What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 November 2018 16:13

ကြက်ဥ-လက်ဖက်ရွက်ပြုတ် ကင်ဆာရောဂါ ဖြစ်စေနိုင်ဟု ဆို

လူတော်တော်များများဟာ ယခုအခါ ကြက်ဥလက်ဖက်ပြုတ်ကို သားရေစာဖြစ် စားလာကြပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို ကြက်ဥလက်ဖက်ပြုတ်ဟာလည်း အာဟာရဖြစ်စေနိုင်ပေမယ့် အလွန်အကျွံစားရင် ကင်ဆာဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးသုတေသနပညာရှင်တွေက သတိပေးခဲ့ပါတယ်။

(၁) ကြက်ဥလက်ဖက်ပြုတ်ဟာအစာချေဖျက်မှုစနစ်ကို အနှောက်အယှက်ပေးပါတယ်

ကြက်ဥလက်ဖက်ပြုတ်မှာအမိုင်နိုအက်ဆစ်၊ပရိုတင်း၊လက်စီတင်းတို့ပါဝင်သည့်အတွက်အဟာရပါဝင်မှုမြင့်မားတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ထို့အပြင်လက်ဖက်၏အာနိသင်ကြောင့်စိတ်ရွင်လန်းစေခြင်း၊လေဖြတ်ခြင်း၊သွားရောဂါများနှင့်အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်သော်လည်း အစာချေဖြတ်မှုအာရုံခံစနစ်ကို အနှောက်အယှက်ပေးပါတယ်။

၂။ အချိန်ကြာအပူပေးထားသောကြောင့် သတ္တုအဆိပ်သင့်နိုင်

အချိန်အကြာကြီးအပူပေးထားသည့်ကြက်ဥလက်ဖက်ပြုတ်မှာ ပွက်ပွက်ဆူနေသည့်ရေနှင့်သတ္တုအိုးများမှ နိုက်ထရိုတ်ဓာတ်ကိုဖြစ်ပေါ်စေနိုင်သောကြောင့် သတ္တုအဆိပ်သင့်စေနိုင်ကာ အာရုံကြော ၊ အစာချေစနစ် ၊ သွေးထုတ်လုပ်မှုစနစ် နှင့် ဆီးလမ်းကြောင်းစနစ်များကို များစွာအနှောင့်အယှက်ပေးပါသည်။ သွေးအားလည်းနည်းစေနိုင်သည်ဟု ဆိုသည်။

၃။ ကင်ဆာကိုဖြစ်စေနိုင်

ကြက်ဥလက်ဖက်ကိုပြုတ်ရာတွင်အချိန်ကြာမြင့်စွာပြုတ်ရသည့်အတွက်သတ္တုဓာတ်များနှင့်နိုက်ထရိုက်များဓာတ်ပြောင်းလဲခြင်းဖြစ်ကာ ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။

Source:myanmar.china

အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

အဆစ်ရောင်၊ ကင်ဆာ၊ သည်းခြေအိတ် ရောဂါတွေကို ကုသပေးမယ့် သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်

 

Read times
Rate this item
(1 Vote)