What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 June 2022 15:41

'လူတွေသေတော့မယ်' - ဆေးဝါးပြတ်လတ်မှု ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံသည် ထောက်ပံ့ရေးပစ္စည်းတွေ တင်သွင့်ဖို့မတက်နိုင်တော့တဲ့အတွက် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

သီရိလင်္ကာနိုင်ငံမှာ နေထိုင် Chandrapala Weerasuriya ဆိုတဲ့ အငြိမ်းစား စီးပွားရေးလုပ်ငန်းရှင်ဟာ သူ့ရဲ့မျိုးရိုးလိုက် အာရုံကြောရောဂါကို ကာကွယ်ဖို့ ဆေးကို အမြဲတစေ မှီဝဲနေရသူ ဖြစ်နေပါတယ်။

ဒါပေမယ့် မကြာသေးခင်ကမှ သူ့ရဲ့ဆေးက ကုန်သွားတဲ့အတွက် နောက်ထပ် ပေးဝယ်မှု မရတော့ဘူး။ ဒီဆေးကို သီရိလင်္ကာတွင် မရနိုင်တော့ပါဘူး။ “ငါတို့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူမရှိလို့ လေဖြတ်သွားမှာကို ငါကြောက်တယ်” လို့ ညည်းညူစွာပြောခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း သီရိလင်္ကာနိုင်ငံ၏ဘဏ္ဍာရေးအကျပ်အတည်းက အဆိုးရွားဆုံးနဲ့ အလျင်အမြန် စိုးရိမ်ဖို့ကောင်းလာပြီ ကျန်းမာရေးကဏ္ဍမှာလည်း အကျပ်အတည်းတစ်ခု ဖြစ်လာနေပါတယ်။

အစိုးရ၏ ဘဏ္ဍာငွေများက စံချိန်တင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ အပတ်က နိုင်ငံရဲ့ နိုင်ငံတကာ ချေးငွေတွေကို သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပျက်ကွက်ခဲ့ရပါတယ်။

သီရိလင်္ကာသည် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှု ၈၀ ရာခိုင်နှုန်းကျော်ကို တင်သွင်းလေ့ရှိပြီး လက်ရှိမှာတော့ အရေးကြီးတဲ့ နိုင်ငံခြားဝင်ငွေမရှိတဲ့အတွက် အစားအသောက်၊ လောင်စာဆီနှင့် ဆေးဝါးများကို တင်သွင်းနိုင်ခြင်းမရှိပေ။

နှလုံးရောဂါ နှင့် လေဖြတ်ဝေဒနာရှင်များအတွက် သွေးကျဆေးများမရှိမဖြစ်လိုအပ်သော ဆေးဝါ ၇၆ မျိုး၊ ပဋိဇီဝဆေးများ၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများနှင့် ကင်ဆာဓာတုကုထုံးများအထိ ဆေးဝါးပစ္စည်း ၂၀၀ နီးပါး ပြတ်လပ်လျက်ရှိနေပါတယ်။

မရှိမဖြစ်လိုအပ်သော ခွဲစိတ်ခန်းသုံးကိရိယာများ နဲ့ မေ့ဆေးတွေက လျင်မြန်စွာ ကုန်ဆုံးနေပြီဖြစ်တာကြောင့် အရေးပေါ်ခွဲစိတ်မှုများဖြစ်တဲ့ နှလုံးနှင့် ကင်ဆာလူနာအများစုအတွက်သာ လုပ်ဆောင်ရန် ယခုသီတင်းပတ်တွင် ဆုံးဖြတ်ခဲ့ပါတယ်။

အချို့သော လူနာမိသားစုများက ဆေးရုံမှာ ဆေးဝါးပျက်လျက်မှု သိရှိလာကြပြီ ပြင်ပမှဆေးတွေက ဝယ်ဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့် ဆေးဝါးရလာပြီ ဆေးရုံကို ပြန်လာတဲ့အခါမှာ နောက်ကျသွားပါပြီ လူနာက သေဆုံးသွားပါပြီး ဆိုတဲ့ အဖြစ်အပျက်မျိုးကို ကြုံခဲ့ရတယ် လူနာမိသားစုက ဆိုပါတယ်။

"ချို့တဲ့မှုတွေ ပိုဆိုးလာတယ်တာနဲ့အမျှ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ခွဲစိတ်ကုသဖို့ မကြာခင်မှာ ဆေးဝါးအလုံအလောက်မရှိမှာကို စိတ်ပူမိပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်ဆာဆရာဝန်များသည် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးလှူဒါန်းမှုများအပြင် ၎င်းတို့၏လူနာများကို ကုသပေးရန် နှစ်ဖက်စလုံးမှ ဖိအားများကို ခံစားနေကြရပါတယ်။

ကျွန်တော်တို့ ဒီပုံစံအတိုင်း ဘယ်လောက်ကြာကြာ ဆက်သွားနေနိုင်မယ်ဆိုတာ မသိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။ နောက်ဆုံးတော့ လူတွေ သေရတော့မှာ သေချာတယ်လို့ ကိုလံဘိုမြို့မှ ဆရာတစ်ဦးက မီဒီယာကို ပြောခဲ့ပါတယ်။​

Myanmar Health Products Guide

Ref:The Guardian

Read times
Rate this item
(1 Vote)