What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 May 2017 11:23

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အပြုအမူ (၃) ရပ်

ကိုယ်ဝန်ဆောင်ချိန် ရှောင်သင့်သော အပြုအမူ (၃) ရပ် Google.com

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတစ်ဦးရဲ့ ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဒီအချိန်မှာ မိခင်ရော သန္ဓေသားပါ ကျန်းမာစေဖို့အတွက် အောက်ပါ အပြုအမူသုံးရပ်ကို ရှောင်သင့်ပါတယ်။

၁. ကွန်ပျူတာရှေ့တွင် နှစ်နာရီကျော် ကြာထိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်နှစ်နာရီကျော်ကြာတဲ့အထိ ကွန်ပျူတာရှေ့မှာ မထိုင်သင့်ပါဘူး။

ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်တာကြောင့် ခါးနာတာ၊ ခြေထောက်ရောင်တာတို့ ဖြစ်စေနိုင်တဲ့အပြင် တင်ပဆုံတွင်း ဆီကို သွေးလှည့်ပတ်စီးဆင်းမှု ဟန့်တားစေတာကြောင့် သန္ဓေသားဆီကို အာဟာရဓာတ်ရောက်ရှိမှု လျော့နည်းစေပါတယ်။

ကွန်ပျူတာရှေ့မှာ ထိုင်တဲ့ကြာချိန် နှစ်နာရီကြာတိုင်း မတ်တတ်ရပ်ကာ လမ်းလျှောက်ပေး သင့်ပါတယ်။

၂. နေပူဆာလှုံခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ထိလွယ်ခိုက်လွယ်ရှိတတ်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကနေ ရောင်ခြယ်ပစ္စည်းထွက်ရှိမှု မြင့်မားစေပါတယ်။

ထို့ကြောင့် နေပူဆာ မလှုံ သင့်ပါ။ ဒါမှမဟုတ် ခရမ်းလွန်ရောင်ခြည် အဆင့်မြင့်မားတဲ့အချိန် အပြင်မထွက်သင့်ပါ။

၃. ဆရာဝန်ညွှန်ကြားချက်မရှိဘဲ အကိုက်အခဲပျောက်ဆေး သောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ ဘာဆေးကိုမှ မသောက်သင့်ပါဘူး။

ခေါင်းကိုက်နေရင် သွေးတိုးသလား၊ တုပ်ကွေးဖျားသလား စတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေ ဖို့လိုတာကြောင့် ဆရာ ဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားမှ ဆေးသောက်ပါ။

Source: fresh life style

Read times
Rate this item
(1 Vote)