခြေထောက်လေးတွေအတွက် အကောင်းဆုံးလေ့ကျင့်ခန်း(၄)မျိုး

နေ့တိုင်း အချိန်ကြာကြာ မတ်တပ်ရပ်တဲ့သူတွေ၊လမ်းများများလျှောက်တတ်တဲ့သူတွေဟာ ငယ်တုန်းမှာမသိသာပေမယ့် အသက်ရလာတဲ့အခါမှာ ဒူးနာရောဂါကိုခံစားရနိုင်ပြီး န့စဉ်ခြေထောက်ကြွက်သားတွေ နာကျင်တာကိုလည်းခံစားရတတ်ပါတယ်။

ဒါကြောင့် ညဘက်အိပ်ရာမ၀င်ခင်မှာ ခြေထောက်ကြွက်သားတင်းကျပ်နေတာတွေကို ဖြေလျော့ပေးမယ့် အကြောလျှော့လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးတွေက တစ်နေကုန်ညောင်းညာနေတာတွေကိုပြေပျောက်စေရုံမကဘဲ ခြေထောက်သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောပိတ်ခြင်း၊သွေးခဲခြင်းတို့မဖြစ်အောင် တားဆီးပေးနိုင်တာကြောင့် ညတိုင်းအိပ်ရာမ၀င်ခင်လုပ်ပေးသင့်ပါတယ်နော်။

 

(၁) ခြေဖျားထောက်ရပ်ခြင်း

နောက်မှီပါတဲ့ထိုင်ခုံတစ်လုံးရဲ့အနောက်မှာ ရပ်ပါ။ လက်နှစ်ဖက်က ထိုင်ခုံနောက်မှီကို ကိုင်ထားပြီး ခြေထောက်တစ်ဖက်ကိုအနောက်ဘက်ကိုကွေးလိုက်ပြီး နောက်တစ်ဖက်က ခြေဖျားထောက်လိုက်ပါ။ ခြေဖျားထောက်အနေအထားမှာ ၁၀ စက္ကန့်လောက်နေပေးပါ။ ခြေထောက်နှစ်ဖက်ကို တလှည့်စီ ၁၅ ခေါက်လုပ်ပေးပါ။

 

(၂) ခြေဖျားထောက်လမ်းလျှောက်ခြင်း

ခြေထောက်နှစ်ဖက်လုံး ခြေဖျားထောက်ပြီး ၁၀မိနစ် ဒါမှမဟုတ် ၁၅မိနစ်လောက်လမ်းလျှောက်ပေးမယ်ဆိုရင် ခြေထောက်ကြွက်သားတွေတင်မကဘဲ အဆစ်တွေကိုပါကျန်းမာသန်စွမ်းစေပါတယ်။

 

(၃) ခြေဖ၀ါးကိုလှည့်ခြင်း

ဒီလေ့ကျင့်ခန်းကို မတ်တပ်ရပ်ပြီးလုပ်နိုင်သလို ထိုင်ခုံမှာထိုင်ပြီးတော့လည်း လုပ်နိုင်ပါတယ်။ ခြေထောက်တစ်ဖက်ကို ကြမ်းပေါ်ကနေ ၂ လက်မလောက်မတင်ပြီး ခြေကျင်းဝတ်နေရာကနေ clockwise, anticlockwise ၁၀ခေါက်စီလှည့်ပေးပါ။ အဲ့ဒီလိုလှည့်တဲ့အခါ ခြေထောက်နဲ့စက်ဝိုင်းပုံဆွဲသလိုသဘောထားပြီး လှည့်ပေးရမှာပါ။

 

(၄) ရာဘာကြိုးဆွဲခြင်း

ရာဘာပြား ဒါမှမဟုတ် ဆွဲဆန့်နိုင်တဲ့ကြိုးတစ်ခုခုကို တိုင်မှာဖြစ်ဖြစ်ချည်လိုက်ပါ။ ထိုင်ရက်အနေအထားနဲ့ ခုနကရာဘာကြိုးကို ခြေဖျားထိပ်လေးနဲ့ချိတ်ပြီး ဆွဲပေးရမှာပါ။ ခြေထောက်တစ်ဖက်ကို ၁၅ ကြိမ်လောက်လုပ်ပေးပါ။

Source:auntymay

 

Read: ရင်တုန်ခြင်း ( Palpitations )

ရင်တုန်ခြင်း ( Palpitations )

Read times Last modified on Wednesday, 27 February 2019 14:52
Rate this item
(1 Vote)