What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 November 2018 16:40

တနေ့ဆီး ဘယ်နှစ်ကြိမ်သွားသင့်လဲ

တစ်နေ့မှာ ဆီးဘယ်လောက်သွားသင့်လဲဆိုတာနဲ့ ပတ်သတ်ပြီး စာဖတ်သူတွေ သိချင်ကြမယ်ထင်ပါတယ်။

နာရီတိုင်း ဆီးသွားရတဲ့ ရက်တွေရှိသလို အခြားရက်တွေမှာဆိုရင် ကီးဘုတ်ရိုက်နေရလို့ အချိန်အကြာကြီးထိုင်နေရတဲ့အတွက် နာရီတော်တော်ကြာမှာ ဆီးသွားတဲ့အခါလဲရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ကျန်းမာရေးအကုန်လုံးကို သတ်မှတ်တဲ့နေရာမှာ ဆီးဘယ်နှစ်ကြိမ်သွားလဲဆိုတာက အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် ဆီးဘယ်နှစ်ကြိမ်သွားသင့်လဲ?

ဆီးသွားတဲ့အကြိမ်အရေအတွက်က တစ်ယောက်နဲ့တစ်ယောက်ကွဲပြားကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူတစ်ယောက်က တစ်နေ့ကို ၄-၁၀ကြိမ်ဝန်းကျင်လောက် ဆီးသွားကြပါတယ်။ အကြိမ်အရေအတွက်ကို သက်ရောက်စေတဲ့ကဏ္ဍများစွာရှိတဲ့အတွက် ပျှမ်းမျှကတော့ တစ်နေ့မှာ ၆-၈ကြိမ်ဖြစ်ပါတယ်။ အကြောင်းအရင်းတွေထဲကတစ်ချို့ကတော့

၁ အသက်အရွယ်

၂ ရေသောက်နှုန်းပမာဏ

၃ ဆီးအိမ်အရွယ်အစား

၎ အရက်နဲ့ကဖင်းဓာတ်သောက်သုံးမှု

၅ ဆေးဘက်ဆိုင်ရာအခြေအနေများ

၆ ဆေးဝါး

ဒါကြောင့် သင်ဟာ ကော်ဖီသောက်သုံးမှုများမယ်ဆိုရင် ဆီးသွားတဲ့နှုန်းကလဲ မြင့်တတ်သွားနေပါတယ်။ ကဖင်းဓာတ်က ဆီးရွှင်စေတဲ့အတွက် ခဏခဏဆီးသွားစေပါတယ်။ အလားတူစွာပဲ ဆီးအိမ်သေးရင်လဲ ပိုပြီးဆီးသွားရပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းအပါအဝင် တစ်ချို့ဆေးဘက်ဆိုင်ရာအခြေအနေတွေက ဆီးသွားနှုန်းကို သက်ရောက်နိုင်ပါတယ်။

သင့်ဆီးသွားနှုန်းက ပုံမှန်ဖြစ်လားမဖြစ်ဘူးလာဆိုတာမသေချာရင် ဆီးထည့်ဘူးလေးကိုဆောင်ထားသင့်ပြီး ဆရာဝန်က ဘာဖြစ်လဲဆိုတာ ဆုံးဖြတ်ဖို့အတွက် အတော်လေးအသုံးဝင်ပါတယ်။

ဘယ်အချိန်မှာ စိုးရိမ်ရမလဲ

သင်ဟာ နာရီတိုင်း သန့်စင်ခန်းကို အလောတကြီးသွားနေရပြီး ဆီးနည်းနည်းသာသွားနေရရင် ဆရာဝန်သိသင့်ပါပြီ။ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုရင် ရောဂါပိုးမွှားတွေရှိနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

ဆီးသွားတဲ့အချိန်ဇယားမှာ ပြင်းထန်တဲ့ပြောင်းလဲမှုတစ်ချို့ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်ဖို့အကြံပြုလိုက်ရပါတယ်။

Source:mingalarbarmorning

Read: အောက်သွေးတိုးစေတဲ့ အစားအစာများ

အောက်သွေးတိုးစေတဲ့ အစားအစာများ

Read times Last modified on Tuesday, 06 November 2018 16:44
Rate this item
(1 Vote)